သခင်ဘုရား၌ အစဉ်မပြတ် ဝမ်းမြောက်ခြင်း ရှိကြလော့နမူနာ
ကျွန်မတို့၏ အကြီးမားဆုံး တသခြင်း
လူများအားလုံးသည် ချမ်းသာခြင်း၊ ကျော်ကြားခြင်း၊ သာယာသောလူမှုဆက်ဆံရေးနှင့် အောင်မြင်ခြင်းတို့ကို ရှိစေခြင်းငှာ တသကြသော်လည်း ၎င်းအရာများသည် ကျွန်မတို့၏ အကြီးမားဆုံး တသခြင်း မဟုတ်ပေ။ အကယ်၍၊ ကျွန်မတို့၏ အကြီးမားဆုံး တသသောအရာများကား ဝမ်မြောက်ခြင်း၊ ငြိမ်သက်ခြင်းနှင့် စိတ်ချမ်းသာခြင်းပင် ဖြစ်သည်။
ချမ်းသာပြီးမှ စိတ်ချမ်းသာခြင်းကို ရရှိခံစားလိမ့်မည် (သို့) သာယာသောလူမှုဆက်ဆံရေးရှိပြီးမှ ငြိမ်သက်ခြင်း ရရှိခံစားလိမ့်မည်ဟု မျှော်လင့်ကြသည်။ သို့သော်၊ ၎င်းတို့သည် နိယာမ မဖြစ်ပေ။ အချစ်ဆုံးသူငယ်ချင်းအားဖြင့် အကြီးမားဆုံး စိတ်နာခြင်းကို ဖြစ်စေတတ်သည်။ တစ်ခုတလေမှာ၊ လောကဓံဒုက္ခ ရှိလျက် ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းနှင့် စိတ်ကျေနပ်ခြင်းတို့ကို မခံစားနိုင်တော့ဘူး။
မိမိဉာဏ်သတ္တိနှင့် အစွန့်သတ္တိတို့ကို မအားကိုးနိုင်ချေ။ တန်ခိုးကြီး၍ လှံခြုံလှသော ခိုလှုံရာကို လိုအပ်ပါသည်။ ၎င်းခိုလှုံရာသည် ဘယ်မှာရှာဖွေမလဲ။ အကယ်၍၊ ၎င်းခိုလှုံရာသည် အရာဝတ္ထု (သို့) လောကဓာတ် မဟုတ်ဘဲ ပုဂ္ဂိုလ်တော်မြတ်တစ်ပါး ဖြစ်သည်။
ထိုပုဂ္ဂိုလ်တော်မြတ်၏ ဘွဲ့နာမတော်ကား အရှင်ယေရှုဘုရား ဖြစ်သည်။
၎င်းသမ္မာတရားသည် အလွန်လွယ်လှသလိုပဲ ဖြစ်သော်လည်း အရှင်ယေရှုဘုရားသည် ကျွန်မတို့တွေးသည့်ထက် ပိုမိုနက်နဲပါသည်။ ကိုယ်တော်သည် ဖန်ဆင်းရှင်ဖြစ်ပြီး ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်အားဖြင့်သာ တည်စေလျက် အထံတော်၌ စုံလင်သော ဝမ်းမြောက်ခြင့်အခွင့် ရှိပါသည် (ဆာ၊ ၁၆း၁၁)။ အရှင်ယေရှုဘုရားကို ပိုမိုသိကျွမ်းလာလျှင် မိမိဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းနှင့် စိတ်ကျနပ်ခြင်းတို့ကိုလည်း ပိုမိုတိုးပွားစေလိမ့်မည်။ ဖိလိပ္ပိဩဝါဒစာကို လေ့လာစဉ်တွင် ကိုယ်တော်ကို ပိုမိုသိကျွမ်းစေသောကြောင့် မိမိအသက်တာကို သေချာစွာ ပြောင်းလဲစေလိမ့်မည်ဖြစ်သည်။
ဖိလိပ္ပိဩဝါဒစာသည် စိန်ခေါ်မှုများရင်ဆိုင်နေရသော ကနဦးအသင်းတော်တစ်ပါးအဖို့ အကျဉ်းကျနေသော တမန်တော်ကြီး ရှင်ပေါလုထံမှ ဝမ်းမြောက်ခြင်းဖိတ်စာ ဖြစ်သည်။ ဤဩဝါဒစာတွင်၊ ဝမ်းမြောက်ခြင်း ရှိကြလော့ဟု ရှင်ပေါလသည် မကြာခဏ ရေးသားခဲ့သည်။
ရှင်ပေါလုသည် အစဉ်အမြဲတည်သည့် ဝမ်းမြောက်ခြင်းကို ရရှိခံစားခဲ့သည်။ ရှင်ပေါလုသည် ဒုက္ခအတိ ခံစဉ်တွင် ပျော်ရွှင်ခြင်းအတိ ဘယ်လို ရရှိခံစားခဲ့သလဲ။ သူ၏ဝိညာဉ်ကို ဘယ်လိုအားဖြည့်ခဲ့သလဲ။ သူတွေ့ကြုံသမျှသော အခြင်းအရာတို့၌ ရောင့်ရဲသောစိတ် ရှိအံ့သောငှာ ဘယ်လိုသင်ခဲ့သလဲ။
ကျွန်မလည်း ၎င်းတို့ကို သင်ယူနိုင်ပါသလား။
ဖိလိပ္ပိဩဝါဒစာကို ထပ်သလဲလဲ ဖတ်ရှုစဉ်တွင် ၎င်းမေးခွန်များတို့ကို အောက်မေ့သတိရသည်။ ကျွန်မပိုမိုလေ့လာသောအခါ၊ ကျွန်မရှာလေ့ရှိသော ပျော်ရွှင်ခြင်းနှင့် ရှင်ပေါလ်၏ ပျော်ရွှင်ခြင်းသည် မည်မျှကွာခြားသည်ကို ပိုမိုသဘောပေါက်လာသည်။ ကျွန်မတို့သည် ခရစ်တော်၌ လောကုတ္တရာစိည်းစမ်ချမ်းသာကို မရှာဖွေဘဲ လောကီစိည်းစမ်ချမ်းသာသာ ရှာဖွေလေ့ ရှိသည်။ စုံလင်သောအိမ်တစ်လုံး၊ ဂုဏ်ရှိသောအလုပ်အကိုင်၊ သာယာသောအပျော်ခရီးနှင့် လုံခြုံစေသော စည်းစမ်ဥစ္စာတည်းဟူသော လောကီအရာတို့သည် ခဏသာတည်သည့် လောကီဝမ်းမြောက်ခြင်းကို ပြုစုတတ်သည်။ ၎င်းအရာများသည် ရယူလျှင် မမှားပေမဲ့ ထာဝစဉ်ဝမ်းမြောက်ခြင်းကို မပြုစုနိုင်ချေ။ ၎င်းအရာတို့၏ တောက်ပြောင်မှုကို အလျင်အမြန် ပျောက်သွားလိမ့်မည်။ ကျွန်မတို့သည် ခရစ်တော်၌ တည်ပြီး စုံလင်သောဝမ်းမြောက်ခြင်း ရရှိခံစားနိုင်မည်အကြောင်းကို ဆုတောင်းနေသည်။
မိမိ၏ အသက်တာတွင်၊ မိတ်ဆွေကို အပျော်ရွှင်စေဆုံးသောအရာက ဘာလဲ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဖိလိပ္ပိအသင်းတော်ထံ တမန်တော်ကြီး ရှင်ပေါလုရေးသော ဩဝါဒစာသည် ရာစုနှစ်များစွာ တည်ရှိပြီး ကျွန်တော်တို့၏ စိတ်ဝိညာဉ်အတွက် ဓမ္မအဟာရဖြစ်သလို စိန်ခေါ်ဖွယ်ရာလည်း ဖြစ်သည်။ ဤ (၅) ရက်တာအစီစဉ်တွင်၊ လွန်ခဲ့သောရာစုနှစ်များစွာက ရှင်ပေါလုပြုစုခဲ့သော ဖိလိပ္ပိဩဝါဒစာ၏ အရသာကို မြည်းစမ်းစေသည်။ ဤဝမ်းမြောက်ခြင်းနှင့် ပြည့်ဝသောဩဝါဒစာကို ဖတ်ရှုခြင်းဖြင့် အံ့သြဖွယ်မျှော်လင့်ခြင်းကို ရရှိခံစားပါစေ။ ဤဩဝါဒစာသည် ရှေးဖိလိပ္ပိအသင်းတော်အတွက်သာ မဟုတ်ဘဲ မိတ်ဆွေအတွက်လည်း ဖြစ်ပါသည်။
More