YouVersion လိုဂို
ရှာရန် အိုင်ကွန်

နောင်တရခြင်းနှင့်ဆိုင်သည့် လုပ်ဆောင်မှုနမူနာ

Acts of Repentance

5 ၏ နေ့ 2

မိတ်ဆွေသည် မည်သူ့ဘက်တွင် ရှိသနည်း။ ၎င်းသည် (လု၊ ၁၃း၁-၈) တွင်ရှိ အရှင်ယေရှုဘုရား မေးတော်မူသော မေးခွန်း ဖြစ်ပါသည်။ မိတ်ဆွေသည် မှန်သောဘက်တွင် ရှိနေပါသလား (သို့) မှားသောဘက်တွင် ရှိနေပါသလား။ မှန်သောလမ်းသည် ထာဝရအသက်ရှင်ခြင်းသို့ ပို့ဆောင်ပေးသည်။ မှားသောလမ်းမူကား ဖျက်ဆီးခြင်းသို့ ပို့ဆောင်သည်။ အရှင်ယေရှုဘုရား၏ သတင်းစကားသည် ရိုးရှင်းပါသည်။ အသစ်သောအသက်တာကို ရရှိရန် မိမိလုပ်ရမည့်အရာမှာ နောင်တရဖို့ ဖြစ်သည်။ မိတ်ဆွေ နောင်တမရလျှင် ပျက်စီးရမှာ ဖြစ်သည်။ ဘုရားသခင်သည် ကျွန်တော်တို့ကို ဖြတ်တောက်ပစ်ဖို့ အလိုမရှိပါ။ ကိုယ်တော်သည် ကျွန်တော်တို့ကို ချစ်ပြီး အသီးသီးစေရန်သာ အလိုရှိသည်။ ယခု မိမိအသက်တာတွင် အသီးကို သီးနေပါသလား။ ဘုရားသခင်အလိုရှိတော်မူသောအသီးကို စတင်သီးနိုင်ရန် ဘယ်အပြစ်များကို နောင်တရဖို့ လိုအပ်ပါသလဲ။
နေ့ 1နေ့ 3

ဤအစီအစဉ်အကြောင်း

Acts of Repentance

နောင်တရခြင်းသည် ခရစ်တော်ကို ကျွန်တော်တို့၏ ကယ်တင်ရှင်အဖြစ် လက်ခံသောအခါ ကျွန်တော်တို့ပြုကြသည့် အဓိကလုပ်ဆောင်မှုတစ်ခု ဖြစ်သည်။ နောင်တရခြင်းသည် ကျွန်တော်တို့၏ လုပ်ဆောင်မှုဖြစ်ပြီး ခွင့်လွှတ်ခြင်းသည် ကျွန်တော်တို့အတွက် မိမိ၏ စုံလင်သော မေတ္တာတော်ကို ပြသသည့် ဘုရားသခင်၏ တုံ့ပြန်မှု ဖြစ်သည်။ ဤ (၅) ရက်တာ ဖတ်ရှုခြင်းအစီအစဉ်သည် ခရစ်တော်နှင့် မိတ်ဆွေလိုက်လျှောက်ရာတွင် အရေးကြီးသော ကဏ္ဍဖြစ်သည့် နောင်တရခြင်းအကြောင်းကို ပိုမိုနားလည်နိုင်ဖို့ မိတ်ဆွေကို ကူညီပေးမည့် ဝိညာဉ်ရေးရာအချက်အလက်နှင့် နေ့စဉ်ဖတ်ရှုရန် ကျမ်းပိုဒ်တို့ကို မိတ်ဆွေအား ပြင်ဆင်ပေးပါသည်။

More

We would like to thank Life.Church for providing this plan. For more information, please visit: www.life.church