YouVersion လိုဂို
ရှာရန် အိုင်ကွန်

Craig နှင့် Amy Groeschel တို့၏ ယနေ့မှစ၍ အနာဂတ်သို့နမူနာ

Craig & Amy Groeschel’s From This Day Forward

7 ၏ နေ့ 6

မည်သည့်အခါမျှ အရှုံးမပေးနှင့်



မိတ်ဆွေသည် လက်စွပ်ကို အတုံ့အလှယ်ပေးလျက် ကတိဝန်ခံခြင်း ပြုပြီး အိမ်ထောင်ရေးကတိထဲသို့ ဝင်လိုက်သောအခါ မိတ်ဆွေသည် သေခြင်းမခွဲခွာမီတိုင်အောင် သင့်ကိုယ်သင် မေတ္တာ၌ နှစ်မြှုပ်ထားပြီ ဖြစ်သည်။ သို့သော်၊ မေတ္တာကုန်ခန်းသောအခါ မည်သို့ဖြစ်မည်နည်း။ မိတ်ဆွေတို့တွင် တစ်ဦးတည်းသာ ဤကျမ်းစာအစီအစဉ်ကို ဖတ်လိုသောဆန္ဒရှိလျှင် မည်သို့ပြုမည်နည်း။ ပြုထားသော ကတိကို ချိုးဖောက်ခြင်းဟူသည့် အဆိုးဆုံးကိစ္စပေါ်လာခဲ့လျှင် မည်သို့ပြုမည်နည်း။ မိတ်ဆွေသည် မည်သို့သောပြဿနာနှင့် ရင်ဆိုင်နေရသည်ဖြစ်စေ၊ ထိုပြဿနာသည် ကွားရှင်းမှုသို့ ရောက်စေနိုင်သည့်အရာ ဖြစ်သော်လည်း ခွင့်လွှတ်မှုသို့ ရောက်စေနိုင်သည့်အရာလည်း ဖြစ်ပါသည်။

သုတ္တံကျမ်းတွင်၊ သံကို သံဖြင့် ထက်စေသည်ဟု ရေးထားသည့်အချက်ထဲမှ အခက်ဆုံးသောနည်းလမ်းမှာ အိမ်ထောင်ရေးကိစ္စဖြစ်သည်။ မိမိ၏ အိမ်ထောင်ဖက်၌ မည်သည့်အပြစ်ကို တွေ့သည်ဖြစ်စေ၊ အမှန်တရားမှာ မိမိဘက်မှာလည်း ကြီးထွားရမည့်အပိုင်းနှင့် တည်ဆောက်ရမည့်အပိုင်း ရှိပါသည်။ မင်္ဂလာဆောင်ခြင်းစည်းကြိုးသည် မိတ်ဆွေအတွက် လက်ထိပ်သကဲ့သို့ ဖြစ်သည်ဟု ခံစားရလျှင် မိမိ၌ ဆုံးဖြတ်ရမည့် အချက်များ ရှိသည်။ မိတ်ဆွေသည် ခွင့်မလွှတ်နိုင်သည့် အရာကို ခွင့်လွှတ်ပေးဖို့ ဆုံးဖြတ်ရပါမည်။ မိတ်ဆွေအား ဘုရားသခင်ပြတော်မူသော မေတ္တာတော်ကို မိမိ၏ အိမ်ထောင်ဖက်အားလည်း ပြရန် ဆုံးဖြတ်ရပါမည်။ မိမိ၏ မှားယွင်းမှုကိုလည်း ဝန်ခံရန် ဆုံးဖြတ်ရပါမည်။ မိမိကားမှာ ဆီကုန်သွားလျှင် ကားကို ရောင်းပစ်မည် မဟုတ်ပါ။ ဆီကို သာထပ်၍ ဖြည့်ပါသည်။ ဘုရားသခင်၏ မေတ္တာတော်ကို မိတ်ဆွေမှတစ်ဆင့် ဖော်ပြပါ။ မည်သည့်အခါမျှ အရှုံးမပေးနှင့်။

အတူတကွဆုတောင်းကြပါစို့။ ယေရှုဘုရား၊ ကျွန်ုပ်၌ ထပ်၍ပေးရန် မေတ္တာမရှိတော့ပြီဟု ထင်ရသောအခါ ကိုယ်တော်၏ မေတ္တာတော်ဖြင့် မေတ္တာထားနိုင်ရန် မစတော်မူပါ။ ကိုယ်တော်ထံပြုထားသော ကတိသည် ကွယ်ပျောက်သွားသကဲ့သို့ ခံစားရသည့်အချိန်၌ပင် ထိုကတိကို စောင့်ထိန်းနိုင်ဖို့ မစတော်မူပါ။ ကျွန်ုပ်အား ကိုယ်တော်ပေးတော်မူသောကျေးဇူးတော်ကို တစ်ဆင့်မျှဝေပေးနိုင်ရန် မစတော်မူပါ။ အရှုံးပေးရန် သာရှိတော့သည့် နေ့ရက်များ၌ပင် ကျွန်ုပ်အတွက် ခွန်အား ဖြစ်တော်မူပါ။ ကိုယ်တော်၌ ကျွန်ုပ်တို့ကို ပေါင်းစည်းထားနိုင်သည့် ခွန်အားရှိတော်မူကြောင်း ယုံကြည်ပါ၏။ ကိုယ်တော်၏ နာမတော်၌ ဆုတောင်းပါ၏။ အာမင်။
နေ့ 5နေ့ 7

ဤအစီအစဉ်အကြောင်း

Craig & Amy Groeschel’s From This Day Forward

မိတ်ဆွေသည် အလွန်ကောင်းသော အိမ်ထောင်ရေးအသက်တာကို ရရှိနိုင်ပါသည်။ ယနေ့ မိမိရွေးချယ်သောအရာသည် မိမိ၏ နက်ဖြန်နေ့အိမ်ထောင်ရေးအသက်တာကို ချမှတ်ပေးသည်။ သင်းအုပ်ဆရာဖြစ်ပြီး နယူးယောက်တိုင်းစ် (New York Times) တွင် ရောင်းအားအကောင်းဆုံးစာအုပ်၏ စာရေးဆရာဖြစ်သူ Craig Groeschel နှင့် သူ၏ ဇနီးသည်တို့က မိတ်ဆွေ၏ အိမ်ထောင်ရေးကို ဆုံးရှုံးမှုကင်းသော အိမ်ထောင်ရေးဖြစ်စေရန် ကတိကဝတ် (၅) ချက်ကို ပြသထားပါသည်။ ၎င်းတို့မှာ ဘုရားသခင်ကို ရှာပါ၊ မျှတစွာ ငြင်းခုံပါ၊ ပျော်ရွှင်မှုကို ခံစားပါ၊ ဖြူစင်မှုကို ထိန်းသိမ်းပါ၊ မည်သည့်အခါမျှ အရှုံးမပေးနှင့်ဟူ၍ ဖြစ်ကြသည်။ မိတ်ဆွေ အမြဲတောင့်တခဲ့သည့် အိမ်ထောင်ရေးကို ယခုပင်ရယူပါ—ယနေ့မှစ၍ အနာဂတ်သို့။

More

ဤအစီအစဉ်ရေးဆွဲခြင်းအတွက် သင်းအုပ်ဆရာကြီး Craig Groeschel နှင့် Life.Church ကို များစွာကျေးဇူးတင်ပါသည်။ ပိုမိုသိရှိလိုပါက၊ http://www.zondervan.com/from-this-day-forward/ သွားရောက်ကြည့်ရှုပါ။