နောင်တရခြင်းနှင့်ဆိုင်သည့် လုပ်ဆောင်မှုနမူနာ
မိတ်ဆွေသည် လမ်းပျောက်ဖူးပါသလား။ မိမိဘယ်သို့ သွားနေသည်ကို မသိခြင်းသည် မချင့်မရဲ ဖြစ်စရာကောင်းသော ခံစားမှုတစ်ခု ဖြစ်သည်။ တချို့အခြေအနေများသည် အမှန်ပင် ကြောက်စရာလည်း ကောင်းပါသည်။ အခန်းငယ် (၂၅) တွင်၊ တမန်တော်ကြီး ရှင်ပေတရုသည် ကျွန်တော်တို့ကို သိုးများနှင့် နှိုင်းယှဉ်ထားပြီး အပြစ်ထဲမှာ ကျွန်တော်တို့အသက်ရှင်နေသောအခါ ကျွန်တော်တို့သည် လမ်းလွဲပျောက်ဆုံးနေကြောင်း ဖော်ပြထားသည်။ ကျွန်တော်တို့သည် ဘယ်သွားရမည်ကို မသိခဲ့ပါ။ သို့သော်၊ ကျွန်တော်တို့သည် အပြစ်ကို နောင်တရ၍ ဘုရားသခင်၏ ခွင့်လွှတ်ခြင်းကို ခံစားရသောအခါ ကျွန်တော်တို့၏ သိုးထိန်းဖြစ်တော်မူသော ဘုရားသခင်ဦးဆောင်သည့် သိုးအုပ်ထဲသို့ ပြန်လာရခဲ့ပါပြီ။ မိတ်ဆွေသည် ဘယ်နေရာသို့ ဆက်၍လမ်းလွဲနေဦးမလဲ။ ဘုရားသခင်၏ လမ်းတွင်နေထိုင်ရန် ကြိုးပမ်းအားထုတ်နေသော်လည်း မိမိအသက်တာ၌ရှိ အပြစ်အချို့ကြောင့် အခြားသောလမ်းသို့ မကြာခဏ လွဲသွားလျက် ရှိကောင်းရှိပါလိမ့်မည်။ ထိုအပြစ်ကို ဘုရားသခင်ထံ ဝန်ချတောင်းပန်ပါ။ ယနေ့ပင် ထိုအပြစ်မှ နောင်တရပြီး ၎င်းကို လုံးလုံးကျော်လွှားနိုင်ဖို့ ကူညီမစတော်မူရန် ဘုရားသခင်အား တောင်းလျှောက်ပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
နောင်တရခြင်းသည် ခရစ်တော်ကို ကျွန်တော်တို့၏ ကယ်တင်ရှင်အဖြစ် လက်ခံသောအခါ ကျွန်တော်တို့ပြုကြသည့် အဓိကလုပ်ဆောင်မှုတစ်ခု ဖြစ်သည်။ နောင်တရခြင်းသည် ကျွန်တော်တို့၏ လုပ်ဆောင်မှုဖြစ်ပြီး ခွင့်လွှတ်ခြင်းသည် ကျွန်တော်တို့အတွက် မိမိ၏ စုံလင်သော မေတ္တာတော်ကို ပြသသည့် ဘုရားသခင်၏ တုံ့ပြန်မှု ဖြစ်သည်။ ဤ (၅) ရက်တာ ဖတ်ရှုခြင်းအစီအစဉ်သည် ခရစ်တော်နှင့် မိတ်ဆွေလိုက်လျှောက်ရာတွင် အရေးကြီးသော ကဏ္ဍဖြစ်သည့် နောင်တရခြင်းအကြောင်းကို ပိုမိုနားလည်နိုင်ဖို့ မိတ်ဆွေကို ကူညီပေးမည့် ဝိညာဉ်ရေးရာအချက်အလက်နှင့် နေ့စဉ်ဖတ်ရှုရန် ကျမ်းပိုဒ်တို့ကို မိတ်ဆွေအား ပြင်ဆင်ပေးပါသည်။
More
We would like to thank Life.Church for providing this plan. For more information, please visit: www.life.church