YouVersion လိုဂို
ရှာရန် အိုင်ကွန်

Craig နှင့် Amy Groeschel တို့၏ ယနေ့မှစ၍ အနာဂတ်သို့နမူနာ

Craig & Amy Groeschel’s From This Day Forward

7 ၏ နေ့ 3

မျှတစွာငြင်းခုံပါ



လင်မယားတိုင်း ငြင်းခုံတတ်ပါသည်။ သို့သော်၊ မိမိငြင်းခုံသည့် ပုံစံအားဖြင့် အနည်းငယ်သော သဘောထားကွဲလွဲမှုနှင့် သာပြီးသွားနိုင်သကဲ့သို့ များစွာသော ပျက်စီးမှုတို့ကိုလည်း ဖြစ်စေနိုင်ပါသည်။ တည်ကြည်သင့်တင့်သော လင်မယားသည် အောင်နိုင်ဖို့ မဟုတ်ဘဲ အဖြေရဖို့ ငြင်းခုံတတ်သည်။ ပြဿနာ၌ ဆက်ဆံမှုကို ဖျက်နိုင်သောသဘော မရှိပါ။ သို့သော်၊ ပြဿနာကို အပြုသဘောဖြင့် မိတ်ဆွေ မဖြေရှင်းသည့်အတွက် သတိထားသင့်သည့် ရှေ့ပြေးလက္ခဏာ (၄) ရပ်ကို အောက်တွင် ဖော်ပြလိုသည်။

(၁) အပြစ်တင်ခြင်း။
မိတ်ဆွေသည် သဘောထားကွဲလွဲမှုနှင့် ပြဿနာတို့အပေါ် အခွင့်အရေးယူပြီး မိမိ၏ အိမ်ထောင်ဖက်ကို အပြစ်တင်နေပါသလား။ သူများရှေ့တွင် သူ့ကို အပြစ်တင်ခြင်းဖြင့် ပြစ်မှားဖူးသလား။ အပြစ်တင်ခြင်းသည် ဆက်ဆံမှုအတွက် မဟုတ်ဘဲ တစ်ဦးနှင့် တစ်ဦးအပေါ် ငြင်းခုံနေသည့်အတွက် သတိထားသင့်သည့် ရှေ့ပြေးလက္ခဏာ ဖြစ်သည်။

(၂) မောက်မာခြင်း။
မောက်မာခြင်းသည် အိမ်ထောင်ရေးလမ်းမှားသို့ ရောက်နေသည့်ပုံပြသော အဓိကအကျဆုံးအချက် ဖြစ်သည်။ စကားဖြင့် တိုက်ရိုက်မပြောသည့်တိုင်အောင် မနှစ်မြို့ဖွယ်သော အကြည့်၊ စိတ်အနှောင့်အယှက် ဖြစ်ကြောင်းဖော်ပြသောမျက်နှာနှင့် ငေါ့လုံး၊ ထေ့လုံးပါသောစကားတို့သည်လည်း အန္တရာယ်အလွန်ကြီးသောအရာများ ဖြစ်သည်။

(၃) မိမိကိုယ်ကိုယ်ကာကွယ်ပြောဆိုခြင်း။
ယခုအချိန်ပင်—ငြင်းခုံနေဆဲဖြစ်သည့် အချိန်မဟုတ်သော်လည်း—ကျွဲမြီးတိုသည့်အချိန်တွင် ဤအချက်ကို မိတ်ဆွေကိုယ်၌ တွေ့မြင်ရခက်ပါလိမ့်မည်။ မိမိမီးမောင်းထိုးခံရသည့်အခါ ထိုအရာကို လက်ခံနားထောင်ရမည်။

(၄)ကဖျက်ယဖျက်လုပ်ခြင်း။
မိမိ၏ အိမ်ထောင်ဖက်သည် မိမိနှင့်အတူ ဘုရားသခင်ကို မရှာဘဲနေလျှင်လည်း မိတ်ဆွေသည် ထိုသို့မပြုဘဲ မနေပါနှင့်။ မိမိ၏ အိမ်ထောင်ဖက်သည် မိမိရန်သူ မဟုတ်ပါ။ ကျွန်တော်တို့တွင် ရန်သူတစ်ပါးတည်းသာ ရှိသည်။ ထိုသူ (မာရ်နတ်) သည် သူခိုးနှင့် လိမ်လည်လှည့်ဖျားသူ ဖြစ်ပြီး မည်သည့်အခါမျှ မျှတစွာမငြင်းခုံပါ။ တစ်ဦးနှင့် တစ်ဦး မငြင်းခုံကြပါနှင့်။ တစ်ဖွဲ့တည်းတွင်နေပြီး မိမိ၏ ဆက်ဆံမှုကို နှောင့်ယှက်ဖျက်ဆီးတတ်သော မာနထောင်လွှားခြင်းနှင့် စိတ်နှလုံးမာကျောခြင်းစသည့် ဝိညာဉ်ရေးဆိုင်ရာပြဿနာတို့ကို ရင်ဆိုင်ဖြေရှင်းကြပါစို့။

အတူတကွဆုတောင်းကြပါစို့။ ယေရှုဘုရား၊ ကျွန်ုပ်တို့၏ ကောင်းမွန်သော အိမ်ထောင်ရေးဆက်ဆံမှုကို ဖျက်ဆီးတတ်သော ပြဿနာများကို ကျွန်ုပ်တို့ထံမှ ဝေးစွာ ဖယ်ထုတ်တော်မူပါ။ ကျွန်ုပ်တို့တစ်ဦးစီသည် မာနကို စွန့်ပယ်၍ အပြစ်တင်ခြင်း၊ မောက်မာခြင်း၊ မိမိကိုယ်ကိုယ်ကာကွယ် ပြောဆိုခြင်းနှင့် ကဖျက်ယဖျက်လုပ်ခြင်းစသည့် ကျွန်ုပ်တို့ကိုယ်၌ရှိသော ပြဿနာကို ဖြေရှင်းနိုင်ဖို့ မစတော်မူပါ။ ပြန်လည်ပြုပြင်ခြင်းနှင့် ပြေလည်ခြင်းတို့ရရှိရန်အတွက် ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ မစတော်မူပါ။ ယေရှု၏ နာမတော်၌ ဆုတောင်းပါ၏။ အာမင်။
နေ့ 2နေ့ 4

ဤအစီအစဉ်အကြောင်း

Craig & Amy Groeschel’s From This Day Forward

မိတ်ဆွေသည် အလွန်ကောင်းသော အိမ်ထောင်ရေးအသက်တာကို ရရှိနိုင်ပါသည်။ ယနေ့ မိမိရွေးချယ်သောအရာသည် မိမိ၏ နက်ဖြန်နေ့အိမ်ထောင်ရေးအသက်တာကို ချမှတ်ပေးသည်။ သင်းအုပ်ဆရာဖြစ်ပြီး နယူးယောက်တိုင်းစ် (New York Times) တွင် ရောင်းအားအကောင်းဆုံးစာအုပ်၏ စာရေးဆရာဖြစ်သူ Craig Groeschel နှင့် သူ၏ ဇနီးသည်တို့က မိတ်ဆွေ၏ အိမ်ထောင်ရေးကို ဆုံးရှုံးမှုကင်းသော အိမ်ထောင်ရေးဖြစ်စေရန် ကတိကဝတ် (၅) ချက်ကို ပြသထားပါသည်။ ၎င်းတို့မှာ ဘုရားသခင်ကို ရှာပါ၊ မျှတစွာ ငြင်းခုံပါ၊ ပျော်ရွှင်မှုကို ခံစားပါ၊ ဖြူစင်မှုကို ထိန်းသိမ်းပါ၊ မည်သည့်အခါမျှ အရှုံးမပေးနှင့်ဟူ၍ ဖြစ်ကြသည်။ မိတ်ဆွေ အမြဲတောင့်တခဲ့သည့် အိမ်ထောင်ရေးကို ယခုပင်ရယူပါ—ယနေ့မှစ၍ အနာဂတ်သို့။

More

ဤအစီအစဉ်ရေးဆွဲခြင်းအတွက် သင်းအုပ်ဆရာကြီး Craig Groeschel နှင့် Life.Church ကို များစွာကျေးဇူးတင်ပါသည်။ ပိုမိုသိရှိလိုပါက၊ http://www.zondervan.com/from-this-day-forward/ သွားရောက်ကြည့်ရှုပါ။