ပြင်းထန်လှသော လောကဓံမုန်တိုင်းများ ဖြတ်သန်းရခြင်းနမူနာ
ဘုရားသခင်သည် လောကဓံမုန်တိုင်းများကို အသုံးပြုနည်း
ကျွန်တော်တို့ အမြဲကြုံတွေ့ရသည် လောကဓံမုန်တိုင်းများကြောင်း မိမိဝိညာဉ်ရေးအား ပိုမိုရင့်ကျက်စေသည် (သို့) ပိုမိုအားနည်းစေသည်။ ယုံကြည်သူများသည် လောကဓံမုန်တိုင်းများကို ဖြတ်သန်းစဉ်တွင် အပြစ်တင်လျက် မြည်တမ်းကြသောစကားဖြင့် ထာဝရဘုရားကို ထိခိုက်တတ်သည်။ အကယ်၍၊ ကျွန်တော်တို့အားလုံးသည် ထိုအမှုကို ပြုလုပ်ဖူးသည်။ သို့သော်၊ ဘုရားသခင်ကို ရှာသောအခါ စိတ်နှလုံးအကြွင်းမဲ့နှင့် ရှာလျှင် တွေ့ကြလိမ့်မည်။ လောကဓံမုန်တိုင်းများဖြင့် မိမိယုံကြည်ခြင်း ပိုမိုရင့်ကျက်လာကြောင်းကို ဖော်ပြနိုင်သည့် နည်းတစ်နည်းမှာ၊ ကျွန်တော်တို့သည် ဘာကြောင့်လဲဟု မေးခွန်အစား ဘယ်လိုအသုံးပြုမလဲဟု မေးခွန်းများသာ မေးတတ်သည်။
ကျွန်တော်၏ အသက်တာမှာ ဤဆင်းရဲဒုက္ခကို ဘယ်လိုအသုုံပြုနိင်မလဲ။
ဤဆင်းရဲဒုက္ခဖြင့် သူတစ်ပါးကို အကျိုးသက်ရောက်စေဖို့ ဘယ်လိုအသုုံပြုမလဲ။
ဤဆင်းရဲဒုက္ခဖြင့် ကောင်းသောအကျိုးကို သက်ရောက်စေဖို့ ဘယ်လိုအသုုံပြုမလဲ။
ဘုရားသခင်သည် မည်သည့်အရာကိုမျှ ဖြုန်းတီးတော်မမူဟု စကားစုတစ်ခုသည် ခရစ်ယာန်အသိုင်းအဝိုင်းများတွင် ပျံ့နှံ့နေသည်။ ၎င်းစကားစုသည် မျှော်လင့်ခြင်းနှင့် ပြည့်ဝလှသော သမ္မာတရား ဖြစ်သည်။ ကျွန်တော်တို့သည် မိမိ၏ ရွေးချယ်မှုဖြင့်ဖြစ်စေ (သို့) ဘုရားသခင်၏ စီရင်သောအကြံစည်တော်ဖြင့်ဖြစ်စေ၊ အလိုမရှိသော စိန်ခေါ်မှုနေသည့် ဆင်းရဲဒုက္ခကို ကြုံလျှင်၊ ကျွန်တော်တို့၏ အသက်တာကို ရွေးနုတ်ပြီး၊ သူတစ်ပါးအဖို့ ကောင်းကြီးပေးလျက်၊ မိမိဘုန်းတော်ကို ထင်ရှားစေခြင်းငှာ ဘုရားသခင်သည် ၎င်းဆင်းရဲဒုက္ခကို အသုံးပြုမည်ဖြစ်သည်။ ဘုရားသခင်သည် ကျွန်တော်တို့၏ ဒုက္ခဝေဒနာကို ဘယ်လိုအသုံးပြုသလဲကို ဆွေးနွေးနှီးနှောကြပါစို့။
ဘုရားသခင်သည် ကျွန်တော်တို့ကို ပြုပြင်ပြောင်းလဲစေသည်
ဒုက္ခဝေဒနာကို တိုးပွားစေသော မီးစစ်ခြင်းကို ခံသောအခါ၊ ကျွန်တော်တို့်သည် ၎င်းမီးစစ်ခြင်းကို မြန်မြန်ကျော်လွှားစေချင်သည်။ သို့သော်၊ ကျော်လွှားစေဖို့၊ ကျွန်တော်တို့ ဖြတ်သန်းသွားရမည်ဖြစ်သည်။ ဒုက္ခဝေဒနာကို သည်းခံလျက်၊ ကိုယ်တော်သည် ဒဏ်ခတ်သော်လည်း အနာကို စညးတော်မူမည်ဟု အောက်မေ့သတိရစေမည်။ လောကဓံမုန်တိုင်းများ ဖြတ်သန်းပြီးမှ အရာရာ၌ စိတ်နှလုံးတည်ကြည်သူ ဖြစ်လိမ့်မည်။
ဘုရားသခင်သည် သူများကို ပြုပြင်ပြောင်းလဲစေသည်
ကျွန်တော်တို့အများစုသည် တရားဝင်ပညာရေးမရနိုင်သော လက်တွေ့ပညာကို မိမိဘ၀ရှိ စိန်ခေါ်မှုများဖြင့် သင်းယူခဲ့ပါပြီ။ ကျွန်တော်တို့သည် တက္ကသိုလ်ဘွဲ့ မရသော်လည်း ဒုက္ခဝေဒနာနှင့် ကျွမ်းဝင်သောသူများ ဖြစ်ကြသည်။ ဘုရားသခင်သည် ဤဝေဒနာကို သတိနှင့်ကြည့်ရှုလျက် သူတစ်ပါးကို သက်သာစေဖို့ ကျွန်တော်တို့ကို စေလွှတ်တော်မူသည်။ (၂ကော၊ ၁း၄) တွင်၊ ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ကိုယ်တိုင်သက်သာခြင်း ရှိသကဲ့သို့၊ ဆင်းရဲခြင်းအမျိုးမျိုးကို ခံရသောသူတို့အား သက်သာစေနိုင်မည်အကြောင်း၊ ဆင်းရဲခြင်းအမျိုးမျိုးတို့၌ ဘုရားသခင်သည် ငါတို့အား သက်သာစေတော်မူ၏ဟု တမန်တော်ကြီး ရှင်ပေါလုသည် ဖော်ပြထားသည်။ ကျွန်တော်တို့၏ ဒုက္ခဝေဒနာသည် အနတ္တသက်သက် ဖြစ်သည်မဟုတ်ပေ။ ကျွန်တော်တို့၏ ကိုယ်တိုင်သက်သာခြင်းဖြင့် သူတစ်ပါးအား သက်သာစေရန်အတွက် ဘုရားသခင်အလိုတော် ရှိသည်။
(ရော၊ ၈း၂၈) တွင်၊ ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်။ ဘုရားသခင်သည် မိတ်ဆွေ၏ အကျိုးကို ပြုစုတော်မူသည်။ အချို့အရာများတွင်သာ မဟုတ်ဘဲ ခပ်သိမ်းသောအရာတို့သည် ပြုစုတော်မူသည်။ ဤလောက၏ အဆိုးဆုံးအရာတည်းဟူသော လက်ဝါးကပ်တိုင်ပေါ်တွင် ယေရှုအသေခံခြင်းကို အကောင်းဆုံးအရာအဖို့တည်းဟူသော လူသားအားလုံးကို ကယ်တင်စေရန် ဘုရားသခင်သည် တညီတညွတ်တည်း ပြုစုတော်မူခဲ့သည်။ ဆင်းရဲဒုက္ခ ပိုမိုကြီးမားလျှင်၊ ဘုရားသခင်၏ ရွေးနုတ်ချမ်းသာကို တင့်တယ်လျောက်ပတ်စွာ ထင်ရှားစေသောအခွင့်အရေး ပိုမိုများစေလိမ့်မည်။ ဘုရားသခင်သည် ဒုက္ခဝေဒနာရှိသူများအားလုံးအတွက် ရွေးနုတ်ချမ်းသာပေးလျက်၊ ညည်းတွားမြည်တမ်းခြင်းကို ကခုန်ခြင်းဖြစ်စေတော်မူသည်။
ဤအစီစဉ်၏ အနောက်ဆုံးနေ့မှာ၊ ကျွန်တော်၏ လောကဓံမုန်တိုင်းများ၏ အချိန်ကာလရှည်လျားခြင်းအကြောင်း ဆွေးနွေးနှီးနှောကြလိမ့်မည်။
ဆင်ခြင်စဉ်းစားဖွယ်ရာ
- မိတ်ဆွေဖြတ်သန်းခဲ့သော အပြင်းထန်ဆုံး လောကဓံမုန်တိုင်းကား ဘာလဲ။ မိတ်ဆွေသည် မိမိ၏ ဒုက္ခဝေဒနာကို သူတစ်ပါး၏ အကျိုးအဖို့ အဘယ်လိုသုံးပြုနိင်မလဲ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ပြင်းထန်လှသော လောကဓံမုန်တိုင်းများ ဖြတ်သန်းရခြင်းမှာ မလွဲမသွေ ဖြစ်သည်။ ဤ (၄) ရက်တာ အစီစဉ်မှာ၊ ကျွန်တော်တို့သည် တစ်ယောက်တည်းမဟုတ်သလို၊ မိမိနာကျင်မှုအဖို့ အကြံစည်တော်ကို ရှိပြီး ကိုယ်တော်၏ မဟာအလိုတော်မြတ်ကို ပြည့်စုံစေဖို့ အသုံးပြုတော်မူခြင်းအကြောင်းကို လေ့လာလျက် ခွန်အားရယူလိမ့်မည်။
More