Craig နှင့် Amy Groeschel တို့၏ ယနေ့မှစ၍ အနာဂတ်သို့နမူနာ
ယနေ့မှစ၍ အနာဂတ်သို့
မိတ်ဆွေသည် အိမ်ထောင်ပြုပြီးဖြစ်စေ၊ မပြုသေးဖြစ်စေ၊ မိမိ၏ အိမ်ထောင်ရေးမည်သို့ဖြစ်မည်ကို စိတ်ကူးယဉ်ဖူးသလား။ မိမိ၏ အိမ်ထောင်ဖက်သည် မည်သို့သောသူဖြစ်မည်နည်း။ အချင်းချင်းအကြား မည်သို့သော ဆက်ဆံမှုမျိုးရှိမည်နည်း။ မည်သည့် အချိန်တွင်ကလေးမွေးပြီး ဘယ်မှာနေထိုင်ကြမည်နည်း စသဖြင့်တို့ ဖြစ်သည်။ မိမိ၏ လက်ရှိအသက်ရှင်နေထိုင်မှုပုံကိုလည်း စဉ်းစားကြည့်ပါ။ ကျွန်တော်တို့၏ စိတ်ကူးယဉ်အတိုင်း အမှန်တကယ် ဖြစ်မလာသောအခါ ကျွန်တော်တို့မည်သို့ပြုကြမည်နည်း။
အိမ်ထောင်ပြုခြင်းဆိုင်ရာ ကတိခံဝန်ချက်တွင် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ကျန်းမာသည်ဖြစ်စေ၊ ဖျားနာသည်ဖြစ်စေ ဟုသည့်စကားများပါသည်။ ဆက်ဆံမှုတွင် ဤအရာအားလုံး ပါဝင်သည်။ ယခုအချိန်တွင် စိတ်မကူးမစည်းစားမိသည့် မည်သို့သော အချေအနေ၊ ရွေးချယ်မှု၊ ချို့တဲ့မှု၊ မမျှော်လင့်ထားမှုမျိုးတို့၌ ကျွန်တော်တို့ကျရောက်သည်ဖြစ်စေ ပြန်ကောင်းလာစေရန် ကျွန်တော်တို့နောက်ကြောင်းပြန်၍ မရနိုင်ပါ။ ပို၍ကောင်းသော အနာဂတ်အတွက် ယခုပင် အခိုင်အမာဆုံးဖြတ်ပြီး စတင်လုပ်ဆောင်ရမည် ဖြစ်သည် - ယနေ့မှစ၍အနာဂတ်သို့။
မိမိစိတ်ကူးယဉ်ခဲ့သော အိမ်ထောင်ကို မိတ်ဆွေရယူနိုင်ခဲ့သည်ဆိုလျှင် ရယူခဲ့ပြီးဖြစ်သည် မဟုတ်သလား။ မိတ်ဆွေမှာ ခွန်အားမရှိပါက အမြဲတမ်းလုံလောက်စွာရှိသည့် ခရစ်တော်၏ ခွန်အားကို အားကိုးရမည် ဖြစ်သည်။ အချစ်ရေးနှင့် လုံးဝကင်းကွာနေသည်ဟု မိတ်ဆွေ ထင်ရသောအခြေအနေ၌ မိမိရှိနေသည့် အခါတွင်ပင် မိတ်ဆွေသည် ကိုယ်တော်၏ မကုန်ခန်းနိုင်သော ချစ်ခြင်းမေတ္တာတော်ကို အားကိုးနိုင်သည်။
အတူတကွဆုတောင်းကြပါစို့။ ကိုယ်တော်ရှင်ဘုရား၊ ကိုယ်တော်ပေးသနားတော်မူသော နေ့အားလုံးသည် ကိုယ်တော်၏ လက်ဆောင်ဖြစ်ပြီး အသစ်စတင်ရန် အခွင့်အရးတစ်ခုဖြစ်သောကြောင့် ကိုယ်တော်ကို ကျေးဇူးတင်ပါသည်။ လွန်ခဲ့ပြီးသော အရာများကို ခွင့်လွှတ်ပြီး မေ့လျော့နိုင်ရန် မစတော်မူပါ။ ကျွန်ုပ်တို့၏ အားနည်းခြင်းတွင် ကိုယ်တော်၏ ခွန်အားကို ယနေ့မက မနက်ဖြန်နှင့် နောက်နောင်အစဉ်အမြဲတွေ့ရှိနိုင်ရန် မစတော်မူပါ။ ယေရှု၏ နာမတော်၌ ဆုတောင်းပါ၏။ အာမင်။
ဤအစီအစဉ်အကြောင်း
မိတ်ဆွေသည် အလွန်ကောင်းသော အိမ်ထောင်ရေးအသက်တာကို ရရှိနိုင်ပါသည်။ ယနေ့ မိမိရွေးချယ်သောအရာသည် မိမိ၏ နက်ဖြန်နေ့အိမ်ထောင်ရေးအသက်တာကို ချမှတ်ပေးသည်။ သင်းအုပ်ဆရာဖြစ်ပြီး နယူးယောက်တိုင်းစ် (New York Times) တွင် ရောင်းအားအကောင်းဆုံးစာအုပ်၏ စာရေးဆရာဖြစ်သူ Craig Groeschel နှင့် သူ၏ ဇနီးသည်တို့က မိတ်ဆွေ၏ အိမ်ထောင်ရေးကို ဆုံးရှုံးမှုကင်းသော အိမ်ထောင်ရေးဖြစ်စေရန် ကတိကဝတ် (၅) ချက်ကို ပြသထားပါသည်။ ၎င်းတို့မှာ ဘုရားသခင်ကို ရှာပါ၊ မျှတစွာ ငြင်းခုံပါ၊ ပျော်ရွှင်မှုကို ခံစားပါ၊ ဖြူစင်မှုကို ထိန်းသိမ်းပါ၊ မည်သည့်အခါမျှ အရှုံးမပေးနှင့်ဟူ၍ ဖြစ်ကြသည်။ မိတ်ဆွေ အမြဲတောင့်တခဲ့သည့် အိမ်ထောင်ရေးကို ယခုပင်ရယူပါ—ယနေ့မှစ၍ အနာဂတ်သို့။
More
ဤအစီအစဉ်ရေးဆွဲခြင်းအတွက် သင်းအုပ်ဆရာကြီး Craig Groeschel နှင့် Life.Church ကို များစွာကျေးဇူးတင်ပါသည်။ ပိုမိုသိရှိလိုပါက၊ http://www.zondervan.com/from-this-day-forward/ သွားရောက်ကြည့်ရှုပါ။