ထာဝရဘုရားအဖို့ သန့်ရှင်းသောလူမျိုးနမူနာ
ဘုရားသခင်က ညစ်ညူးစေရန် ကျွန်တော်တို့ကို ခေါ်တော်မူသည်မဟုတ်၊ သန့်ရှင်းစေရန် ခေါ်တော်မူတယ်။ ဒါဆို၊ အဲဒီအဓိပ္ပာယ်ကတော့ ဘာလဲ။ အဓိက၊ ကျွန်တော်တို့က လောကီသားတွေနဲ့ မတူဘဲလျက် ကောင်းကောင်း အသက်ရှင်ရမယ်ဖြစ်တယ်။
မိတ်ဆွေသည် ခရစ်ယာန်ဖြစ်နေပါက၊ လောကီပုံသဏ္ဌာန်ကို မဆောင်သင့်သလို လောကီစိတ်ကိုလည်း မရှိသင့်ဘူး။ အဲဒီအကျင့်တရားဟာ ထာဝရဘုရားအဖို့ သန့်ရှင်းသောလူမျိုးရဲ့အကျင့်တရား ဖြစ်တယ်။ ပြီတော့၊ သန့်ရှင်းသောလူမျိုးဖြစ်စေဖို့ ဘုရားသခင်နဲ့ မိတ်သဟာယဖွဲ့ခြင်းကို ပြုကြရမယ်။
မိမိအသက်တာမှာ အလုပ်များပြီး ဇယားရှုပ်တတ်တယ်။ ကျောင်းတက်ခြင်း၊ အိမ်စာတွေ၊ အားကစားတွေ၊ သူငယ်ချင်းတွေနဲ့ မိသားစုတွေစသည့်ဖြင့် မိမိအာရုံကို ဆွဲဆောင်တတ်တယ်။ ဘုရားကို အာရုံမစိုက်ဘဲ ဘုရားနဲ့ မိတ်သဟာယဖွဲ့စေဖို့ မေ့လျော့တတ်တယ်။
မိတ်ဆွေရဲ့ အာရုံကို လွဲနေပါက၊ ငြိမ်ဝပ်စွာ နေပြီး ဘုရားသခင်နဲ့ မိတ်သဟာယဖွဲ့လိုက်ပါ။ ဆိတ်ညံရာအခန်းသို့ ဝင်ပြီး တံခါးကို ပိတ်ပြီးလျက်၊ မထင်ရှားသောအရပ်၌ ရှိတော်မူသော မိမိရဲ့အဘထံ ဆုတောင်းလိုက်ပါ။ သမ္မာကျမ်းစာကို ဖတ်ရှုပါ။ မိမိရဲ့ ဒိုင်ယာရီစာအုပ်တွင် စာရေးလိုက်ပါ။
မိမိအသက်တာတွင် ဘုရားသခင်နဲ့ မိတ်သဟာယပိုမိုဖွဲ့စေရန် ဘယ်လိုလုပ်နိုင်မလဲ။
သန့်ရှင်းသောလူမျိုးဖြစ်စေဖို့ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ကြပါစို့။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဘုရားသခင်က ညစ်ညူးစေရန် ကျွန်တော်တို့ကို ခေါ်တော်မူသည်မဟုတ်၊ သန့်ရှင်းစေရန် ခေါ်တော်မူတယ်။ ဒါပေမဲ့၊ သန့်ရှင်းခြင်းရဲ့ အဓိပ္ပာယ်က ဘာလဲ။ ဒီ (၅) ရက်တာအစီစဉ်တွင်၊ သန့်ရှင်းသောလူမျိုး ဘယ်လိုဖြစ်ကြမလဲလို့ သေချာစွာ ဖတ်ရှုလေ့လာပါလိမ့်မယ်။
More