Craig နှင့် Amy Groeschel တို့၏ ယနေ့မှစ၍ အနာဂတ်သို့နမူနာ

ဖြူစင်စွာ နေပါ
လူတို့သည် မင်္ဂလာဆောင်ကိစ္စအတွက် လနှင့် ချီကြိုတင်စီစဉ်တတ်သော်လည်း အိမ်ထောင်ရေးအစီအစဉ်ကိုမူ တစ်ခါတရံလျစ်လျူရှုတတ်ပါသည်။ လက်ထပ်မည့်သူအတွက် စီစဉ်ထားသည့် အတန်းများကို တက်ခြင်း၊ လက်ထပ်ပေးမည့် ဆရာနှင့်စကားပြောခြင်းစသည်တို့ကို ပြုတတ်သော်လည်း ဆက်ဆံမှုအပေါ်ဖြစ်လာနိုင်သည့် ကိစ္စနှင့်ပတ်သက်မူကား ပွင့်လင်းစွာ ပြောဆိုခြင်းမရှိဘဲ နေတတ်သည်။ မိမိတို့၌ အကျင့်ပါသော အတွေးနှင့် အပြုအမူတို့သည် တစ်ဦးနှင့် တစ်ဦးတို့၏ စည်းလုံးညီညွှတ်မှုကိုထိခိုက်စေတတ်သည်ကိုလည်း အပြည့်အဝ သတိမမူမိဘဲ နေတတ်သည်။
ဘုရားသခင်သည် ထိမ်းမြားခြင်းအိပ်ရာကို လိင်ပိုင်းဆိုင်ရာ ရင်းနှီးမှုအတွက် သီးသန့်သတ်မှတ်ထားတော်မူသည့်အလျောက် ထိုကိစ္စကို သာမန်ဆက်ဆံမှုအတွက် အသုံးပြုသောအခါ ထိခိုက်နစ်နာမှုအများဆုံးခံရသည့်အပိုင်း ဖြစ်လာသည်။ လူတတာနှင့်သောင်းပြောင်းလိင်ဆက်ဆံခဲ့သည့် လွန်ခဲ့သောအချိန်၊ ရမက်လှုံ့ဆော်သောသီချင်း၊ အညှီအဟောက်မကင်းသောဝတ္ထု၊ လိင်ပိုင်းဆိုင်ရာ နှိပ်စက်မှုခံရခြင်းကြောင့် ရရှိသည့် မပျောက်နိုင်သောဒဏ်ရာ၊ အပြာကားများကြည့်ခြင်းစသဖြင့်—အိမ်ထောင်ရေးကိစ္စ ပြင်ပမှလာသော ကာမဂုဏ်အာရုံလှုံ့ဆော်တတ်သည့် အရာအားလုံးသည် အန္တရာယ်များသောအရာ ဖြစ်သည်။ ထိုအရာတို့သည် မိတ်ဆွေကို အန္တရာယ်မပြုနိုင်ဟု သင့်ကိုယ်သင် ကြိုးစားဖျောင်းဖျသော်လည်း ထိုအမှုအရာတို့ကို မိမိ၏ အိမ်ထောင်ဖက်အား ဝှက်ထားလျှင် မိတ်ဆွေသည် ရင်းနှီးမှုတံခါးကို ပိတ်ထားပြီး အိမ်ထောင်ရေးဖောက်ပြန်မှုတံခါးကို ဖွင့်ထားခြင်း ဖြစ်သည်။
ထိုအန္တရာယ်တို့ကို ဟန့်တားသည့် အတားအဆီးကို အတူတကွ တည်ဆောက်ရန် ဆန္ဒရှိပါသလား။ စုံစမ်းခြင်းကို တားဆီး၍ ခိုင်မာစွာ ရပ်တည်နိုင်ဖို့ မိမိ၏ လွတ်လပ်မှုများကို ကန့်သတ်ရန် ဆန္ဒရှိပါသလား။ မိမိ၏ အစီအစဉ်၊ အခြားသူများနှင့် စကားပြောခြင်း၊ အွန်းလိုင်းတွင်တုံ့လှယ်ခြင်းစသည်တို့တွင် ပွင့်လင်းမှုရှိရန် ဆန္ဒရှိပါသလား။ မိမိအားနည်းသောအခါ မိတ်ဆွေကို ကာကွယ်ပေးနိုင်ဖို့ အားရှိခိုက် ထိုသို့ပြုပါ။ မိမိ၏ အားနည်းခြင်းတို့ကို ဖော်ပြပေးဖို့ ဘုရားသခင်အား တောင်းလျှောက်ပါ။—ထို့နောက် ၎င်းတို့ကို ထောက်မပါ။
စည်းကျော်နိုင်သလား။ ဆုံးရှုံးမှုဖြစ်ပေါ် နိုင်သလား။ မုချနီးပါးဖြစ်ပေါ် နိုင်ပါသည်။ ကိစ္စဖြစ်ပေါ်တိုင်း ၎င်းကို ရင်ဆိုင်ဖြေရှင်းပါ။ ခွင့်လွှတ်ပေးတော်မူရန် ဘုရားသခင်ကို တောင်းလျှောက်ပါ။ ခွင့်လွှတ်ပေးရန် မိမိအိမ်ထောင်ဖက်ကို တောင်းပန်ပါ။ သို့သော်၊ ဖြူစင်စွာ နေနိုင်ဖို့ အပတ်တကုပ်ကြိုးစားပါ။ ဖြူစင်မှုသည် အရးကြီးသည်။
အတူတကွ ဆုတောင်းကြပါစို့။ ယေရှုဘုရား၊ ကျွန်ုပ်တို့ကို ဖြူစင်စေရန်နှင့် အသစ်ဖြစ်စေရန် ကိုယ်တော်သည် ကြီးမားစွာ ပေးဆပ်ခဲ့ပါသည်။ ကိုယ်တော်တစ်ပါးတည်းသာလျှင် ကျွန်ုပ်တို့ကို ရှေ့တော်၌ ဖြူစင်အောင် ထိန်းသိမ်းနိုင်ပါသည်။ ဖြူစင်စွာ နေနိုင်ဖို့ ခွန်အားပေးတော်မူပါ။ သူတစ်ပါးကို ခွင့်လွှတ်နိုင်ရန်နှင့် အပြစ်ကြောင့် ဖြစ်ပေါ်သောပျက်စီးမှုမှ ကျွန်ုပ်တို့စိတ်နှလုံးကို ကာကွယ်နိုင်ရန် ခွန်အားပေးတော်မူပါ။ ယေရှု၏ နာမတော်၌ ဆုတောင်းပါ၏။ အာမင်။
ဤအစီအစဉ်အကြောင်း

မိတ်ဆွေသည် အလွန်ကောင်းသော အိမ်ထောင်ရေးအသက်တာကို ရရှိနိုင်ပါသည်။ ယနေ့ မိမိရွေးချယ်သောအရာသည် မိမိ၏ နက်ဖြန်နေ့အိမ်ထောင်ရေးအသက်တာကို ချမှတ်ပေးသည်။ သင်းအုပ်ဆရာဖြစ်ပြီး နယူးယောက်တိုင်းစ် (New York Times) တွင် ရောင်းအားအကောင်းဆုံးစာအုပ်၏ စာရေးဆရာဖြစ်သူ Craig Groeschel နှင့် သူ၏ ဇနီးသည်တို့က မိတ်ဆွေ၏ အိမ်ထောင်ရေးကို ဆုံးရှုံးမှုကင်းသော အိမ်ထောင်ရေးဖြစ်စေရန် ကတိကဝတ် (၅) ချက်ကို ပြသထားပါသည်။ ၎င်းတို့မှာ ဘုရားသခင်ကို ရှာပါ၊ မျှတစွာ ငြင်းခုံပါ၊ ပျော်ရွှင်မှုကို ခံစားပါ၊ ဖြူစင်မှုကို ထိန်းသိမ်းပါ၊ မည်သည့်အခါမျှ အရှုံးမပေးနှင့်ဟူ၍ ဖြစ်ကြသည်။ မိတ်ဆွေ အမြဲတောင့်တခဲ့သည့် အိမ်ထောင်ရေးကို ယခုပင်ရယူပါ—ယနေ့မှစ၍ အနာဂတ်သို့။
More
ဤအစီအစဉ်ရေးဆွဲခြင်းအတွက် သင်းအုပ်ဆရာကြီး Craig Groeschel နှင့် Life.Church ကို များစွာကျေးဇူးတင်ပါသည်။ ပိုမိုသိရှိလိုပါက၊ http://www.zondervan.com/from-this-day-forward/ သွားရောက်ကြည့်ရှုပါ။