သခင်ဘုရား၌ အစဉ်မပြတ် ဝမ်းမြောက်ခြင်း ရှိကြလော့နမူနာ
ကယ်တင်သော ကျေးဇူးတော်
ရှင်ပေါလု၏ ဝမ်းမြောက်ခြင်းအဖို့အလိုငှာ၊ ဘုရားသခင် ချပေးသော အုတ်မြစ်ဖြစ်သည့် ရှင်ပေါလု၏ အမှုတော်အစပြုရာကို ပြန်လည်ကြည့်ကြပါစို့။ ဘုရားသခင်သည် ရှင်ပေါလု၏ စိတ်နှလုံးကို ပြောင်းလဲစေရုံသာမက၊ သူ့ကို တမန်တော်အရာ၌ ခန့်ထားလျက် အသင်းတော်ကို ဦးဆောင်စေရန်နှင့် သမ္မာကျမ်းစာကို ရေးသားပြုစုစေရန် အခွင့်အာဏာကို ပေးခဲ့ပါသည်။ ဘုရားသခင်သည် ရှင်ပေါလု၏ အသက်တာကို လုံးဝဥဿုံ ပြောင်းလဲစေပြီး သာသနာပလူများထံ အရှင်ယေရှုဘုရား၏ သတင်းကောင်းမြတ်ကို ဝေငှရန် စေလွှတ်ခဲ့သည်။ ဘုရားသခင်သည် ရှင်ပေါလုအတွက် ဓမ္မအမှုတော်တစ်ခုကို ပြင်ဆင်ပြီး ၎င်းအမှုတော်ကို ဆောင်ရွက်စေရန်အတွက် ရှင်ပေါလုကိုလည်း ပြင်ဆင်ခဲ့သည်။ ရှင်ပေါလုသည် အဓမ္မလူကနေ ဓမ္မဆရာအဖြစ် ပြောင်းလဲစေခဲ့သည်။
ရှင်ပေါလုကဲ့သို့ ဒမာသက်မြို့သို့ သွားရာလမ်းတွင် မျက်စိကွယ်စေသောအလင်းကို ကျွန်မတို့မတွေ့ကြုံပေမဲ့၊ ကျွန်မတို့တစ်ဦးစီတိုင်းတွင် အံ့ဩဖွယ်ယုံကြည်ခြင်းဇာတ်လမ်း ရှိကြသည်။ မိတ်ဆွေ၏ ဇာတ်လမ်းသည် ရှင်ပေါလုကဲ့သို့ပင် သဘာဝအလွန် တအံ့တဩ ဖြစ်ပြီး (သို့) ဘုရားသခင်သည် မိမိ၏ ဉာဏ်မျက်စီကို တဖြည့်ဖြည့် ဖွင့်စေခဲ့သည်။ ဘုရားသခင်သည် ကျွန်မတို့အားလုံး နည်းလမ်းအမျိုးမျိုးဖြင့် ကိုယ်တော်ထံ ဆွဲခေါ်ပါသည်။ ဘာပဲဖြစ်ဖြစ်၊ သတင်းကောင်းက ဘုရားသခင်သည် မိမိ၏ ဉာဏ်မျက်စိကွယ်ခြင်းကို ပယ်ပါပြီ။ ဘုရားသခင်သည် မိတ်ဆွေအတွက် အမှုတော်တစ်ခုကို ပြင်ဆင်ပြီး ၎င်းအမှုတော်ကို ဆောင်ရွက်စေရန်အတွက် မိတ်ဆွေကိုလည်း ပြင်ဆင်ခဲ့ပြီ။
လိပ္ပိမြို့၌ နေထိုင်သောအခါ၊ ရှင်ပေါလုသည် လူအမျိုးမျိုး တွေ့ဖူးခဲ့သည်။ ဥပမာ၊ သွာတိရမြို့ရှိ လုဒိသည် ရှင်ပေါလုနှင့် သူ၏အဖော်များကို မိမိအိမ်ထံ ဖိတ်ခေါ်နိုင်လောက်အောင် ချမ်းသာကြွယ်ဝသည့် စီးပွားရေးသမားတစ်ဦး တွေ့ဆုံခဲ့သည်။ ရှင်ပေါလုသည် ကျွန်မတစ်ဦးထံ ဧဝံဂေလိတရားကို ဝေငှသလို၊ အကျဉ်းသားများနှင့် သူ့အိမ်သူအိမ်သားထံ ဧဝံဂေလိတရားကို ဟောပြောသည့် ရောမထောင်မှူးတစ်ဦးထံ ဝေငှခဲ့သည်။
ယျောက်ျားများဖြစ်စေ၊ မိန်းကလေးများဖြစ်စေ၊ ချမ်းသာသူများဖြစ်စေ၊ ဆင်းရဲသူများဖြစ်စေ၊ ဘာသာရေးသမားများဖြစ်စေ၊ ဘာသာမဲ့သူများဖြစ်စေ၊ နိုင်ငံရေးသမားများဖြစ်စေ၊ ရာဇဝတ်သားများဖြစ်စေ၊ ဧဝံဂေလိတရား၏ သတင်းကောင်းသည် လူများအားလုံးအတွက် ဖြစ်သည်။ အလွန်ကောင်းမွန်သောကြောင့် ဧဝံဂေလိတရားကို မလိုသည့်သူ မရှိသလို၊ ဧဝံဂေလိတရားကို ရှာမတွေ့နိုင်လောက်အောင် ပျောက်ဆုံးသွားတဲ့သူလည်း မရှိပေ။
ယနေ့၊ မိမိကယ်တင်ခြင်းအကြောင်းကို ပြန်လည်ဆင်ခြင်စဉ်းစားပါ။ မိတ်ဆွေသည် ယုံကြည်ခါစဖြစ်ပြီး ဘုရား၏ ကျေးဇူးတော်ကို ယုံကြည်လက်ခဲ့သည့်သူ ဖြစ်နိုင်လို၊ မိတ်ဆွေသည် ဘုရားသခင်၏ ကယ်တင်ခြင်းကျေးဇူးတော်ကို ယခုပဲ စတင်နားလည်သဘောပေါက်သောသူ ဖြစ်ကောင်းဖြစ်နိုင်သည်။ အကယ်စင်စစ် ဧဝံဂေလိတရားကို ကြားသိလိုသောသူတစ်ဦးကို မိတ်ဆွေက သိကောင်းသိနိုင်သည်။ သခင်ဘုရားသည် ထိုသူ၏ ဉာဏ် မျက်စိကို ဖွင့်စေဖို့ ဆုတောင်းပတ္ထနာပြုပါ။
ဖိလိပ္ပိဩဝါဒစာသည် ရှင်ပေါလုနှင့် ဖိလိပ္ပိရှိ အသင်းသူအသင်းသားများထံ ဆုံးမဩဝါဒပေးသည့်စကား ဖြစ်သည်နှင့်အညီ နှုတ်ကပတ်တော်တရားအားလုံးသည် မိမိ၏လူများထံ ဘုရားသခင်၏ စကားတော် ဖြစ်ပြီး၊ လူတိုင်းသည် ကိုယ်တော်ထံ လာနိုင်စေရန် ကိုယ်တော်တိုင် ဖော်ပြထားသော ဗျာဒိတ်တော်လည်း ဖြစ်သည်။
မိမိအသက်တာတွင် ကိုယ်တော်နှင့် ပိုမိုမိတ်သဟာယဖွဲ့စေခြင်းငှာ ဘုရားသခင်သည် ဓမ္မမိတ်ဆွေတစ်စုံတစ်ယောက်ကို အသုံးပြုနေပါသလား။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဖိလိပ္ပိအသင်းတော်ထံ တမန်တော်ကြီး ရှင်ပေါလုရေးသော ဩဝါဒစာသည် ရာစုနှစ်များစွာ တည်ရှိပြီး ကျွန်တော်တို့၏ စိတ်ဝိညာဉ်အတွက် ဓမ္မအဟာရဖြစ်သလို စိန်ခေါ်ဖွယ်ရာလည်း ဖြစ်သည်။ ဤ (၅) ရက်တာအစီစဉ်တွင်၊ လွန်ခဲ့သောရာစုနှစ်များစွာက ရှင်ပေါလုပြုစုခဲ့သော ဖိလိပ္ပိဩဝါဒစာ၏ အရသာကို မြည်းစမ်းစေသည်။ ဤဝမ်းမြောက်ခြင်းနှင့် ပြည့်ဝသောဩဝါဒစာကို ဖတ်ရှုခြင်းဖြင့် အံ့သြဖွယ်မျှော်လင့်ခြင်းကို ရရှိခံစားပါစေ။ ဤဩဝါဒစာသည် ရှေးဖိလိပ္ပိအသင်းတော်အတွက်သာ မဟုတ်ဘဲ မိတ်ဆွေအတွက်လည်း ဖြစ်ပါသည်။
More