YouVersion လိုဂို
ရှာရန် အိုင်ကွန်

Craig နှင့် Amy Groeschel တို့၏ ယနေ့မှစ၍ အနာဂတ်သို့နမူနာ

Craig & Amy Groeschel’s From This Day Forward

7 ၏ နေ့ 4

ပျော်ရွှင်မှုကို ခံစားပါ



စေ့စပ်ထားသည့် အချိန်သည် ပျော်ရွှင်းစရာကောင်းသည့်အချိန် ဖြစ်ပါသည်။ မျှော်မှန်းခြင်းနှင့် စိတ်လှုပ်ရှားခြင်းဖြင့် ပြည့်ဝသည့်အချိန်လည်း ဖြစ်သည်။ သို့သော်၊ တစ်သက်လုံး အတူတူနေထိုင်ရမည့် အသက်တာ၏ ရှုထောင့်မှကြည့်လျှင် တိုတောင်းသော အချိန်သာ ဖြစ်ပါသည်။ ပိုးပန်းသည့်ကာလ၊ စေ့စပ်သည့်ကာလနှင့် ပျားရည်ဆမ်းခရီးကာလတို့တွင် ခံစားရသောထိုပျော်ရွှင်မှုကို နောင်လာမည့် နှစ်ပေါင်းများစွာသော အိမ်ထောင်ကာလအထိ မည်ကဲ့သို့ ဆက်၍ တည်စေနိုင်သနည်း။ မိတ်ဆွေသည် ငွေရေးကြေးရေးအတွက်အားစိုက်နေရသည့်အချိန်၊ သားသမီးတို့၏ ပြဿနာနှင့် ကြုံတွေ့ရသည့် အချိန်၊ (သို့) သာမာန်အသက်တာ ပြောင်းလဲသွားသောအချိန်တို့တွင် မည်ကဲ့သို့ ပျော်ရွှင်နိုင်မည်နည်း။ မိမိ၏ အိမ်ထောင်ဖက်ကို ရရှိပြီးသား ဖြစ်သော်လည်း ရရှိရန်ဆက်၍ ကြိုးစားနေရသေးသလား။

ဟုတ်ပါသည်။ မိတ်ဆွေသည် ပျော်ရွှင်မှုကို ဦးစားပေးရသည်။ ၎င်းသည် လက်လမ်းမမီနိုင်သော စည်းစိမ်ကဲ့သို့ ဖြစ်သော်လည်း အမှန်မှာ ကာလရှည်လျားသော အိမ်ထောင်ရေးအသက်တာအတွက် မဖြစ်မနေရှိရမည့် အရာဖြစ်ပါသည်။ ပျော်ရွှင်မှုသည် လိုအပ်မှုဖြစ်သည်။ မိတ်ဆွေသည် မိမိ၏ အိမ်ထောင်ဖက်နှင့် ပျော်ရွှင်စွာနေဖို့ ရွေးချယ်နိုင်ပါသည်။

သူတစ်ပါး၏ အိမ်ထောင်ရေးသည် ကိုယ့်ထက်ပို၍ ပျော်ရွှင်စွာကောင်းသည်ဟု မြင်ရသောအခါ၊ မြစ်ကမ်းမှာရှိသည့် မိန်းကလေးတစ်စုံတစ်ဦးက မိမိ၏ ဟာသကြောင့်ရည်ရွှင်သောအခါ၊ တစ်ရုံးခန်းထဲတွင် လုပ်ဆောင်နေသည့် ယောက်ျားတစ်စုံတစ်ဦးတွင် စနေ၊ တနင်္ဂနွေနေ့တို့အတွက် ပို၍ကောင်းသောအစီအစဉ် ရှိသောအခါစသည်တို့တွင် မည်သို့ပြုမည်နည်း။ အခြားနေရာ ရှိမြက်ခင်းသည် ကိုယ့်မြက်ခင်းထက် စိမ်းလန်းနေသည်ဟု ထင်ရလျှင်—ကိုယ့်မြက်ခင်းကို ရေလောင်းပါ။ ရင်းနှီးမှုနှင့် ဆက်နွှယ်မှုတို့အတွက် ဂရုစိုက်ပါ။ အတူတူရည်ရွှင်ခြင်း၊ တို့ဝှေ့ပူးကပ်ခြင်း၊ တစ်ဦးနှင့် တစ်ဦး၏ နှစ်သိမ့်မှုနှင့် ပျော်ရွှင်းမှုကို ရှာခြင်းစသည် တို့ပြုလျက် အချင်းချင်း အကောင်းဆုံးမိတ်ဆွေ ပြန်ဖြစ်လာရန် ကြိုးစားပါ ပျော်ရွှင်မှုအတွက် သီးသန့်အချိန်ယူခြင်းသည် ပျော်ရွှင်စရာ မဟုတ်သလို ခံစားရသော်လည်း ထိုသို့ပြုခြင်းမှစတင်ရန် လိုအပ်နေပါလိမ့်မည်။ ထိုသို့သောဆက်ဆံမှုကို လိုချင်နေသည် မဟုတ်ပါသလား။

အတူတကွဆုတောင်းကြပါစို့။ အိုအဖ၊ ကျွန်ုပ်တို့အချင်းချင်း အချိန်မပေးခဲ့ခြင်းအားဖြင့် ဖြစ်လာသည့် အရာများအတွက် နောင်တရပါ၏။ လင်မယားစုံတွဲအနေဖြင့် ပျက်ကွက်ခဲ့သည့်အချိန်ကို ပြန်လည်ရရှိနိုင်ရန် မစတော်မူပါ။ အတူတကွ ပျော်ရွှင်နိုင်ဖို့ ဉာဏ်ပညာနှင့် ထိုးထွင်းဉာဏ်တို့ကို ကျွန်ုပ်တို့အား ပေးသနားတော်မူပါ။ ယေရှု၏ နာမတော်၌ ဆုတောင်းပါ၏။ အာမင်။
နေ့ 3နေ့ 5

ဤအစီအစဉ်အကြောင်း

Craig & Amy Groeschel’s From This Day Forward

မိတ်ဆွေသည် အလွန်ကောင်းသော အိမ်ထောင်ရေးအသက်တာကို ရရှိနိုင်ပါသည်။ ယနေ့ မိမိရွေးချယ်သောအရာသည် မိမိ၏ နက်ဖြန်နေ့အိမ်ထောင်ရေးအသက်တာကို ချမှတ်ပေးသည်။ သင်းအုပ်ဆရာဖြစ်ပြီး နယူးယောက်တိုင်းစ် (New York Times) တွင် ရောင်းအားအကောင်းဆုံးစာအုပ်၏ စာရေးဆရာဖြစ်သူ Craig Groeschel နှင့် သူ၏ ဇနီးသည်တို့က မိတ်ဆွေ၏ အိမ်ထောင်ရေးကို ဆုံးရှုံးမှုကင်းသော အိမ်ထောင်ရေးဖြစ်စေရန် ကတိကဝတ် (၅) ချက်ကို ပြသထားပါသည်။ ၎င်းတို့မှာ ဘုရားသခင်ကို ရှာပါ၊ မျှတစွာ ငြင်းခုံပါ၊ ပျော်ရွှင်မှုကို ခံစားပါ၊ ဖြူစင်မှုကို ထိန်းသိမ်းပါ၊ မည်သည့်အခါမျှ အရှုံးမပေးနှင့်ဟူ၍ ဖြစ်ကြသည်။ မိတ်ဆွေ အမြဲတောင့်တခဲ့သည့် အိမ်ထောင်ရေးကို ယခုပင်ရယူပါ—ယနေ့မှစ၍ အနာဂတ်သို့။

More

ဤအစီအစဉ်ရေးဆွဲခြင်းအတွက် သင်းအုပ်ဆရာကြီး Craig Groeschel နှင့် Life.Church ကို များစွာကျေးဇူးတင်ပါသည်။ ပိုမိုသိရှိလိုပါက၊ http://www.zondervan.com/from-this-day-forward/ သွားရောက်ကြည့်ရှုပါ။