မရေရာမသေချာတဲ့ကာလမှာ ရေရာသေချာမှုနမူနာ
ကျွန်တော်တို့အထဲမှာ လောင်ကျွမ်းဖို့ မီးစတစ်ခုစီ ရှိကြပါတယ်။ ထိုမီးတောက်ကို အဆက်မပြတ် ထိန်းထားနိုင်ပါက ကြီးလာပြီး မိမိပတ်ဝန်းကျင်က တခြားသူတွေပါ ကူးစက်နိုင်စေသည်။ ဒီမီးဟာ မိမိရဲ့ မရေရာသေချာမှုတွေထက် ပိုမိုသန်မာတယ်။ ယခု၊ မိတ်ဆွေကို ဝန်းရံထားတဲ့ မကောင်းတဲ့ စိတ်ခံစားချက်တွေကို ကျော်လွှားနိုင်ဖို့ စွမ်းအား ရှိပါတယ်။
ထိုမီးတောက်၊ ထိုစိတ်ပြင်းပြမှု၊ ထိုအတွင်းစိတ်တွေက ဘုရားကိုယ်တိုင် မိမိအထဲမှာ ထည့်ပေးထားတာ ဖြစ်တယ်။ ဘာပဲဖြစ်နေပါစေ၊ စိတ်အားထက်သန်မှုကို လုပ်ဖို့ မိတ်ဆွေမွေးဖွားလာတာ ဖြစ်တယ်။ မိမိပြိုင်ဘက်တွေရဲ့ အထက်မှာရှိဖို့နဲ့ ခံနိုင်ရည်ရှိဖို့ အတွင်းစိတ်ခွန်အား ဖြစ်ပါတယ်။
မနက်ဖြန်မှာ ဘာဖြစ်ဦးမလဲဆိုတာ မသေချာပေမဲ့ ဒီနေ့ လုပ်စရာတွေကို ပြီးအောင်လုပ်မယ်ဆိုတာ ကျွန်တော် သေချာပါတယ်။
ကျွန်တော့် ရည်မှန်းချက်တွေဆီ ဘယ်လိုသွားရမလဲဆိုတာ မသေချာပေမဲ့ ကျွန်တော့် ရည်မှန်းချက်တွေကိုတော့ သေချာသိပါတယ်။
ကျွန်တော် ဘယ်လိုအောင်မြင်မလဲဆိုတာ မသေချာပေမဲ့ ကျွန်တော် အောင်မြင်မယ်ဆိုတာ သေချာသိပါတယ်။
ကျွန်တော် သေချာပါတယ်။
ကျွန်တော် စိတ်ပိုင်းဖြတ်ထားပြီးပါပြီ။
ကျွန်တော့် အိပ်မက်တွေ အကောင်အထည်ဖော်လာတာ မြင်စေဖို့အတွက် ဘုရားက လိုအပ်တဲ့ အရာများကို ကျွန်တော့်ကို ထောက်ပံ့ပေးထားပြီ ဖြစ်တယ်။ ကျွန်တော့်ကို ဖန်ဆင်းတည်းက သူစောင့်ကြည့်နေခဲ့တာ ဖြစ်ပြီး အချိန်တိုင်း သူအောင်မြင်လွှမ်းမိုးမှာ ဖြစ်တယ်။
ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ ကျွန်တော် သေချာ မသိပါ။ ဒါပေမဲ့၊ ကျွန်တော် သေချာပါတယ်။ ဘယ်အချိန်မှာ ကျွန်တော် သတ်မှတ်ထားတဲ့ ပန်းတိုင်တွေ အောင်မြင်မလဲဆိုတာ သေချာမသိပေမဲ့ အောင်မြင်လာမယ်ဆိုတာ ကျွန်တော် သိပါတယ်။
ကျွန်တော် သေချာပါတယ်။
မိမိကြုံတွေ့နေရတာ မှန်သမျှ ဘုရားအတွက် ဘာမှမဟုတ်ပါ။ မသေချာမှုတွေ၊ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်မှုတွေ၊ ကြောက်ရွံ့မှုတွေ၊ ဒဏ်ရာတွေ မှန်သမျှ ယေရှုခရစ်တော်အားဖြင့် သေချာစေတယ်။
မရေရာမသေချာတဲ့ အချိန်ကာလမှာ မကြောက်ပါနဲ့။ သေချာမှုရှိပါစေ။
ဆရာဒေးဗစ်ဗီလာနဲ့ ချိန်ဆက်ရန် ဒီမှာ နှိပ်ပါ။
ဆရာဒေးဗစ်ဗီလာရဲ့ ပေါ့တ်ကာစ်ကို စာရင်းသွင်းရန် ဒီမှာ နှိပ်ပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
မသေချာမှုတွေအလယ်မှာ ဘုရားကတော့ တိကျသေချာမှု ရှိပါတယ်။ ဆရာဒေးဗစ်ဗစ်လာ (David Villa) လို မသေချာ မရေရာမှုနဲ့ အဆိုးမြင်၊ အပျက်သဘောကို ကျော်ပြီး ဒီထက်ပိုကောင်းတဲ့အရာကို ရောက်ရှိနိုင်စေရန် သူ့နောက်ဆုံးနည်းတွေနဲ့အတူ ဒီအစီစဉ်မှာ ပါဝင်လိုက်ပါ။
More