မရေရာမသေချာတဲ့ကာလမှာ ရေရာသေချာမှုနမူနာ
ကမ္ဘာပေါ်က လူတွေအားလုံးက နေ့တိုင်း သူတို့ရဲ့ တီဗွီကို ဖွင့်ပြီး သတင်း ကြည့်ရှုနားထောင်ကြတယ်။
ချယ်နယ်တိုင်းမှာ ကမ္ဘာတဝှမ်းဖြစ်ပျက်နေသော အရာများကို တင်ဆက်ပြသနေကြတယ်။
အင်တာနက်ပေါ်မှာ မကောင်းတယ့်အရာတွေ ပျံ့နှံ့နေတယ်။
မဂ္ဂဇင်းနှင့် သတင်းစာတွေက အရင်ချိန်ကလောက် လူကြိုက်မများတော့ပေမဲ့ ပေါများစွာရှိနေသေးကြောင်း တွေ့ရတယ်။
ကြောက်ရွံ့မှုနဲ့ မကောင်းမှုတွေလဲ များပြားစွာရှိကြောင်း တွေ့နေရဆဲပါ။
ရှောင်လွှဲလို့ မရနိုင်ပါ။ (၂၄) နာရီလုံးလုံး ကျွန်တော့်တို့ မျက်နှာရှေ့ရောက်နေတာ ဖြစ်တယ်။ မကောင်းတဲ့ စိတ်နေသဘောထားက ရောဂါတစ်မျိုး ဖြစ်တယ်။
ဒါပေမဲ့၊ ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ။
ကျွန်တော်တို့ အသံပိုချဲ့မယ်။
လင့်ကို ကျွန်တော်တို့ နှိပ်ကြမယ်။
စာမျက်နှာ နောက်တရွက်လှန်ကြမယ်။
ဒီမကောင်းတဲ့အရာတွေကို ကျွန်တော်တို့ စိတ်ထဲကို စိမ့်ဝင်ဖို့ ခွင့်ပြုလိုက်မယ်။ စတော့စျေးကွက် ဘာတွေလုပ်နေပါစေ၊ ရောဂါအသစ်တခု ပျံ့နှံ့နေပါစေ၊ စစ်ပွဲတွေဖြစ်နေပါစေ ကျွန်တော်တို့ စိုးရိမ်ပူပန်ကြတယ်။
ကျွန်တော်တို့ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ ဒီသတင်းအချက်အလက်ကြောင့် ကျွန်တော်တို့စိတ်ထဲ ဘာဖြစ်ပေါ်နေလဲ။
ကျွန်တော်တို့ ကြောက်ရွံ့တုန်လှုပ်ကြတယ်။
ဒီသင်္ခါရလောကမှာ အမှောင်တရားပြည့်နှက်နေတာက လျှို့ဝှက်ချက် မဟုတ်ပါ။ ထိုအမှောင်တရားအောက်မှာ နားထောင်ဖို့ စိတ်ဆန္ဒရှိသူများကို ဆွဲခေါ်သွားဖို့ အဆင့်သင့်ပါ။
ဒါပေမဲ့ အလင်းအများကြီး ရှိပါသေးတယ်။
ကျွန်တော့်အမှောင်မိုက်ဆုံး အချိန်များမှာ အလင်းပေးနိုင်ခဲ့တာ ဘုရားရဲ့ နှုတ်ကပတ်တော်မြတ် ဖြစ်တယ်။ ဒါကြောင့်၊ ဘယ်လိုအခြေအနေမှာ ရောက်နေပါစေ၊ သမ္မာကျမ်းစာက မိမိလျှောက်ရမယ့် ခြေလှမ်းတွေကို ပြသပေးမှာ ဖြစ်တယ်။ ငွေရေးကြေးရေးပြဿနာတွေ၊ မိမိအိမ်ထောင်ရေးနဲ့ ဆက်ဆံရေးပြဿနာတွေ၊ အလုပ်ပြဿနာတွေ၊ ကျောင်းပြဿနာတွေ၊ ကမ္ဘာလုံးဆိုင်ရာပြဿနာတွေက ဘုရားနဲ့ ထာဝရကို နှိုင်းယှဥ်ရင် သေးသိမ်သွားတယ်။ သမ္မာကျမ်းက မိမိရဲ့ မကုန်ခမ်းနိုင်တဲ့ မီးအိမ် ဖြစ်တယ်။
အမှောင်မိုက်ဆုံး အခန်းထဲမှာတောင် မီးအိမ်ဖွင့်လိုက်သောအခါ၊ အလင်းက အမှောင်ထုကို လွှမ်းမိုးသွားတယ်။ မရေရာ မသေချာမှုတွေမှာ၊ အခက်အခဲတွေထဲမှာ၊ ပြဿနာများကြားမှာ ဘုရားရဲ့ အလင်းဟာ ကျွန်တော်တို့အပေါ် လွှမ်းခြုံနေပါတယ်။ ထိုထက် ကြီးမြတ်သော အရာမရှိပါ။ ထိုထက် လင်းတဲ့အရာတွေ မရှိပါ။
အမှောင်ထုကြားမှာ အလင်းဆီသို့ ချဥ်းကပ်ရန် ကျွန်တော်ရွေးချယ်တတ်ပါတယ်။ ကျွန်တော့်ဝိညာဥ်အပေါ် လင်းစေပြီး ပိုကောင်းတဲ့ နေ့ရက်တွေကို လမ်းပြရန် ခွင့်ပြုပါတယ်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
မသေချာမှုတွေအလယ်မှာ ဘုရားကတော့ တိကျသေချာမှု ရှိပါတယ်။ ဆရာဒေးဗစ်ဗစ်လာ (David Villa) လို မသေချာ မရေရာမှုနဲ့ အဆိုးမြင်၊ အပျက်သဘောကို ကျော်ပြီး ဒီထက်ပိုကောင်းတဲ့အရာကို ရောက်ရှိနိုင်စေရန် သူ့နောက်ဆုံးနည်းတွေနဲ့အတူ ဒီအစီစဉ်မှာ ပါဝင်လိုက်ပါ။
More