YouVersion လိုဂို
ရှာရန် အိုင်ကွန်

သ​ခင်​ဘု​ရား၌ အ​စဉ်​မ​ပြတ် ဝမ်း​မြောက်​ခြင်း​ ရှိ​ကြ​လော့နမူနာ

In All Things

5 ၏ နေ့ 5

ကျွန်မတို့၏ ဝမ်မြောက်ခြင်းကို အလေးထားသော အရှင်ယေရှုဘုရား

မသေဆုံးမီညတွင်၊ အရှင်ယေရှုဘုရားသည် မိမိတပည့်တော်များနှင့်အတူ နောက်ဆုံးညစာစားပွဲကို ကျင်းပလျက် မိန့်တော်မူခဲ့သည်။ အရှင်ယေရှုဘုရားသည် ဤလောကမှ ထွက်စေဖို့ ပြင်ဆင်နေချိန်တွင် အဘယ်အရာကို အာရုံစိုက်စေခဲ့သလဲ။

(ယော၊ ၁၄-၁၆) တွင်၊ သင်တို့ စိတ်နှလုံးပူပန်ခြင်း မရှိစေနှင့်။ အကြင်သူသည် ငါ၌ တည်၍ ငါသည်လည်း သူ၌ တည်၏၊ ထိုသူသည် များစွာသောအသီးကို သီးတတ်၏။ ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှ မတတ်နိုင်ကြဟု အရှင်ယေရှုဘုရားသည် မိမိချစ်တပည့်တော်တို့ကို မိန့်ပေးတော်မူခဲ့သည်။

ထို့နောက်၊ အရှင်ယေရှုဘုရားသည် ဤအရာအလုံးစုံတို့ကို အဘယ်ကြောင့်မိန့်တော်မူကြောင်းကို ရှင်းပြတော်မူခဲ့သည်။ သင်တို့၌ ငါဝမ်းမြောက်စရာအကြောင်း တည်စေခြင်းငှာလည်းကောင်း၊ သင်တို့ ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှာလည်းကောင်း၊ ဤစကားကို သင်တို့အား ငါဟောပြော၏ (ယော၊ ၁၅း၁၁)။

အရှင်ယေရှုဘုရားသည် ကျွန်မတို့၏ ဝမ်းမြောက်ခြင်းကို အလေးထားလျက် သတိနှင့်ကြည့်ရှုတော်မူသည်။

ဤစာကိုရေးစဉ်တွင်၊ ကျွန်မ၏ မျက်စိမှာ မျက်ရည်များနှင့် ပြည့်လျှံနေသည်။ ဘုရားရှင်၏ မေတ္တာတော်သည် အလွန်အံ့ဩပြီး၊ အလွန်မြင့်မြတ်ပါသည်တကား။ ကျွန်မတို့၌ ကိုယ်တော်၏ ဝမ်းမြောက်စရာအကြောင်း တည်စေခြင်းငှာ အရှင်ယေရှုဘုရားသည် အပြင်ထန်းဆုံးသော ဒုက္ခဝေဒနာကို ခံခဲ့သည်။ ၎င်းသမ္မာတရားသည် အလွန်အမင်း အံ့ဩစရာကောင်းပါသည်။ ထိုသခင်သည် မိမိရှေ့၌ထားသော ဝမ်းမြောက်ခြင်း အကြောင်းကြောင့်၊ ရှက်ကြောက်သောအရာကို မမှတ်ဘဲ လက်ဝါးကပ်တိုင်၌ ခံပြီးမှ၊ ဘုရားသခင်၏ ပလ္လင်တော် လက်ယာဘက်၌ ထိုင်နေတော်မူ၏ (ဟေဗြဲ၊ ၁၂း၂)။

အရှင်ယေရှုဘုရားသည် ကျွန်မတို့ကို ခေတ္တခဏတည်းသော လောကီပျော်ရွှင်သာ ရရှိခံစားစေဖို့ မျှော်လင့်တော်မမူ။ ကျွန်မတို့၏ စုံလင်သောလောကုတ္တရာဝမ်းမြောက်ခြင်းကို လျှံလျက်ရှိစေဖို့ ကိုယ်တော် အလိုရှိတော်မူသည်။ ကျွန်မတို့၏ ဝမ်းမြောက်ခြင်းသည် အရှင်ယေရှုဘုရားအဖို့ အလွန်ရေးကြီးသည်။

အရှင်ယေရှုဘုရားသည် ကျွန်မတို့၏ ဝမ်းမြောက်ခြင်းကို ပေးသောသူနှင့် တည်ရှိသောသူ ဖြစ်သည်။ ကိုယ်တော်မှလွဲ၍ ကျွန်မတို့၏ အသက်တာများသည် အဓိပ္ပာယ်မဲ့ပြီး စစ်မှန်သော ဝမ်းမြောက်ခြင်းနှင့် စိတ်ချမ်းသာခြင်းကို မခံစားရချေ။ ကျွန်မတို့သည် ကိုယ်တော်ထံမှ မသောက်မချင်း ရေငတ်လျက် လှည့်လည်နေကြသည်။ ကိုယ်တော်သည် အာလဖ ဖြစ်သည်။ ဩမေဃလည်း ဖြစ်သည်။ အဦးဆုံးသောသူ၊ နောက်ဆုံးသောသူ ဖြစ်သည်။ အစနှင့် အဆုံးလည်း ဖြစ်သည်။ ကောင်းမြတ်စုံလင်သော ဆုကျေးဇူးရှိသမျှတို့သည် ကိုယ်တော်၏ လက်တော်ထံတော်မှ သက်ရောက်သည်ဖြစ်၍၊ ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွတ်လျက်ဖြစ်သောအရာ တစ်စုံတစ်ခုမျှ မရှိ။ အကယ်၍ ကျွန်မတို့၏ ရွှင်လန်းလိုသော တသခြင်းသည် အရှင်ယေရှုဘုရားအတွက် တသခြင်းပင် ဖြစ်သည်။

ဖိလိပ္ပိဩဝါဒစာသည် စစ်မှန်သော ဝမ်းမြောက်ခြင်းကို ဖော်ပြထားသည်။ ဝမ်းမြောက်ခြင်းသည် ကယ်တင်ခြင်းမှ အစပြုပြီး မိတ်သဟာယဖွဲ့ခြင်း၊ ခရစ်တော်၏ အရှင်ဖြစ်ခြင်းကို နားလည်ခြင်း၊ ကိုယ်တော်၏ နှိမ့်ချမှုကို ခံယူခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်မြတ်ကို နာခံခြင်းအားဖြင့် ပိုမိုတိုးပွားစေသည်။ မိမိယုံကြည်ခြင်းကို ပိုမိုခိုင်ခံ့လာသောအခါ၊ မိမိအလိုဆန္ဒများကိုလည်း ပြောင်းလဲစေသည်။ အရှင်ယေရှုဘုရားကို ပိုမိုသိကျွမ်းစေဖို့ အလွန်တောင့်တကြသည်။ လောကီအရာ၌ မဟုတ်ဘဲ ကောင်းကင်ဘုံနှင့်ဆိုင်သော လောကုတ္တရာဝမ်းမြောက်ခြင်း၌သာ မျှော်လင့်ကြသည်။ သောကမီးကို ငြိမ်းအေးပြီး ကျေးဇူးတော်ကို ချီးမွမ်းတတ်သူ ဖြစ်ကြသည်။ ကျွန်မတို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို ပိုမိုတိုးပွားစေဖို့ စေတနာသဒ္ဓါကြည်ဖြူစွာ အလှူလှူသည်။

ရှင်ပေါလုသည် ရှုတ်ချခြင်းကိုလည်းကောင်း၊ ကြွယ်ဝခြင်းကိုလည်းကောင်း၊ ခံတတ်၏။ ဝစွာစားခြင်း၊ မွတ်သိပ်ခြင်း၊ စည်းစိမ်ရှိခြင်း၊ ဆင်းရဲခြင်းတို့ကို ခံရအံ့သောငှာ၊ အရပ်ရပ်တို့တွင် အရာရာ၌ သင်မိပြီ။ ကျွန်မတို့သည် ရှင်ပေါလုကဲ့သို့ ဘုရားသခင်ကို ယုံကြည်အားကိုးလျှင် ကျွန်မတို့၏ ဝမ်းမြောက်ခြင်းကိုလည်း ပိုမိုတိုးပွားစေလိမ့်မည်။

ချစ်မိတ်ဆွေအတွက် ကျွန်မ၏ နောက်ဆုံးအားပေးစကားနှင့် စိတ်ဆန္ဒကား၊ ဘုရားရှင်၏ နှုတ်ကပတ်တော်မြတ်ကို အစဉ်မပြတ် လေ့လာပါ။ ဘုရားသခင်၌ တည်ပြီး၊ သူ့ထံဆုတောင်းပတ္ထနာပြုလျက် ကိုယ်တော်ကို အစဉ်အမြဲ ရှာဖွေပါ။

ချစ်မိတ်ဆွေ၌ အရှင်ယေရှုဘုရား၏ ဝမ်းမြောက်စရာအကြောင်း တည်ရှိလျက်၊ ၎င်းဝမ်းမြောက်စရာအကြောင်း စုံလင်ပါစေ။

ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ပါစေ၊ ပျော်ရွှင်မှုကို ရွေးချယ်ခြင်းဆိုတာ ဘာကိုဆိုလိုပါသလဲ။

နေ့ 4

ဤအစီအစဉ်အကြောင်း

In All Things

ဖိလိပ္ပိအသင်းတော်ထံ တမန်တော်ကြီး ရှင်ပေါလုရေးသော ဩဝါဒစာသည် ရာစုနှစ်များစွာ တည်ရှိပြီး ကျွန်တော်တို့၏ စိတ်ဝိညာဉ်အတွက် ဓမ္မအဟာရဖြစ်သလို စိန်ခေါ်ဖွယ်ရာလည်း ဖြစ်သည်။ ဤ (၅) ရက်တာအစီစဉ်တွင်၊ လွန်ခဲ့သောရာစုနှစ်များစွာက ရှင်ပေါလုပြုစုခဲ့သော ဖိလိပ္ပိဩဝါဒစာ၏ အရသာကို မြည်းစမ်းစေသည်။ ဤဝမ်းမြောက်ခြင်းနှင့် ပြည့်ဝသောဩဝါဒစာကို ဖတ်ရှုခြင်းဖြင့် အံ့သြဖွယ်မျှော်လင့်ခြင်းကို ရရှိခံစားပါစေ။ ဤဩဝါဒစာသည် ရှေးဖိလိပ္ပိအသင်းတော်အတွက်သာ မဟုတ်ဘဲ မိတ်ဆွေအတွက်လည်း ဖြစ်ပါသည်။

More

ဒီအစီအစဥ်ကို ထောက်ပံ့ပေးသော WaterBrook Multnomah ကို ‌ကျေးဇူးတင်ပါသည်။ ပိုမိုသိရှိလိုပါက၊ https://waterbrookmultnomah.com/books/561570/in-all-things-by-melissa-b-kruger/ သို့ ဝင်ရောက်ပြီး ကြည့်ရှုလိုက်ပါ။