နောင်တရခြင်းနှင့်ဆိုင်သည့် လုပ်ဆောင်မှုနမူနာ
(ဆာ၊ ၅၁) သည် ဒါဝိဒ်က ဗာသရှေဘနှင့် ပြစ်မှားပြီးသည့်နောက် မိမိကျူးလွန်သော အပြစ်ကို နောင်တရသည့်အတွက် ဘုရားသခင်ထံတောင်းလျှောက်သည့် ဆုတောင်းချက် ဖြစ်သည်။ ဒါဝိဒ်သည် ဒူးထောက်ငိုးကြွေးလျက် မိမိ၏ အပြစ်ကို ဆေးကြောပေးတော်မူရန် ဘုရားသခင်ထံ စိတ်နှလုံးထဲမှ ဆုတောင်းနေသည့်ပုံကို မိတ်ဆွေ မြင်ယောင်နိုင်ပါလိမ့်မည်။ နောင်တရခြင်းသည် ကျွန်တော်တို့အသက်တာတွင် ဘယ်လိုပုံစံဖြစ်ရမည်ကို ဤဆာလံသည် ကျွန်တော်တို့အား ပုံဖော်ပြသပေးသည်။ ပထမဦးဆုံး ဒါဝိဒ်သည် မိမိ၏ အပြစ်ကို ဝန်ခံသည်။ နောက်တစ်ဆင့်မှာ ခွင့်လွှတ်ပေးတော်မူရန် တောင်းလျှောက်သည်။ ထို့နောက်၊ မိမိကို အသစ်ပြုပြင်ပေးရန် ဘုရားသခင်အား တောင်းလျှောက်သည်။ နောက်ဆုံးတွင်၊ အပြစ်ထဲမှာ ကျင်လည်နေ၍ နောင်တရဖို့ လိုအပ်နေသူများအား သူ့အပြစ်ကို အသုံးပြုပြီး သွန်သင်နိုင်ရန် ဘုရားသခင်ထံ တောင်းလျှောက်သည်။ နောင်တရခြင်းသည် မိမိ၏ အသက်တာတွင် ဘယ်လိုပုံစံရှိသလဲ။ ဒါဝိဒ်၏ နောင်တရခြင်းနှင့်ဆိုင်သော နမူနာသည် မိတ်ဆွေနှင့် ဘုရားသခင်အကြား မိတ်သဟာယဖွဲ့ခြင်းကို ဘယ်လိုပိုမိုခိုင်ခံ့စေနိုင်မလဲ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
နောင်တရခြင်းသည် ခရစ်တော်ကို ကျွန်တော်တို့၏ ကယ်တင်ရှင်အဖြစ် လက်ခံသောအခါ ကျွန်တော်တို့ပြုကြသည့် အဓိကလုပ်ဆောင်မှုတစ်ခု ဖြစ်သည်။ နောင်တရခြင်းသည် ကျွန်တော်တို့၏ လုပ်ဆောင်မှုဖြစ်ပြီး ခွင့်လွှတ်ခြင်းသည် ကျွန်တော်တို့အတွက် မိမိ၏ စုံလင်သော မေတ္တာတော်ကို ပြသသည့် ဘုရားသခင်၏ တုံ့ပြန်မှု ဖြစ်သည်။ ဤ (၅) ရက်တာ ဖတ်ရှုခြင်းအစီအစဉ်သည် ခရစ်တော်နှင့် မိတ်ဆွေလိုက်လျှောက်ရာတွင် အရေးကြီးသော ကဏ္ဍဖြစ်သည့် နောင်တရခြင်းအကြောင်းကို ပိုမိုနားလည်နိုင်ဖို့ မိတ်ဆွေကို ကူညီပေးမည့် ဝိညာဉ်ရေးရာအချက်အလက်နှင့် နေ့စဉ်ဖတ်ရှုရန် ကျမ်းပိုဒ်တို့ကို မိတ်ဆွေအား ပြင်ဆင်ပေးပါသည်။
More
We would like to thank Life.Church for providing this plan. For more information, please visit: www.life.church