YouVersion လိုဂို
ရှာရန် အိုင်ကွန်

ပြင်းထန်လှသော လောကဓံမုန်တိုင်းများ ဖြတ်သန်းရခြင်းနမူနာ

Going Through Hard Times

4 ၏ နေ့ 1

မစိုးရိမ်ကြနှင့်

မိတ်ဆွေသည် ပြင်းထန်လှသော လောကဓံမုန်တိုင်းများ ဖြတ်သန်းနေပါက၊ တစ်ဦးတည်းဖြတ်သန်းတာ မဟုတ်ဘူး။ အကယ်၍၊ ဤသင်္ခါရလောကရှိ လူများအားလုံးသည် အချိန်တန်မှာ ခဲယဉ်းသော လောကဓံမုန်တိုင်းကို ဖြန်သန်းရလိမ့်မည်။ မိတ်ဆွေသည်၊ ယခု အခက်အခဲကြုံရှိနေသည်ဖြစ်စေ (သို့) အခက်အခဲမှ ထွက်လာပြီးဖြစ်စေ (သို့) အခက်အခဲကို မကြာခင်မှာကြုံရမည့်ဖြစ်စေ၊ ၎င်းမုန်တိုင်းသည် လောကဓံတရား၌ ကျင်လည်မှု၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ခဲယဉ်းကာလကို ဘယ်သူမှ ဖြတ်သန်းရတာ မနှစ်သက်ဘူး။ မိမိအသက်တာမှာ ခဲယဉ်းကာလကို ဖြတ်သန်းရတာ အားရနှစ်သက်သည့်သူကို တွေ့ဖူးပါသလား။ တွေ့ဖူးသည်မထင်ဘူး။

လောကဓံမုန်တိုင်းပျောက်ဆေး မရှိသလို၊ လောကဓံမုန်တိုင်းများကို ဖြတ်သန်းရခြင်း တားဆီးရမည့် တွေးခေါ်မှု (သို့) မိမိကိုယ်ကို စကားပြောဆိုမှုလည်း မရှိပါ။ ကျွန်တော်တို့သည် တစ်ဦးတည်းသော လောကဓံမုန်တိုင်းများ ဖြတ်သန်းနေသူ ဖြစ်လိုပဲဟု ခံစားရသော်လည်း၊ အကယ်၍ တစ်ဦးထည်းဖြတ်သန်းတာ မဟုတ်ဘူး။

အရှင်ယေရှုဘုရား၏ စကားတော်အားဖြင့် ခွန်အားရယူလို့ ရနိုင်သည်။ (ယော၊ ၁၆း၃၃) တွင်၊ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်ဟု ကိုယ်တော်က မိန့်တော်မူခဲ့သည်။ ကျွန်တော်တို့ကြုံရသည့် အဓမ္မမှု၊ အပြစ်တရား၊ အမုန်းတရားနှင့် ကျွန်တော်တို့ကို ဖျက်ဆီးလိုသော မာရ်နတ်စသည် လောကဓံမုန်တိုင်းများကို သိတော်မူသည်။ သို့သော်၊ အရှင်ယေရှုဘုရားသည် မစိုးရိမ်ကြနှင့်ဟု မိန့်တော်မူခဲ့သည်အတွက် ကျေးဇူးတော်ကို ချီးမွမ်းလိုက်ပါ။ အကြောင်းမူကား၊ ကိုယ်တော်သည် လောကကို အောင်ပြီ။ ဤသင်္ခါရလောကမှာ စိတ်ပျက်အားနည်းစွာ နေထိုင်စရာ မလိုဘူး။ အမှန်မှာ၊ ကျွန်တော်တို့သည် အထူးသဖြင့် ပြည့်စုံသောအသက်တာကို ရရှိခံစားသည့်သာမက နောက်ဆုံးတွင် အောင်ပွဲလည်း ခံရလိမ့်မည်။

ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကို ကယ်တင်ခြင်းငှာ၊ ဤလောကသို့ ကြွလာတော်မူသည်ဟူသောစကားသည် သစ္စာစကားဖြစ်သည်။ ကိုယ်တော်သည် ကျွန်တော်တို့ကို ကယ်တင်ရန် ကြွလာပြီး ထာဝရအသက်ကိုလည်း ပေးတော်မူသည်။ သို့သော်၊ အရှင်ယေရှုဘုရားကို မိမိအသက်သခင် ကယ်တင်ရှင်အဖြစ်အနေနှင့် ယုံကြည်လက်ခံလျှင်၊ ဆင်းရဲဒုက္ခနှင့် လောကဓံမုန်တိုင်းများကို လုံးဝမကြုံဘဲ၊ ကျန်းမာချမ်းသာစွာ နေလိမ့်မည်ဟု လူတချို့ ပြောဆိုကြသည်။ ၎င်းအယူဆသည် မိစ္ဆဒိဋ္ဌိပင် ဖြစ်သည်။

ဤအစီစဉ်ကို ဖတ်ရှုခြင်းဖြင့် မိမိရင်ဆိုင်နေရသော ပြဿနာများကို မပယ်ရှားနိုင်သလို၊ မိမိဒုက္ခဝေဒနာများလည်း မငြိမ်းနိုင်ပေမဲ့၊ နောက်တစ်ဆင့်တက်လှမ်းရန် ခွန်အားနှင့် အစွန့်သတ္တိကို ပေးလိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါသည်။ ယနေ့၊ ခြေလှမ်းနှစ်ဆယ်လျှောက်လှမ်းစရာ မလိုဘူး။ တစ်ခုသာ လျှောက်လှမ်းပါ။ မနက်ဖြန်မှာလည်း၊ ခြေလှမ်းတစ်ခုသာ ဆက်လျှောက်လှမ်းပါ။ ကျွန်တော်တို့၏ လောကဓံတရားနှင့် ဒုက္ခဆင်းရဲအကြောင်းကို ကောင်းစွာ ဖော်ပြလိမ့်မည်။ ဤအကြောင်းအရာကို လေ့လာစဉ်တွင်၊ ဘုရားသခင်၏ မဟာမေတ္တာတော်ကို ပိုမိုသိကျွမ်းစေသလို မိမိဒုက္ခဝေဒနာကို ကိုယ်တော်၏ ကြံစည်တော်မြတ်အဖို့ အသုံးပြုတော်မူခြင်းနှင့် ကိုယ်တော်သည် မိတ်ဆွေကို ဘယ်လိုပြုပြင်ပြောင်းလဲပေးခြင်းတည်းဟူသော သမ္မာတရားကို လက်ခံယုံကြည်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါသည်။ မိတ်ဆွေသည် ဒုက္ခဝေဒနာ ရှိသော်လည်း ကိုယ်တော်အားဖြင့် မျှော်လင့်သောအကျိုးကို ရမည်။ ၎င်းအရာများကို ရရှိခံစားစေဖို့ ဤအစီစဉ်ကို ဆက်လက်ဖတ်ရှုပါစို့။

ဆင်ခြင်စဉ်းစားဖွယ်ရာ

  • မိမိအသက်တာမှာ ဘာအရာများကို အာရုံစိုက်နေပါသလဲ။ ၎င်းအရာများအဖို့ မိမိ၏နှလုံးအလိုကို စာရေးပါ။
နေ့ 2

ဤအစီအစဉ်အကြောင်း

Going Through Hard Times

ပြင်းထန်လှသော လောကဓံမုန်တိုင်းများ ဖြတ်သန်းရခြင်းမှာ မလွဲမသွေ ဖြစ်သည်။ ဤ (၄) ရက်တာ အစီစဉ်မှာ၊ ကျွန်တော်တို့သည် တစ်ယောက်တည်းမဟုတ်သလို၊ မိမိနာကျင်မှုအဖို့ အကြံစည်တော်ကို ရှိပြီး ကိုယ်တော်၏ မဟာအလိုတော်မြတ်ကို ပြည့်စုံစေဖို့ အသုံးပြုတော်မူခြင်းအကြောင်းကို လေ့လာလျက် ခွန်အားရယူလိမ့်မည်။

More

ဤသမ္မာကျမ်းစာဖတ်ခြင်းအစီအစဉ်ကို YouVersion မှ ဖန်တီးပြီးထောက်ပံ့ပေးသည်။