YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 8:35-39

ရောမ 8:35-39 JBMLE

ခ​ရစ်​တော်၏​ချစ်​ခြင်း​မေ​တ္တာ​နှင့် ငါ​တို့​ကို အ​ဘယ်​သူ​ကွာ​စေ​မည်​နည်း။- အ​ကယ်​စင်​စစ် ကိုယ်​တော်​အ​တွက် အ​ကျွန်ုပ်​တို့​သည် အ​စဉ်​မ​ပြတ် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​ကြ​ပါ၏။ သတ်​ဖို့​ရာ​ထား​သော သိုး​ကဲ့​သို့ အ​ကျွန်ုပ်​တို့​ကို သူ​တစ်​ပါး မှတ်​တတ်​ကြ​ပါ၏​ဟု ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ၊ ဆင်း​ရဲ​ငြို​ငြင်​ခြင်း၊ ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း၊ မွတ်​သိပ်​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း၊ ဘေး​နှင့်​တွေ့​ကြုံ​ခြင်း၊ ကွပ်​မျက်​ခြင်း​ကို ခံ​ရ​သော်​လည်း၊ ထို​အ​မှု​တို့​တွင် အ​ဘယ်​အ​မှု​သည် ခ​ရစ်​တော်၏ ချစ်​ခြင်း​မေ​တ္တာ​တော်​နှင့် ငါ​တို့​ကို ကွာ​စေ​မည်​နည်း။- မ​ကွာ​စေ​သည်​သာ​မ​က၊ ငါ​တို့​ကို ချစ်​တော်​မူ​သော​သူ၏ ကျေး​ဇူး​တော်​ကြောင့်၊ ငါ​တို့​သည် ထို​အ​မှု​ခပ်​သိမ်း​တို့​ကို ခံ​စဉ်​တွင်​ပင် အ​ထူး​သ​ဖြင့် အောင်​မြင်​ကြ၏။- အ​ကြောင်း​မူ​ကား၊ သေ​ခြင်း​ဖြစ်​စေ၊ အ​သက်​ရှင်​ခြင်း​ဖြစ်​စေ၊ ကောင်း​ကင်​တ​မန်​ဖြစ်​စေ၊ အ​ထွတ်​အ​မြတ်​ဖြစ်​စေ၊ အာ​ဏာ​တန်​ခိုး​ဖြစ်​စေ၊ မျက်​မှောက်​အ​ရာ​ဖြစ်​စေ၊ နောင်​လာ​လ​တ္တံ့​သော​အ​ရာ​ဖြစ်​စေ၊- အ​မြင့်​ဖြစ်​စေ၊ အ​နိမ့်​ဖြစ်​စေ၊ ဤ​အ​ရာ​မှ​စ၍ အ​ဘယ်​နိ​မ္မိ​တ​အ​ရာ​မျှ​သည်၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ခံ​ရ​သော​ဘု​ရား​သ​ခင်၏ မေ​တ္တာ​တော်​နှင့် ငါ​တို့​ကို မ​ကွာ​စေ​နိုင်​ဟု ငါ​သည်​သ​ဘော​ကျ​လျက်​ရှိ၏။

​ရောမ 8:35-39 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။