သခင်ဘုရား၌ အစဉ်မပြတ် ဝမ်းမြောက်ခြင်း ရှိကြလော့နမူနာ
အရာရာ၌ ပျော်ရွှင်စေရန် ဖိတ်ခေါ်ခြင်း
သံကြိုးများဖြင့် ချည်နှောင်ထားစဉ်တွင် တမန်တော်ကြီး ရှင်ပေါလုသည် ရွှင်လန်းစွာ နေခဲ့သည်။ အလွန်ပြင်းထန်လှသော လောကဓံမုန်တိုင်းများ ဖြတ်သန်းရစဉ်တွင် ရှင်ပေါလုသည် ဘယ်လိုပျော်ရွှင်ခဲ့သလဲ။ ရှင်ပေါလုသည် သူရရှိထားသည့် ဝိညာဉ်ကယ်တင်ခြင်းတရားသည် သူ့ထံမှ ဘယ်တော့မှ လုမယူနိုင်ဟု နားလည်သဘောက်ပေါက်ခဲ့သည်။ အမှောင်မိုက်၌ နေသောအခါ ကယ်တင်တော်မူခြင်းနှင့်ယှဉ်သော ဝမ်းမြောက်ခြင်းကို ရရှိခံစားခဲ့သည်။
ဖိလိပ္ပိဩဝါဒစာသည် ကျွန်မတို့အား ရွှင်လန်းသောအသက်တာသို့ ဖိတ်ခေါ်စေသည်။ ဘုရားသခင်ပေးသနားတော်မူသော လောကုတ္တရာဝမ်းမြောက်ခြင်းသည် အလွန်ခိုင်ခံ့လှသော သမ္မာတရား၌ မှုတည်သည်။ ဤဝမ်းမြောက်ခြင်းသည် ခရစ်တော်၏ အပြစ်ကင်းသော သီလအကျင့်၊ မိမိအသက်တော်ကို ပေးလှူပှုဇော်ခြင်းနှင့် သဘာဝအလွန် ရှင်ပြန်ထမြောက်တော်မူခြင်းတို့၌ မူတည်သည်။
ကျွန်မတို့သည် မိမိဇာတိပကတိကို ဦးစားပေးလျက် ကြိုးကြားကြိုးကြား ပြစ်မှားတတ်သော်လည်း ကျွန်မတို့သခင်ယေရှုခရစ်အားဖြင့် ခံရသော ဘုရားသခင်၏ မေတ္တာတော်နှင့် ကျွန်မတို့ကို မကွာစေနိုင်ဘူး။ ကျွန်မတို့သည် အစဉ်အမြဲ ပျော်မွေ့ခြင်းအခွင့် ရှိကြသည်။
မိမိပျော်ရွှင်ခြင်းသည် မိမိတို့၏ ဓမ္မအမှုတော်အောင်မြင်ခြင်း၌ မတည်ဘဲ မိမိ၏ ကယ်တင်ခြင်းအကျွတ်တရားရခြင်း၌ တည်သည်ဟု အရှင်ယေရှုဘုရားသည် ယုံကြည်သူများအား သစ္စာရှိစွာ သတိပေးခဲ့သည်။ ကယ်တင်ခြင်းသည် အကောင်းဆုံးသော လက်ဆောင်မွန် ဖြစ်သည်။ ကျွန်မတို့၏ အကျွတ်တရားရခြင်းသည် ကျွမ်တို့၏ ဝမ်းမြောက်ဖွယ်ရာ ဖြစ်သည်။ ၎င်းသတင်းကောင်းသည် ဧဝံဂေလိတရား ဖြစ်သည်။
ရောမအင်ပါယာတွင်၊ အောင်မြင်သော တိုက်ပွဲအပြီးတွင် ဧကရာဇ်ဘုရင်သည် ဧဝံဂေလိဟူသော အသုံးအနှုန်းကို မကြာခဏ အသုံးပြုခဲ့သည်။ ဧကရာဇ်ဘုရင်သည် မိမိသံတမန်များကို စေလွှတ်ပြီး အောင်မြင်သော တိုက်ပွဲအကြောင်းတည်းဟူသော သတင်းကောင်းကို ဟောပြောခိုင်သည်။ ၎င်းသတင်းကောင်းသည် ဧကရာဇ်မင်း၏ အုပ်ချုပ်မှုအောက် ရှိပြည်သူများအတွက် ရွှင်မြူးမှုနှင့် အောင်ပွဲများကို ဖြစ်ပေါ်စေခဲ့သည်။
ရှင်ပေါလုသည် ပိလိပ္ပိမြို့သားတို့ထံ ဧဝံဂေလိတရားကို ဝေငှသည့်အခါ၊ သူသည် ကောင်းကင်ဘုံအောင်မြင်ခြင်းဆိုင်ရာ သံတမန်အဖြစ် ဟောပြောခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း (၂၀၀၀) ခန့် ဟောပြောခဲ့သော ဧဝံဂေလိတရားသည် ကျွန်မတို့ထံ သက်ရောက်နေပါပြီ။
ကျွန်မတို့သည် ကျွန်မတို့ကို ချည်နှောင်သော အပြစ်တရားကြိုးများမှ လွတ်မြောက်စေသလို ကျွန်မတို့ ခံသင့်သော အပြစ်စီရင်ခြင်းမှလည်း လွတ်မြောက်စေပြီ။ အရှင်ယေရှုဘုရားသည် ကျွမ်တို့အတွက်ကိုယ်စား လက်ဝါးကပ်တိုင်ပေါ်တွင် ဘုရားသခင်၏ အမျက်တော်ကို ခံခဲ့သောကြောင့် ကျွန်မတို့အား လွတ်မြောက်ချမ်းသာ ရရှိခံစားစေပြီ။ အရှင်ယေရှုဘုရားသည် ဝိညာဏကိုယ်သို့ ဝင်စားခဲ့သည်နှင့်အတူ ကျွန်မတို့သည်လည်း ဝိညာဏကိုယ်တို့သို့ ဝင်စားရလိမ့်မည်။ အရှင်ယေရှုဘုရားသည် မိမိခမည်းတော်၏ ရာဇပလ္လင်တော် လက်ယာဘက်၌ ထိုင်သလို၊ ကျွန်မတို့လည်း ထိုသခင်နှင့်အတူ ထိုင်လျက် စိုးစံရလိမ့်မည်။
ကျွန်မတို့သည် ကျေးဇူးတော်ချီမွမ်းဖွယ်ရာ အများကြီး ရှိပါသည်။ ကျွန်မတို့၏ အသက်တာ၌ ဘာအခက်ခဲကြုံနေသည့်ဖြစ်ပါစေ၊ ခရစ်တော်၌ တည်လျှင် ကျွန်မတို့၏ အောင်မြင်ခြင်းသည် သေချာစေပြီ။ ကျွန်မတို့၏ ဘဝခရီးတွင် လောကဓံဒုက္ခများ၊ ပဋိပက္ခများ၊ ကျန်းမာရေးအခက်အခဲများနှင့် အနိဋ္ဌာရုံအမျိုးမျိုး ခံရကြလိမ့်မည်။ သို့သော်၊ လမ်းဆုံးမှာ အောင်မြင်လိမ့်မည်။ ခပ်သိမ်းသောအရာတို့ကို အဆင်ပြေလိမ့်မည်။ အနောက်ဆုံးနေ့မှာ၊ ကျွန်မတို့၏ ရှင်ဘုရင်ကြီးထံ သက်ရောက်လျက် နိစ္စထာဝရချမ်းသာထဲသို့ ဝင်စားကြလိမ့်မည်။
ထာဝရကာလစွဲလမ်းခြင်းသည် မိမိလက်ရှိဘဝကို ဘယ်လိုပြောင်းလဲစေသလဲ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဖိလိပ္ပိအသင်းတော်ထံ တမန်တော်ကြီး ရှင်ပေါလုရေးသော ဩဝါဒစာသည် ရာစုနှစ်များစွာ တည်ရှိပြီး ကျွန်တော်တို့၏ စိတ်ဝိညာဉ်အတွက် ဓမ္မအဟာရဖြစ်သလို စိန်ခေါ်ဖွယ်ရာလည်း ဖြစ်သည်။ ဤ (၅) ရက်တာအစီစဉ်တွင်၊ လွန်ခဲ့သောရာစုနှစ်များစွာက ရှင်ပေါလုပြုစုခဲ့သော ဖိလိပ္ပိဩဝါဒစာ၏ အရသာကို မြည်းစမ်းစေသည်။ ဤဝမ်းမြောက်ခြင်းနှင့် ပြည့်ဝသောဩဝါဒစာကို ဖတ်ရှုခြင်းဖြင့် အံ့သြဖွယ်မျှော်လင့်ခြင်းကို ရရှိခံစားပါစေ။ ဤဩဝါဒစာသည် ရှေးဖိလိပ္ပိအသင်းတော်အတွက်သာ မဟုတ်ဘဲ မိတ်ဆွေအတွက်လည်း ဖြစ်ပါသည်။
More