မရေရာမသေချာတဲ့ကာလမှာ ရေရာသေချာမှုနမူနာ
ဒီဂျစ်တယ်ခေတ်မှာ သတင်းအချက်အလက်ဟာ ကျွန်တော်တို့ ထင်ထားတာထက် မြန်ဆန်စွာ ရရှိပါတယ်။
ဂူဂလ်မှာ မိမိကြိုက်ရာ ရှာဖွေနိုင်ပြီး သတင်းတွေကို အပတ်ပေါင်းများစွာ ဖတ်ရှုနိုင်ပါတယ်။ မော့စ်ကို ခလုတ်တချက် နှိပ်ရုံဖြင့် (သို့) မိမိလက်ချောင်းနဲ့ ထိရုံဖြင့် မိမိသိချင်တဲ့ အကြောင်းအရာများကို လေ့လာသင်ယူနိုင်ပါတယ်။ ကျွန်တော်တို့ အသက်ရှင်နေချိန် ကာလမှာ ဒီအရာဟာ အပြုသဘောဆောင်သော်လည်း အမြဲတမ်းလည်း မဟုတ်ပါ။ သတင်းအချက်အလက်များ များပြားစွာ ရောက်လာချိန်မှာ သတင်းအမှားတွေပါ ရောပါလာပါတယ်။ သတင်းတွေဟာ တုန်လှုပ်ဖွယ်ကောင်းလွန်းတဲ့ကြောင့် ဘယ်ဟာ မှန်လဲ၊ မမှန်လဲဆိုတာ ကျွန်တော်တို့ ပြောရခက်ပါတယ်။
သတင်းထောက်သမားများနဲ့ သတင်းပေးဌာနများက အချက်အလက်နှင့် ထင်မြင်ယူဆချက် ကြားမှာရှိတဲ့ မျဥ်းကြောင်းကို ဝေဝါးစေခဲ့ပြီး ကျွန်တော်တို့နဲ့ မိတ်ဆွေလို အမှန်တရားကို မရှာဖွေပါ။
သူတို့က လူကြိုက်များမှုကိုပဲ ရှာဖွေနေတာ ဖြစ်တယ်။
လူတွေကြောက်ရွံ့လာတဲ့အခါ သတင်းတွေကို သူတို့ဖွင့်ပါလိမ့်မယ်။ သူတို့ကြောက်နေတဲ့ အရာအပေါ် စိတ်ချမ်းသာရာရချင် (သို့) သတင်းသိချင်လို့ ဖြစ်တယ်။ ဒါပေမဲ့၊ ကျွန်တော်တို့က လူတွေရဲ့ စကားကို အချက်အလက်အနေနဲ့ ယူကြတယ်။ မှန်တယ်လို့ ထင်တယ့် အရာများကို ကျွန်တော်တို့ ဖတ်ရှုပြီး နားထောင်တယ်။ ထိုသတင်းအမှားတွေ ဘယ်ကလာသလဲဆိုတာ စစ်ဆေးဖို့ ကျွန်တော်တို့ မစဥ်းစားခဲ့ကြဘူး။
ကျွန်တော်တို့ အပြစ်များအတွက် အရှင်ယေရှုဘုရား အသေခံပေးခဲ့တာက ကျွန်တော်တို့သိသော တစ်ခုတည်းသော အမှန်တရားဖြစ်တယ်။ ကျွန်တော်တို့ သိရှိထားသော အမှန်တရားက ခိုင်မာတယ်၊ သေချာစစ်ဆေးထားတယ်၊ အရင်းအမြစ်ခိုင်လုံနေရခြင်းမှာ ဘုရားက အစနဲ့အဆုံးမှာ ရှိနေလို့ ဖြစ်တယ်။ အဖွင့်နဲ့ အပိတ်မှာ ရှိတယ်။ ဘုရားက စာရေးဆရာနဲ့ တည်းဖြတ်သူ ဖြစ်ပြီး သူ့ စကားတော်သာလျှင် နောက်ဆုံး ဖြစ်တယ်။ တုန်လှုပ်ခြောက်ချားနေဖို့ မလိုပါ။ ဘုရားမဖော်ထုတ်ရသေးတဲ့ အမှန်တရား မရှိပါ။
မိတ်ဆွေက သတင်းတွေ ဖတ်နေတာရပ်ဖို့ ကျွန်တော်ဆိုလိုခြင်း မဟုတ်ပါ။ မိမိပတ်ဝန်းကျင်က လူတွေကို ယုံနေတာရပ်ဖို့ ပြောပြနေတာပါ။ ကျွန်တော်ပြောပြချင်တာက ဘာတွေပဲရေးထားပါစေ၊ ဘာသတင်းတွေဖြစ်နေပါစေ၊ ဘုရားက သိပြီးသား ဖြစ်ပါတယ်။ လူသားတွေရဲ့ လုပ်ရပ်ကြောင့် မိတ်ဆွေအတွက် ဘုရားသခင်ရဲ့ အကြံတော်မြတ်ကို မပြောင်းလဲသွားပါ။ ဘုရား အကြံအစည်တွေက မညိမ်းယိုင်သွားပါ၊ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အရာကြောင့် မပြောင်းလဲသွားပါ။
မရေရာတဲ့ အချိန်တွေမှာ ဘုရားက သေချာရေရာပါတယ်။ ကျွန်တော်တို့ အကြံအစည်တွေ ပြောင်းလဲကျရှုံးနေချိန်မှာ ဘုရား ကျွန်တော်တို့အတွက် ထားရှိထားတဲ့ အကြံတော်ဟာ ဖြစ်လာဦးမှာ ဖြစ်တယ်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
မသေချာမှုတွေအလယ်မှာ ဘုရားကတော့ တိကျသေချာမှု ရှိပါတယ်။ ဆရာဒေးဗစ်ဗစ်လာ (David Villa) လို မသေချာ မရေရာမှုနဲ့ အဆိုးမြင်၊ အပျက်သဘောကို ကျော်ပြီး ဒီထက်ပိုကောင်းတဲ့အရာကို ရောက်ရှိနိုင်စေရန် သူ့နောက်ဆုံးနည်းတွေနဲ့အတူ ဒီအစီစဉ်မှာ ပါဝင်လိုက်ပါ။
More