မရေရာမသေချာတဲ့ကာလမှာ ရေရာသေချာမှုနမူနာ
အရာအားလုံးဟာ ကျွန်တော်တို့ စီစဥ်ထားတဲ့အတိုင်း အမြဲမဖြစ်လာပေမဲ့ ဘုရားသခင်ရဲ့ အကြံတော်နောက် လိုက်ပါလာမှာဖြစ်တယ်။
ဘဝမှာ အဖုအထစ်တွေ မရှိဘဲ နေလို့ မရပါဘူး။ ရှုံးနိမ့်ခြင်းက ဒီအထစ်အငှော့တွေကြားမှာ မတွေ့နိုင်ပါ။ ကျွန်တော်တို့ သွားရာလမ်းကြောင်းမှာ ထိုအဖုအထစ်တွေကို ရပ်တန့်ခွင့်ပေးလိုက်မှသာရင် ရှုံးနိမ့်ခြင်းကို တွေ့ရမှာ ဖြစ်တယ်။ နှောင့်နှေးမှုတွေကြောင့် မိမိရည်ရွယ်ချက်ရှာဖွေနေခြင်းကို အရှုံးပေးရလောက်အောင် စိတ်ဓာတ်မကျပါစေနဲ့။ ကျွန်တော်တို့တွေ့ကြုံနေရတဲ့ အရာတွေကို ထိန်းချုပ်လို့ မရပါ။ ကျွန်တော်တို့ရဲ့ တုံ့ပြန်မှုကိုပဲ ထိန်းချုပ်လို့ ရတာဖြစ်တယ်။ ဘဝမှာ (၁၀) ရာခိုင်နှုန်းက မိမိကြုံတွေ့ရတာတွေဖြစ်ပြီး (၉၀) ရာခိုင်နှုန်းက ထိုအရာများကို ဘယ်လိုတုံ့ပြန်လဲဆိုတာဖြစ်ကြောင်း ဓမ္မဆရာကြီး ချားလ်စ်အာဆွင်ဒေါ (Charles R. Swindoll ) က ပြောကြားဖူးတယ်။
မိမိစိတ်နေသဘောထားက အစွမ်းအစ အရှိဆုံးဖြစ်တယ်။ အောင်မြင်နေတဲ့သူတွေက သူတို့မှာ အရည်အချင်းတွေ၊ ဆုကျေးဇူးတွေ ပိုရှိလို့ အောင်မြင်နေရခြင်း မဟုတ်ကြောင်း ကျွန်တော် ယုံကြည်တယ်။ ရှုံးနိမ့်နေတဲ့ အချိန်မှာတောင် အောင်မြင်ချင်တဲ့ စိတ်နေသဘောထားရှိနေသောကြောင့် အောင်မြင်သောသူတွေ ဖြစ်နေပါတယ်။
လမ်းခရီး ဘယ်လောက်ပဲ ကြမ်းတမ်းနေပါစေ၊ လမ်းခရီးစဥ်ကို ယုံကြည်ဖို့ လိုတယ်။ ဘုရားက မိတ်ဆွေအတွက် ရည်ရွယ်ထားပြီးပြီဖြစ်တဲ့ အကြံတော်ကို လုပ်ဆောင်နေပြီ ဖြစ်တယ်။ ကျွန်တော်တို့သွားမယ့် ပန်းတိုင်သို့ ဘုရားက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပေးရန်ဆွဲဆန့်ခြင်းကာလကို ဖြတ်ကျော်ရန် ကျွန်တော်တို့ကို ဘုရားက နေရာချထားတယ်။
မရေရာသောအချိန်မှာ၊ ရေရာသေချာမှုရှိနေခြင်းက မိမိပတ်ဝန်းကျင်က အခြေအနေတွေကို လျစ်လျူရှုလိုက်ဖို့ ဆိုလိုခြင်း မဟုတ်ပါ။ မိတ်ဆွေမှာ ကြောက်ရွံ့စိတ်မရှိဘူးလို့ ဆိုလိုခြင်း မဟုတ်ပါ။ ကျွန်တော်တို့က လူသားတွေ ဖြစ်ကြတယ်။ ကြောက်ရွံ့ခြင်းနဲ့ မကောင်းစိတ်တွေ ဝန်းရံနေရင် ခရစ်တော် နောက်လိုက်သူတွေ အနေနဲ့ ကျွန်တော်တို့ ယုံကြည်ခြင်းရှိဖို့ ရွေးချယ်ရမှာ ဖြစ်တယ်။ ကျွန်တော်တို့ စိတ်ထဲမှာ ကြောက်ရွံ့ခြင်းရှိနေတာတောင် ဘုရားက ကျွန်တော်တို့ကို ထောက်ပံ့မယ့်ဆိုတာ ကျွန်တော်တို့ သိနေခြင်းဖြစ်တယ်။
မရေရာမသေချာတဲ့ အချိန်ကာလမှာ သမ္မာကျမ်းစာက ရေရာသေချာပါတယ်။
ဘုရားသခင်က သေချာတယ်။
အရှင်ယေရှုဘုရားက ဆုံးဖြတ်ထားပြီ။
ကျွန်တော်တို့က အကန့်အသတ်ရှိတဲ့ လောကြီးမှာ နေပေမဲ့ အကန့်အသတ် မရှိတဲ့ ဘုရားကို ကျွန်တော်တို့ အစေခံနေတာဖြစ်ကြောင်း မိတ်ဆွေတွေ့ပြီလား။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
မသေချာမှုတွေအလယ်မှာ ဘုရားကတော့ တိကျသေချာမှု ရှိပါတယ်။ ဆရာဒေးဗစ်ဗစ်လာ (David Villa) လို မသေချာ မရေရာမှုနဲ့ အဆိုးမြင်၊ အပျက်သဘောကို ကျော်ပြီး ဒီထက်ပိုကောင်းတဲ့အရာကို ရောက်ရှိနိုင်စေရန် သူ့နောက်ဆုံးနည်းတွေနဲ့အတူ ဒီအစီစဉ်မှာ ပါဝင်လိုက်ပါ။
More