နောင်တရခြင်းနှင့်ဆိုင်သည့် လုပ်ဆောင်မှုနမူနာ
ဘုရားသခင်သည် မိမိ၏ တစ်ပါးတည်းသောသားတော်ကို ဤလောကသို့ စေလွှတ်တော်မူသည်မှာ ကျွန်တော်တို့အား အသက်တာအသစ်ကို ပေးရန်ဟူသော အဓိကရည်ရွယ်ချက်အတွက် ဖြစ်သည်။ အရှင်ယေရှုဘုရားသည် မိမိ၏ အမှုတော်လုပ်ငန်းကို အကျဉ်းချုပ်ဖော်ပြရာတွင် (လု၊ ၅:၂၇-၃၂) မှာ၊ ကျန်းမာသောသူတို့သည် ဆေးဆရာကို မလိုအပ်ကြပေ။ နာမကျန်းဖြစ်သောသူတို့သာလျှင် လိုအပ်ကြ၏။ ဖြောင့်မတ်သောသူတို့ကို ခေါ်ရန် ငါလာသည် မဟုတ်။ အပြစ်သားတို့ကို နောင်တသို့ ခေါ်ရန်ငါလာ၏ဟု မိန့်တော်မူခဲ့၏။ မိတ်ဆွေနှင့် ကျွန်တော်ကဲ့သို့သော အပြစ်သားတို့သည် နောင်တရခြင်းအားဖြင့် ကိုယ်တော်၏ အပြစ်ခွင့်လွှတ်ခြင်းကိုခံစားရပြီး အသက်တာအသစ်ကို ရရှိစေရန် ခရစ်တော်ကြွလာခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့သည် နောင်တရပြီး ကိုယ်တော်၏ ခွင့်လွှတ်ခြင်းကို ခံစားရသောအခါ ကျွန်တော်တို့၏ အသက်တာသည် ထာဝစဉ် ပြောင်းလဲသွားမည် ဖြစ်သည်။ ခရစ်တော်၏ အမှုတော်သည် ကျွန်တော်တို့လုပ်ဆောင်ရမည့်အမှုလည်း ဖြစ်သည်။ ကျွန်တော်တို့သည်လည်း ဖြောင့်မတ်သောသူတို့အပေါ် မဟုတ်ဘဲ ပျောက်ဆုံး၍ ခွင့်လွှတ်ခြင်းကို လိုအပ်နေသောသူတို့အပေါ် အမှုတော်ထမ်းဆောင်ရန် ခေါ်ယူတော်မူခြင်းခံရပါသည်။ မိတ်ဆွေသည် အပြစ်မှ နောင်တရပြီး ဘုရားသခင်ထံမှ အပြစ်ခွင့်လွှတ်ခြင်းကို ခံစားရရှိခဲ့သည်ဆိုလျှင် နောင်တရဖို့ လိုအပ်နေသောသူတို့အား ပြောစရာသတင်း ရှိသည်။ မိမိအသက်တာ၏ ပြောင်းလဲမှုသည် သူတစ်ပါးအသက်တာတွင်လည်း ထိုသို့သောပြောင်းလဲမှုကို ဖြစ်ပေါ်စေနိုင်ပါသည်။ နောင်တရရန်နှင့် ဘုရားသခင်၏ ခွင့်လွှတ်ခြင်းကို ခံစားရရန် လိုအပ်နေသောသူတစ်စုံတစ်ဦးကို သိပါသလား။ ဘုရားသခင်၏ ခွင့်လွှတ်ခြင်းနှင့်ပတ်သက်သည့် မိမိ၏ အတွေ့အကြုံသည် သူတစ်ပါးကိုလည်း နောင်တရစေရန် ဘယ်လိုကူညီပေးနိုင်မလဲ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
နောင်တရခြင်းသည် ခရစ်တော်ကို ကျွန်တော်တို့၏ ကယ်တင်ရှင်အဖြစ် လက်ခံသောအခါ ကျွန်တော်တို့ပြုကြသည့် အဓိကလုပ်ဆောင်မှုတစ်ခု ဖြစ်သည်။ နောင်တရခြင်းသည် ကျွန်တော်တို့၏ လုပ်ဆောင်မှုဖြစ်ပြီး ခွင့်လွှတ်ခြင်းသည် ကျွန်တော်တို့အတွက် မိမိ၏ စုံလင်သော မေတ္တာတော်ကို ပြသသည့် ဘုရားသခင်၏ တုံ့ပြန်မှု ဖြစ်သည်။ ဤ (၅) ရက်တာ ဖတ်ရှုခြင်းအစီအစဉ်သည် ခရစ်တော်နှင့် မိတ်ဆွေလိုက်လျှောက်ရာတွင် အရေးကြီးသော ကဏ္ဍဖြစ်သည့် နောင်တရခြင်းအကြောင်းကို ပိုမိုနားလည်နိုင်ဖို့ မိတ်ဆွေကို ကူညီပေးမည့် ဝိညာဉ်ရေးရာအချက်အလက်နှင့် နေ့စဉ်ဖတ်ရှုရန် ကျမ်းပိုဒ်တို့ကို မိတ်ဆွေအား ပြင်ဆင်ပေးပါသည်။
More
We would like to thank Life.Church for providing this plan. For more information, please visit: www.life.church