နောင်တရခြင်းနှင့်ဆိုင်သည့် လုပ်ဆောင်မှုနမူနာ
နောင်တရခြင်းသည် ခွင့်လွှတ်ခြင်းကို ရရှိစေသည်။ ကျွန်တော်တို့နောင်တရသောအခါ ဘုရားသခင်သည် ခွင့်လွှတ်ပေးသည်။ နောင်တရခြင်းနှင့် ခွင့်လွှတ်ခြင်းတို့သည် ခက်ခဲသောအတွေးအမြင် မဟုတ်ပါ။ နောင်တရခြင်းသည် ကျွန်တော်တို့၏ လုပ်ဆောင်မှုဖြစ်ပြီး ခွင့်လွှတ်ခြင်းသည် ကျွန်တော်တို့အတွက် မိမိ၏ စုံလင်သော မေတ္တာတော်ကို ပြသသည့် ဘုရားသခင်၏ တုံ့ပြန်မှုဖြစ်သည်။ လုပ်ဆောင်မှုပုံစံသည် ရိုးရှင်းသော်လည်း ဘုရားသခင်၏ ခွင့်လွှတ်ခြင်းတန်ခိုးသည် ကျွန်တော်တို့ ဉာဏ်မမီလောက်အောင် နက်နဲလှပါသည်။ ကျွန်တော်တို့သည် မည်သို့သောအပြစ်ကျူးလွန်ခဲ့သည်ဖြစ်စေ၊ ဘုရားသခင်၏ ခွင့်လွှတ်ခြင်းသည် ကျွန်တော်တို့အသက်တာတွင်ရှိသည့် အမှောင်အားလုံးကို ဖယ်ရှား၍ ကျွန်တော်တို့ကို အလင်းထဲသို့ ခေါ်ဆောင်ပေးပါသည်။ ဘုရားသခင်၏ ခွင့်လွှတ်ခြင်းသည် မိမိအပြစ်အပါအဝင် အပြစ်အားလုံးကို ဖုံးအုပ်ပေးပါသည်။ ဘုရားသခင်၏ ခွင့်လွှတ်ခြင်းနှင့် ဆိုင်သောရွေးနုတ်ခြင်းတန်ခိုးသည် မိမိအသက်တာကို ဘယ်လိုပြောင်းလဲစေပြီး ၎င်းအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိခဲ့သလဲ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
နောင်တရခြင်းသည် ခရစ်တော်ကို ကျွန်တော်တို့၏ ကယ်တင်ရှင်အဖြစ် လက်ခံသောအခါ ကျွန်တော်တို့ပြုကြသည့် အဓိကလုပ်ဆောင်မှုတစ်ခု ဖြစ်သည်။ နောင်တရခြင်းသည် ကျွန်တော်တို့၏ လုပ်ဆောင်မှုဖြစ်ပြီး ခွင့်လွှတ်ခြင်းသည် ကျွန်တော်တို့အတွက် မိမိ၏ စုံလင်သော မေတ္တာတော်ကို ပြသသည့် ဘုရားသခင်၏ တုံ့ပြန်မှု ဖြစ်သည်။ ဤ (၅) ရက်တာ ဖတ်ရှုခြင်းအစီအစဉ်သည် ခရစ်တော်နှင့် မိတ်ဆွေလိုက်လျှောက်ရာတွင် အရေးကြီးသော ကဏ္ဍဖြစ်သည့် နောင်တရခြင်းအကြောင်းကို ပိုမိုနားလည်နိုင်ဖို့ မိတ်ဆွေကို ကူညီပေးမည့် ဝိညာဉ်ရေးရာအချက်အလက်နှင့် နေ့စဉ်ဖတ်ရှုရန် ကျမ်းပိုဒ်တို့ကို မိတ်ဆွေအား ပြင်ဆင်ပေးပါသည်။
More
We would like to thank Life.Church for providing this plan. For more information, please visit: www.life.church