YouVersion လိုဂို
ရှာရန် အိုင်ကွန်

ပြင်းထန်လှသော လောကဓံမုန်တိုင်းများ ဖြတ်သန်းရခြင်းနမူနာ

Going Through Hard Times

4 ၏ နေ့ 2

အဘယ်ကြောင့် စုံစမ်းနှောင့်ယှက်ခြင်းကို ခံကြသလဲ

ကျွန်တော်တို့၏ အသက်တာမှာ စုံစမ်းနှောင့်ယှက်ခြင်းကို ခံသောအခါ၊ အဘယ်ကြောင့်ခံနေပါသလဲဟု မြွတ်ဆိုလေ့ ရှိကြသည်။ ဘယ်ကြောင့်လဲဆိုသော်၊ စုံစမ်းနှောင့်ယှက်ခံခြင်းသည် အလွန်ခက်ခဲပြီး စိတ်ကိုနာစေလျက် ဝမ်းနည်းစရာကောင်းသောအရာ ဖြစ်သည်။ ကျွန်တော်တို့သည် ဤစုံစမ်းနှောင့်ယှက်ခြင်း အဘယ်ကြောင့် ခံနေသလဲဟု မကြာခဏ မြည်တမ်း၍ ကျွန်တော်တို့လိုသောအဖြေကို ရှာမတွေ့ဘဲ နေကြသည်။ ကျွန်တော်တို့၏ စိတ်နှလုံးအလိုများကို စစ်ကြောစုံစမ်းသောကြောင့် ယုံမှားသံသယစိတ်ကို တိုးပွားစေတတ်သည်။

မနေ့ကမှာ လေ့လာခဲ့သလို၊ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်ဟု အရှင်ယေရှုဘုရားက မိန့်တော်မူခဲ့သည်။ ဘုရားသခင်သည် လောကဓံမုန်တိုင်းကင်းသော အသက်တာကို ပေးတော်မမူ။ ဤသင်္ခါရလောကမှာ၊ အပြစ်ရှိသောပုထုဇဉ်များသည် ဆိုးညစ်သော အပြစ်ဒုစရိုက်များကို မကြာခဏ ကျူးလွန်ကြသည်။ ကျွန်တော်တို့သည် စုံစမ်းနှောင့်ယှက်ခြင်းကို သေချာခံရလိမ့်မည်။ သူတစ်ပါး၏ အကုသိုလ်ကံသည် မိမိ၏ဆင်းရဲဒုက္ခကို တိုးပွားစေသလို၊ မိမိ၏ အကုသိုလ်ကံသည် သူတစ်ပါး၏ ဆင်းရဲဒုက္ခကိုလည်း တိုးပွားစေမည်။ အပြစ်ဒစရိုက်ကို အတင်းအဓမ္မ မပြုသော်လည်း မိမိမကောင်းသောအကျင့်သည် သူတစ်ပါးအဖို့ စိတ်အနှောင်အယှက် ဖြစ်စေသလို ကိုယ်အတွက်လည်း စိတ်အနှောင်အယှက် ဖြစ်စေတတ်သည်။

စုံစမ်းနှောင့်ယှက်ခြင်း ဖြတ်သန်းရသည့် အကြောင်းရင်းများကား

မိမိဝိညာဉ်ရေးကို ပိုမိုရင့်ကျက်စေရန်
ကျွန်တော်တို့၏ အသက်တာထဲသို့ မည်သို့ပင်ဝင်ရောက်ပါစေ၊ လောကဓံမုန်တိုန်းများသည် ကျွန်တော်တို့၏ စိတ်ဓာတ်နှင့် ယုံကြည်ခြင်းတို့ကို ခိုင်ခံ့စေလျက် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကိရိယာတစ်ခုအဖြစ် အသုံးပြုနိုင်သည်။ ကျွန်တော်တို့၏ စိတ်ရှည်မှုနှင့် ခံနိုင်ရည်ကို စစ်ကြောစုံစမ်းစေသော လောကဓံမုန်တိုန်းများကို ဖြတ်သန်းသည့်အခါ၊ ကျွန်တော်တို့သည် စစ်ကြောစုံစမ်းခြင်းနှင့်အတူ လုပ်ဆောင်နိုင်လျက် ပိုမိုခွန်အားရှိစေဖို့ အခွင့်ပြုနိုင်သည် (သို့) ၎င်းစစ်ကြောစုံစမ်းခြင်းကို ဆက်လက်တိုက်ခိုက်လျက် စိတ်ပျက်ခြင်းသို့ ရောက်နိုင်သည်။ ကျွန်တော်တို့သည် လောကဓံမုန်တိုန်းများဖြင့် ပြုပြင်စေသောအခွင့်ကို ပေးရန် အလွန်တရာ ခက်ခဲသော်လည်း စစ်ကြောစုံစမ်းခြင်းကို ခံပြီးမှ၊ ရွှေကဲ့သို့ ဝိညာဉ်ရေးပိုမိုရင့်ကျက်သူကို ပေါ်လိမ့်မည်။

ရွေးချယ်မှုများ၏ အကျိုးဆက်များ
မိမိရွေးချယ်မှုများ၏ အကျိုးဆက်တရားသည် အလွန်ခက်ခဲသော နိယာမတစ်ခု ဖြစ်သည်။ အကယ်၍၊ ကျွန်တော်တို့၏ဘဝရှိ စုံစမ်းနှောင့်ယှက်ခြင်းများနှင့် အခက်အခဲများသည် သူတစ်ပါး၏ အကျင့်နှင့် မိမိ၏အကျင့်များ၏ အကြောင်းနှင့်အကျိုးကြောင့် ဖြစ်လာသည်။ သူတစ်ပါး (သို့) မိမိ၏ အပြစ်ဒုစရိုက်ကျူးလွန်ခြင်းဖြင့် ဆင်းရဲဒုက္ခကို တိုးပွားစေလျက်၊ အမင်္ဂလာများနှင့် ဆိုးကျိုးများ ရရှိခံစားစေသည်။

ဝိညာဉ်ဆိုင်ပြိုင်တိုက်လှန်ခြင်း
ကျွန်တော်တို့သည် မာရ်နတ်တည်းဟူသော ကျွန်တော်တို့၏ ဝိညာဉ်ရန်သူကို အလွန်အာရုံစိုက်ခြင်း (သို့) အလွန်ဥပေက္ခာပြုခြင်း ပြုတတ်သည်။ ကျွန်တော်တို့၏ဘဝရှိ ဆင်းရဲဒုက္ခများသည် မာရ်နတ်အားဖြင့်သာ အမြဲကြုံတွေ့ရသည် မဟုတ်သော်လည်း မာရ်နတ်သည် ကြိုးကြားကြိုးကြား ဒုက္ခပေးနိုင်သည်။

ဤအစီစဉ်၏ (၃) ရက်မြောက်နေ့မှာ၊ ဘုရားသခင်သည် ဤလောကကို ကောင်းကြီးမင်္ဂလာများ ပေးလျက်၊ ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ဟု ဖော်ပြသောကျမ်းပိုဒ်တချို့ကို စေ့စေ့ဖတ်ရှုပြီး မိမိမျှော်လင့်ခြင်းကို သေချာစွာ တိုးပွားစေလိမ့်မည်။

ဆင်ခြင်စဉ်းစားဖွယ်ရာ

  • မိတ်ဆွေကြုံဖူးခဲ့သော လောကဓံမုန်တိုင်းအကြောင်းကို ဆင်ခြင်စဉ်းစားပါ။ ၎င်းမုန်တိုင်းသည် မိမိဝိညာဉ်ရေးကို ပိုမိုရင့်ကျက်စေဖို့ (သို့) အကြောင်းနှင့်အကျိုး (သို့) ဝိညာဉ်ဆိုင်ပြိုင်တိုက်လှန်ခြင်းဖြင့် လာခဲ့ပါသလား။ မိမိ၏ စိတ်ကူးများကို ချရေးပါ။
နေ့ 1နေ့ 3

ဤအစီအစဉ်အကြောင်း

Going Through Hard Times

ပြင်းထန်လှသော လောကဓံမုန်တိုင်းများ ဖြတ်သန်းရခြင်းမှာ မလွဲမသွေ ဖြစ်သည်။ ဤ (၄) ရက်တာ အစီစဉ်မှာ၊ ကျွန်တော်တို့သည် တစ်ယောက်တည်းမဟုတ်သလို၊ မိမိနာကျင်မှုအဖို့ အကြံစည်တော်ကို ရှိပြီး ကိုယ်တော်၏ မဟာအလိုတော်မြတ်ကို ပြည့်စုံစေဖို့ အသုံးပြုတော်မူခြင်းအကြောင်းကို လေ့လာလျက် ခွန်အားရယူလိမ့်မည်။

More

ဤသမ္မာကျမ်းစာဖတ်ခြင်းအစီအစဉ်ကို YouVersion မှ ဖန်တီးပြီးထောက်ပံ့ပေးသည်။