YouVersion လိုဂို
ရှာရန် အိုင်ကွန်

မရေရာမသေချာတဲ့ကာလမှာ ရေရာသေချာမှုနမူနာ

Certainty In Times Of Uncertainty

5 ၏ နေ့ 3

မရေရာတဲ့ ကာလတွေမှာ ရေရာသေချာဖို့ ကျွန်တော်တို့ ‌ရွေးချယ်မယ်။

ကျွန်တော်တို့ အခြေအနေနဲ့ ပြဿနာတွေမှာ ရေရာသေချာမှု မရှိပေမဲ့ ကျွန်တော်တို့ကို ကာကွယ်စောင့်ရှောက်ပြီး ‌မစပေးတဲ့ဘုရားသခင်ဆီမှာ ရှိတာဖြစ်တယ်။

‌ရေရာသေချာမှု တစ်စုံတစ်ရာက သေချာကြောင်း ခိုင်မာတဲ့ ယုံကြည်ချက်၊ မှီခိုအားထားလို့ရတဲ့ မှန်ကန်မှု အရည်အသွေး၊ တစ်စုံတစ်ခု ဖြစ်ပျက်ဖို့ သေချာကြောင်း (သို့) မှန်ကန်တဲ့ အချက်အလက်။

မရေရာမသေချာမှု မသေချာသော အခြေအနေ။ တစ်စုံတစ်ခုကြောင့် (သို့) တစ်စုံတ‌စ်ယောက်ကြောင့် မသေချာမှု ခံစားရခြင်း။

ခရစ်တော်မရှိရင် ငြိမ်သက်ခြင်း မရှိပါ။ မသေချာမရေရာ ဖြစ်တယ်။ လူတိုင်းမှာ အသိတရား ရှိပြီး သူတို့ မ‌‌ပျော်ရွှင်ခင် စိတ်ကျေနပ်မှု ရှိမှဖြစ်တယ်။ အသိစိတ်ကို ငြိမ်သက်မှုပေးနိုင်တဲ့အရာတစ်ခုပြီး ထိုအရာက ဘုရားနဲ့ သင့်ကြားက မိတ်သဟာယဖွဲ့ခြင်း ဖြစ်တယ်။

မိတ်ဆွေအတွက် အရေးကြီးတဲ့ အရာအတွက် အားထုတ်ပါ။ မိမိယုံကြည်ခြင်းအတွက် တိုက်ခိုက်ပါ။ မိမိမိသားစုအတွက် တိုက်ခိုက်ပါ။ မိမိအသက်တာအတွက် ရှင်သန်ပါ။ မကောင်းတဲ့ စိတ်ခံစားချက်နဲ့ မရေရာမသေချာမှုတွေကို မိမိစိတ်ထဲ မသွင်းပါနဲ့။ ဘုရားက ကောင်းချီးမင်္ဂလာပေးနေဆဲ ဖြစ်တယ်။

မရေရာမှုကို စွန့်ခွာပြီး သေချာမှုအတွက် လမ်းပြုလုပ်ပါ။ မကောင်းတဲ့ စိတ်‌ခံစားချက် အနေကြာလာတာကြောင့် ကောင်းတဲ့ စိတ်ခံစားချက်က တွန့်ဆုတ်လာတာ ဖြစ်တယ်။

သေချာတဲ့ ယေရှုဆီကို မသေချာမရေရာတယ့် လောကြီးကို ကျွန်တော်တို့ မိတ်ဆက်ပေးဖို့ လိုတယ်။

နေ့ 2နေ့ 4

ဤအစီအစဉ်အကြောင်း

Certainty In Times Of Uncertainty

မသေချာမှုတွေအလယ်မှာ ဘုရားကတော့ တိကျသေချာ‌မှု ရှိပါတယ်။ ဆရာဒေးဗစ်ဗစ်လာ (David Villa) လို မသေချာ မရေရာမှုနဲ့ အဆိုးမြင်၊ အပျက်သဘောကို ကျော်ပြီး ဒီထက်ပိုကောင်းတဲ့အရာကို ရောက်ရှိနိုင်စေရန် သူ့နောက်ဆုံးနည်းတွေနဲ့အတူ ဒီအစီစဉ်မှာ ပါဝင်လိုက်ပါ။

More

ဤအစီအစဥ်ကို ထောက်ပံ့ပေးသော ဆရာဒေးဗစ်ဗီလာ (David Villa) ကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ ပိုမိုသိလိုပါက၊ https://davidvilla.me သို့ သွားရောက်နိုင်ပါတယ်။