ထာဝရဘုရားအဖို့ သန့်ရှင်းသောလူမျိုးနမူနာ
မနေ့က ဖော်ပြထားတဲ့အတိုင်းပဲ၊ ဘုရားသခင်အတွက် သန့်ရှင်းသောလူမျိုးဖြစ်စေရန် ကျွန်တော်တို့ စတင်သင်ယူနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုမှာ ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့ခြင်း ဖြစ်တယ်။ ဒါဆို၊ ကိုယ်တော်နှင့် မိတ်သဟာယ ဘယ်လိုဖွဲ့နိုင်မလဲ။ ဆုတောင်းခြင်ဖြင့် မိတ်သဟာယဖွဲ့နိုင်တယ်။
မိတ်ဆွေက ဆုတောင်းခြင်းအကြောင်းကို ကြိမ်ပေါင်းများစွာ ကြားဖူးကောင်းကြားဖူးနိုင်တယ်။ ဆုတောင်းခြင်းရဲ့ တန်ခိုးကို အရမ်းကြီးမားပြီး မိမိဘဝကို လုံးဝဥဿုံ ပြောင်းလဲစေတတ်တယ်။ ဒါပေမဲ့၊ ဆုတောင်းပတ္ထနာပြုတဲ့အခါ၊ နားထောင်မယ့်သူ မရှိဘူးလို့ တစ်ခါတစ်ရံ ခံစားတတ်တယ်နော်။ အကယ်၍၊ အဲဒီခံစားချက်ကို အမြဲတမ်း ခံစားစရာ မလိုဘူး။
ရှုပ်ထွေးတဲ့ သင်္ချာပုစ္ဆာဖြစ်စေ၊ ဝါသနာအသစ်ဖြစ်စေ၊ အားကစားအသစ်ဖြစ်စေ၊ ကျွမ်းကျင်မှုအသစ်တစ်ခုခုကို သင်ယူခဲ့တဲ့အချိန်ကို အောက်မေ့သတိရလိုက်ပါ။ အဲဒီကျွမ်းကျင်မှုအသစ်ကို သင်ယူစေဖို့ အချိန်ကို တော်တော်ပေးခဲ့တဲ့ မဟုတ်ဘူးလား။ ဆုတောင်းခြင်းဟာ ထိုနည်းလည်းကောင်းပါပဲ။ အစမှာ၊ ဆုတောင်းခြင်းက တော်တော် ထူးဆန်းသလိုပဲလို့ ခံစားတတ်တယ်။ ဘာပဲဖြစ်ဖြစ်၊ အဲဒီခံစားချက်က ခေတ္တခဏပဲ တည်လိမ့်မယ်နော်။
မိတ်ဆွေက လူစိမ်းတစ်ယောက်နဲ့ စကားပြောနေတယ်လို မြင်ယောင်ကြည့်ပါ။ အဲဒီလူနဲ့ စကားပြောတာက သိပ်မလွယ်ဘူးနော်။ ဒါဆို၊ မိမိအချစ်ဆုံးသူငယ်ချင်းနဲ့ စကားပြောနေတယ်လို မြင်ယောင်ကြည့်ပါ။ ဒါက ဘာမှမခက်ဘဲ အေးအးဆေးဆေး ပြောနိုင်တဲ့မလား။
ဆုတောင်းခြင်းက အဲလိုပါပဲ။ ပုံမှန်ဆုမတောင်းရင် လူစိမ်းနဲ့ ပြောနေသလိုပဲလို့ ခံစားရလိမ့်မယ်။ ဒါပေမဲ့၊ အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သစ္စာရှိရှိ ဆုတောင်းရင် အချစ်ဆုံးသူငယ်ချင်လိုပဲ ဘုရားသခင်နဲ့ ကောင်းကောင်း မိတ်သဟာယဖွဲ့ရလိမ့်မယ်။
အမှန်က၊ ကျွန်တော်တို့နဲ့ အချိန်ပေးတဲ့သူလို ဖြစ်လာတာပါပဲ။ ဒါဆို၊ ဘုရားသခင်အဖို့ သန့်ရှင်းသောလူမျိုး ဖြစ်စေဖို့ ဘုရားသခင်ကို ကောင်းကောင်းသိကျွမ်းစရာ လိုတယ်။ ဘုရားသခင်နဲ့ စကားပြောပြီး သူရဲ့အသံတော်ကိုလည်း နားထောင်ရမယ်။
ဒီနေ့၊ ဆုတောင်းကြရအောင်။ (၂) မိနှစ်ပဲ ဆုတောင်းနိုင်မလား။ မိမိစိတ်နှလုံးထဲမှာပဲ ဆုတောင်းနိုင်သလို၊ အသံကျယ်ကျယ်နဲ့ ဆုတောင်းနိုင်တယ်။ ဒါမှမဟုတ်ရင်၊ မိမိဆုတောင်းခံချက်တွေ စာရေးပါ (သို့) ပုံဆွဲလို့ ရပါတယ်။ နောက်တစ်ပတ်တွင် အဲဒီအရာကို နေ့တိုင်းလုပ်ရင် ဆုတောင်းခြင်းဖြင့် ဘုရားသခင်နဲ့ ကောင်းကောင်း မိတ်သဟာယဖွဲ့လိမ့်မယ်။
ဆုတောင်းခြင်းဖြင့် ဘုရားသခင်အတွက် အချိန်ပေးရင် ဘုရားသခင်အတွက် သန့်ရှင်းသောလူမျိုးကို ပိုမိုဖြစ်လာလိမ့်မယ်။
ဤအစီအစဉ်အကြောင်း
ဘုရားသခင်က ညစ်ညူးစေရန် ကျွန်တော်တို့ကို ခေါ်တော်မူသည်မဟုတ်၊ သန့်ရှင်းစေရန် ခေါ်တော်မူတယ်။ ဒါပေမဲ့၊ သန့်ရှင်းခြင်းရဲ့ အဓိပ္ပာယ်က ဘာလဲ။ ဒီ (၅) ရက်တာအစီစဉ်တွင်၊ သန့်ရှင်းသောလူမျိုး ဘယ်လိုဖြစ်ကြမလဲလို့ သေချာစွာ ဖတ်ရှုလေ့လာပါလိမ့်မယ်။
More