YouVersion လိုဂို
ရှာရန် အိုင်ကွန်

ပြင်းထန်လှသော လောကဓံမုန်တိုင်းများ ဖြတ်သန်းရခြင်းနမူနာ

Going Through Hard Times

4 ၏ နေ့ 4

စောင့်ဆိုင်းခန်း

ကျွန်တော်တို့၏ အနာရောဂါကိုဖျောက်ခြင်း (သို့) အံ့ဩဖွယ်လက္ခဏာအတွက် စောင့်ဆိုင်းနေချိန်မှာ ဆေးရုံကြီးရှိ စောင့်ဆိုင်းခန်း၌ အကြာကြီးစောင့်နေသလိုပဲဟု ခံစားလွယ်သည်။

စောင့်ဆိုင်းနေချိန်မှာ ဘယ်လိုလုပ်မလဲ။ ဘုရားသခင်၏ လှုပ်ရှားတော်မူခြင်းကို မမြင်နိုင်သောကြောင့် ကျွန်တော်တို့၏ ယုံကြည်ကိုးစားခြင်းကို ဘယ်လိုထိန်းသိမ်းနိုင်မလဲ။ ကျွန်တော်တို့၏ စောင့်ဆိုင်းခန်းတွင် စောင့်နေသောအခါ၊ ဤသို့ပြုနိုင်ပါသည်...

ဒုက္ခဝေဒနာခံစားစဉ်တွင် ကိုယ်တော်ကို ချီးမွမ်းပါ
ဒုက္ခဝေဒနာခံစားစဉ်တွင် ကိုယ်တော်ကို ချီးမွမ်းခြင်းသည် အရေးကြီးဆုံးအရာ ဖြစ်သည်။ ကိုယ်တော်သည် နေ့ရက်စဉ်တိုင်းမှာ ချီးမွမ်းရန် အလွန်ထိုက်တန်သည်။ ကျွန်တော်တို့အတွက် ကိုယ်တော်ပြုတော်မူသည့် ကျေးဇူးတော်အားလုံးနှင့် ကျွန်တော်တို့၏ ထာဝရကယ်တင်ခြင်းအကြောင်း ဆင်ခြင်စဉ်းစားလျှင်၊ ကိုယ်တော်ကို မချီးမွမ်းဘဲ မနေနိုင်ဘူး။ ဘုရားသခင်၏ ဂုဏ်အင်္ဂါတော်များကို စေ့စေ့ကြည့်ရှုပါ။ အနန္တတန်ခိုးရှင် ထာဝရဘုရားသခင်သည် နေရာတိုင်မှာ တည်နေနိုင်သလို၊ အနန္တမေတ္တာကရုဏာတော်အရှင်ဖြစ်ပြီး၊ မပြောင်းလဲဘဲလျက် စုံလင်သောသူ ဖြစ်တော်မူသည်။ ကျွန်တော်တို့သည် လောကဓံမုန်တိုင်းများ မဖြတ်သန်းခင်မှာ (သို့) မိမိဆင်းရဲဒုက္ခမှ မလွတ်မြောက်ခင်မှာ၊ ကိုယ်တော်မြတ်၏ ကျေးဇူးတော်ကို ချီးမွမ်းသင့်သည်။

အားမလျော့ဘဲ ကြိုးစား၍ ချီးမွမ်းကြပါ
ဒုက္ခဝေဒနာခံစားစဉ်တွင် ကျွန်တော်တို့၏ ပြင်လူသည် ဖောက်ပြန်ပျက်စီးခြင်းသို့ ရောက်သော်လည်း၊ အတွင်းလူမူကား တစ်နေ့ထက်တစ်နေ့ ပြုပြင်ခြင်းကို ခံရသည်။ အကယ်၍၊ ဆုတောင်းပတ္ထနာပြုခြင်း၊ ချီးမွမ်းခြင်း၊ နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းနှင့် ကိုယ်တော်၏ မဟာကတိတော်များကို ယုံကြည်အားကိုးခြင်းဖြင့် မိမိ၏ အတွင်းလူကို ခွန်အားနှင့် မြဲမြံခိုင်ခံ့စေသည်။ ဘုရားသခင်၏ တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်။ လောကဓံမုန်တိုင်းများသည် ကျွန်တော်တို့ကို ပျက်စီးတတ်သည် (သို့) ပြုပြင်စေတတ်သည်။

ရှေ့တော်၌ မိမိစိတ်နှလုံးကို ဖွင့်ပြပါ
မိမိ၏ ဒုက္ခဝေဒနာများသည် ဘုရားသခင်ကို မကြောက်လွန့်စေပါဘူး။ ဘုရားသခင်သည် မိမိ၏ ယုံမှားစိတ်၊ ကြောက်တတ်သောစိတ်နှင့် ဒေါသစိတ်ကို ဖြေစေတတ်သည်။ ကိုယ်တော်ဘုရားထံ တပ်တလဲလဲ ပြန်လာပါ။ လောကဓံမုန်တိုင်းများသည် ကျွန်တော်တို့ကို ခရစ်တော်ထံတော်မှ ပြေးသွားစေသည် (သို့) ခရစ်တော်ထံတော်သို့ ပြေးသွားစေသည်။ ထာဝရဘုရား၌ ဆည်းကပ်မှီဝဲပါ။ မိမိဘဝရှိ လောကဓံမုန်တိုင်းများ အဘယ်ကြောင့်ရှိနေသေးသည်ကို တစ်ခါတစ်ရံ နားမလည်နိုင်ပေ။ ၎င်းအချိန်မှာ အဆင်ပြေသည့်အချိန်ကာလတွင် သင်ယူခဲ့သော သမ္မာတရားကို လက်တွေ့ကျင့်သုံးစေပါ။ နေ့ရက်စဉ်တိုင်းမှာ၊ ကိုယ်ကိုကိုယ် ငြင်းပယ်ပြီး သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။ သို့ပြုလျှင်၊ မိတ်ဆွေ၏ လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။

ထာဝရကာလကို စိတ်စွဲလမ်းပါ
ကျွန်တော်တို့သည် ထာဝရကာလကို စေ့စေ့ကြည့်ရှုရမည်ဖြစ်သည်။ မျက်မှောက်၌ထင်ရှားသော အရာတို့သည် ခဏသာတည်၍ မထင်ရှားသောအရာတည်းဟူသော ဘုရားသခင်၏ လှုပ်ရှားမှုကို အစဉ်အမြဲ တည်သည်။ ဘုရားသခင်သည် ကျွန်တော်တို့အထဲတွင်၊ ကျွန်တော်တို့အားဖြင့်၊ ကျွန်တော်တို့အဖို့နှင့် ကျွန်တော်တို့နှင့်အတူ စီရင်ပြုပြင်တော်မူနေသည်။ ဘုရားသခင်၏ စုံလင်သော အလိုတော်မြတ်ကို ပြည့်စုံစေဖို့၊ သည်းခံသောစိတ်နှင့် ငံ့လင့်၍ နေကြပါစို့။

စောင့်ဆိုင်းခန်းတွင် အကြာကြီးစောင့်စဉ်တွင်၊ မိမိတိုးတက်မှုကို ပြန်လှည့်ကြည့်ဖို့ မကြောက်ပါနဲ့။ မိတ်ဆွေသည် တိုးတက်မှုကို တကယ်ရှိပါသည်။ နောက်တစ်ဆင့်ကို ဆက်သွားပါ။ တစ်နေ့မှာ၊ မိမိမျက်စိကို ဖွင့်ပြီး မိမိရောက်ချင်သည့် နေရာကို ရောက်သောကြောင့် အံ့ဩလိမ့်မည်။ ဆက်မသွားနိုင်ဘူးဟု မိတ်ဆွေထင်သည့်နေ့မှာ မိမိအောင်မြင်သောနေ့ ဖြစ်ကောင်းဖြစ်နိုင်သည်။

ဆင်ခြင်စဉ်းစားဖွယ်ရာ

  • တစ်ခုခုအတွက် အကြောကြီးစောင့်နေပါက၊ ဘုရားသခင်သည် မိတ်ဆွေကို နေ့စဉ်နှင့်အမျှ ပြုတော်မူသောကျေးဇူးတော်ကို ပြသရန် တောင်းဆိုပါ။
  • ယနေ့၏ ကျမ်းပိုဒ်များတွင် မိမိအနှစ်သက်ဆုံးကျမ်းပိုဒ် ဘာလဲ။ မိမိ၏ အတွေးများကို ရေးပါ။
နေ့ 3

ဤအစီအစဉ်အကြောင်း

Going Through Hard Times

ပြင်းထန်လှသော လောကဓံမုန်တိုင်းများ ဖြတ်သန်းရခြင်းမှာ မလွဲမသွေ ဖြစ်သည်။ ဤ (၄) ရက်တာ အစီစဉ်မှာ၊ ကျွန်တော်တို့သည် တစ်ယောက်တည်းမဟုတ်သလို၊ မိမိနာကျင်မှုအဖို့ အကြံစည်တော်ကို ရှိပြီး ကိုယ်တော်၏ မဟာအလိုတော်မြတ်ကို ပြည့်စုံစေဖို့ အသုံးပြုတော်မူခြင်းအကြောင်းကို လေ့လာလျက် ခွန်အားရယူလိမ့်မည်။

More

ဤသမ္မာကျမ်းစာဖတ်ခြင်းအစီအစဉ်ကို YouVersion မှ ဖန်တီးပြီးထောက်ပံ့ပေးသည်။