ထာဝရဘုရားအဖို့ သန့်ရှင်းသောလူမျိုးနမူနာ
ဘုရားသခင်အဖို့ သန့်ရှင်းသောလူမျိုးအနေနဲ့ စတင်အသက်ရှင်တဲ့အခါ၊ ကိုယ်တော်၌ တည်ပြီး၊ နေညမပြတ် ဘုရားသခင်ကို ရှာလျက်၊ ကိုယ်တော်ရဲ့ လမ်းပြခြင်းကို ဦးစားပေးရမယ်ဖြစ်တယ်။
ကိုယ်တော်၌ တည်သောအခါ၊ များစွာသောအသီးကို သီးတတ်တယ်။
ဒီကျမ်းပိုဒ်များဟာ အသီးသီးခြင်းအကြောင်းကို ဖော်ပြထားတယ်။ ဒါပေမဲ့၊ လောကီအသီးတွေအကြောင်းကို မဆိုဘူး။
(ဂလ၊ ၅း၂၂-၂၃) တွင်၊ ခရစ်တော်၌ တည်ခြင်းဖြင့် ပြုစုတဲ့ ဝိညာဉ်ပကတိ (အသီးသီးခြင်း) အကြောင်းကို ဖော်ပြထားတယ်။ နေ့စဉ် မိတ်သဟာယဖွဲ့ခြင်းဖြင့် ဘုရားသခင်ကို ရှာဖွေတဲ့အခါ၊ ကျွန်တော်တို့ရဲ့ မေတ္တာလည်း ပိုမိုတိုးပွားစေလိမ့်မယ်။ သခင်ဘုရား၌ အစဉ်မပြတ် ဝမ်းမြောက်ခြင်းရှိလျက် စိတ်ချမ်းသာခြင်းကိုလည်း ရရှိခံစားလိမ့်မယ်။ သူတစ်ပါးရဲ့အကျိုးကို ရှာစေဖို့ စိတ်ရှည်စွာ ကျေးဇူးပြုလာလိမ့်မယ်။ မိမိယုံကြည်စိတ်ကို တိုးပွားစေပြီး ကောင်းသောအကျင့်ကို ကျင့်ရလိမ့်မယ်။
မိတ်ဆွေရဲ့အသက်တာမှာ ဘုရားသခင်ရဲ့ ဘုန်းတော်ကို ထင်ရှားစေချင်ပါသလား။
နေ့ရက်စဉ်တိုင်းမှာ၊ ခရစ်တော်၌ တည်ပြီး ဝိညာဉ်ပကတိကြောင့် အသက်ရှင်ရင် ဘုရားသခင်ရဲ့ ဘုန်းတော်ကို ထင်ရှားစေလိမ့်မယ်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဘုရားသခင်က ညစ်ညူးစေရန် ကျွန်တော်တို့ကို ခေါ်တော်မူသည်မဟုတ်၊ သန့်ရှင်းစေရန် ခေါ်တော်မူတယ်။ ဒါပေမဲ့၊ သန့်ရှင်းခြင်းရဲ့ အဓိပ္ပာယ်က ဘာလဲ။ ဒီ (၅) ရက်တာအစီစဉ်တွင်၊ သန့်ရှင်းသောလူမျိုး ဘယ်လိုဖြစ်ကြမလဲလို့ သေချာစွာ ဖတ်ရှုလေ့လာပါလိမ့်မယ်။
More