YouVersion လိုဂို
ရှာရန် အိုင်ကွန်

သ​ခင်​ဘု​ရား၌ အ​စဉ်​မ​ပြတ် ဝမ်း​မြောက်​ခြင်း​ ရှိ​ကြ​လော့နမူနာ

In All Things

5 ၏ နေ့ 3

မိသားစုဝင်

ဖိလိပ္ပိမြို့သားများနှင့် မိတ်ဆက်ပေးရာတွင်၊ တမန်တော်ကြီး ရှင်ပေါလုသည် ယေရှုခရစ်၏ ကျွန်ဖြစ်သော ပေါလုနှင့် တိမောသေသည်၊ ဖိလိပ္ပိမြို့၌ရှိသော သင်းအုပ်တို့နှင့် သင်းထောက်တို့မှစ၍ ယေရှုခရစ်၏ သန့်ရှင်းသူအပေါင်းတို့ကို ကြားလိုက်ပါ၏ဟု စာရေးခဲ့သည်။ သူအသုံးပြုခဲ့သည့် ဝေါဟာရများသည် အလွန်နက်နဲလှသလို အရေးလည်း ကြီးလှသည်။ ဓမ္မဟောင်းခေတ်ကာလတွင်၊ ဣသရေလလူမျိုး၏ ခေါင်းဆောင်များသည် ဘုရားသခင်၏ ကျွန်များဟု ခေါ်ဝေါ်သမုတ်ခံခဲ့သည်။

ရှင်ပေါလုသည် သူ့ကိုယ်သူ မိတ်ဆက်သည့်အခါတွင် အနည်းငယ်ပြောင်းလဲမှုတစ်ခု ပြုလုပ်ခဲ့သည်။ ရှင်ပေါလုသည် ဘုရားသခင်၏ ကျွန်ဟု မပြောဆိုဘဲ ယေရှုခရစ်၏ ကျွန်ဟု ပြောဆိုခဲ့သည်။ ဤဝေါဟာရရွေးချယ်မှုသည် အရေးကြီးသောအဓိပ္ပာယ်သက်ရောက်သည်...အရှင်ယေရှုဘုရားသည် ဘုရားသခင်နှင့် ပြိုင်နှိုင်းသည်ဟု ရှင်ပေါလု ပြောဆိုခဲ့သည်။

မိတ်ဆွေသည် ဤသမ္မာတရားကို ကြိမ်ပေါင်းများစွာ ကြားဖူးသော်လည်း  အရှင်ယေရှုဘုရားက ဘုရားသခင်နှင့် ပြိုင်နှိုင်းသည်ဟု ရှင်ပေါလု ယုံကြည်ခဲ့သည်မှာ အလွန်ရေးကြီးသည်။ အရှင်ယေရှုဘုရားသည် ဘုရားသခင်ဖြစ်တော်မူသည်ဟု ယုံကြည်မှုသည် သူသေဆုံးပြီးနောက် ကြာမြင့်စွာ ပေါ်ပေါက်လာသည့် ဒဏ္ဍာရီတစ်ခု မဟုတ်ပေ။ အရှင်ယေရှုဘုရား၏ တပည့်တော်များသည် ကိုယ်တော်ကို ကိုယ်တိုင်သိကျွမ်းပြီး ကိုယ်တော်အား ဘုရားလူသား ဖြစ်သည်ဟု ယုံကြည်ခဲ့ကြသည်။

ဘုရားသခင်၏ မိသားစုထံ ပါဝင်သောအခါ၊ ကျွန်မတို့သည် အပြစ်သားဟု မခေါ်ဘဲ သန့်ရှင်းသူများဟု ခေါ်ဝေါ်သမုတ်ခံကြသည်။ သန့်ရှင်းသူများသည် အပြစ်ကင်းသူများ မဖြစ်ပေ။ လူတစ်စုံတစ်ဦးသည် အရှင်ယေရှုဘုရားကို ယုံကြည်လက်ခံသောအခါ၊ ထိုသူသည် သန့်ရှင်းသူတစ်ဦး ဖြစ်သွားပါပြီ။ ကျွန်မတို့၏ ဖြစ်တည်ခြင်းအားဖြင့် ဒုစရိုက်အပြစ်ကို ဆိုင်ပြိုင်တိုက်လှန်ခြင်းမှ လွတ်မြောက်စေသည့် မဟုတ်ချေ။ ကျွန်မတို့သည် ဘဝတစ်လျှောက်တွင် အကုသိုလ်ကံကို ကျူလွန်းကြမိလိမ့်မည်။ သို့သော်၊ ဒုစရိုက်အပြစ်ကို ဆိုင်ပြိုင်တိုက်လှန်နေသော သန့်ရှင်သူနှင့် သန့်ရှင်းသူဖြစ်ရန် ကြိုးစားနေသော အပြစ်သားတို့တွင် ကြီးမားသော ကွာခြားချက် ရှိသည်။

မိတ်ဆွေသည် ဘုရားသခင်ချစ်တော်မူသော သန့်ရှင်သူဖြစ်သည်တည်းဟူသော သမ္မာတရားကို ထောက်လျက် ခွန်အားကို ရယူပါ။ မိတ်ဆွေသည် သူတော်စင်တစ်ဦးအဖြစ် မခံစားရသော်လည်း မိမိဖြစ်တည်ခြင်းသည် ဘုရားသခင်၏ မှတ်တော်မူခြင်းအပေါ် မူတည်သောကြောင့် မိမိ၏ ဖြစ်တည်ခြင်းသည် ဘယ်တော့မှ မပြောင်းလဲနိုင်ပေ။ ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးလျက် ဘုရားသခင်၏ မိသားစုတော်ထံ ပါဝင်အခွင့်လည်း ရရှိခံစားကြသည်။

ဤသတင်းကောင်းသည် မိမိစိတ်နှလုံးကို အသစ်တဖန် ပြန်လည်ဆန်းသစ်လာစေရန်အတွက် ဘုရားသခင်ထံ ဆုတောင်းပတ္ထနာပြုခြင်းဖြင့် အချိန်အနည်းငယ်ပေးပါ။ မိမိပြုမိသော အကုသိုလ်ကံအားဖြင့် စိတ်ပျက်ခြင်းသို့ ရောက်လွယ်သည်။ နောင်တရ၍ ကိုယ်အပြစ်ကို ဖော်ပြတောင်းပန်သင့်သည်။ သို့ရာတွင်၊ မိမိဖြစ်တည်ခြင်းအသစ်၌ အားရဝမ်းမြောက်ရလိမ့်မည်။ ထို့ကြောင့်၊ ကျွန်မတို့သည် ကိုယ်တော်ကို ယုံကြည်မျှော်လင့်ပြီး ရဲရင့်သောစိတ်နှင့် ကျေးဇူးပလ္လင်တော်သို့ တိုးဝင် ချည်းကပ်ကြကုန်အံ့။ ကိုယ်တော်သည် မိတ်ဆွေအား သူ၏ သားအဖြစ် မြင်တော်မူသောကြောင့် မိမိ၏ မျှော်လင့်ခြင်း၊ ကြောက်ခြင်းသံဝေဂနှင့် ကျရှုံးမှုအားလုံးကို ကိုယ်တော်မြတ်ထံ ယူဆောင်လာပါသည်။

အဘယ်ကြောင့် ဘုရားသခင်၌ မိမိဖြစ်တည်ခြင်းအကြောင်းကို ဝမ်းမြောက်ရမလဲ။

နေ့ 2နေ့ 4

ဤအစီအစဉ်အကြောင်း

In All Things

ဖိလိပ္ပိအသင်းတော်ထံ တမန်တော်ကြီး ရှင်ပေါလုရေးသော ဩဝါဒစာသည် ရာစုနှစ်များစွာ တည်ရှိပြီး ကျွန်တော်တို့၏ စိတ်ဝိညာဉ်အတွက် ဓမ္မအဟာရဖြစ်သလို စိန်ခေါ်ဖွယ်ရာလည်း ဖြစ်သည်။ ဤ (၅) ရက်တာအစီစဉ်တွင်၊ လွန်ခဲ့သောရာစုနှစ်များစွာက ရှင်ပေါလုပြုစုခဲ့သော ဖိလိပ္ပိဩဝါဒစာ၏ အရသာကို မြည်းစမ်းစေသည်။ ဤဝမ်းမြောက်ခြင်းနှင့် ပြည့်ဝသောဩဝါဒစာကို ဖတ်ရှုခြင်းဖြင့် အံ့သြဖွယ်မျှော်လင့်ခြင်းကို ရရှိခံစားပါစေ။ ဤဩဝါဒစာသည် ရှေးဖိလိပ္ပိအသင်းတော်အတွက်သာ မဟုတ်ဘဲ မိတ်ဆွေအတွက်လည်း ဖြစ်ပါသည်။

More

ဒီအစီအစဥ်ကို ထောက်ပံ့ပေးသော WaterBrook Multnomah ကို ‌ကျေးဇူးတင်ပါသည်။ ပိုမိုသိရှိလိုပါက၊ https://waterbrookmultnomah.com/books/561570/in-all-things-by-melissa-b-kruger/ သို့ ဝင်ရောက်ပြီး ကြည့်ရှုလိုက်ပါ။