YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထာဝရဘုရားအဖို့ သန့်ရှင်းသောလူမျိုးနမူနာ

Set Apart

5 ၏ နေ့ 3

ကျွန်တော်က ခရစ်ယာန်ပါပဲလို့ လူတော်တော်များများ ပြောဆိုကြတယ်။ ဒါပေမဲ့၊ ခရစ်ယာန်အနေနဲ့ မသက်ရှင်ကြဘူး။ အမည်ခံခရစ်ယာန်တွေပဲ ဖြစ်ကြတာပဲ။

မိတ်ဆွေရဲ့ ပြောတဲ့စကားကြောင့် ခရစ်ယာန်တစ်ဦးဖြစ်တယ်လို့ လူအများက သိကြမလား (သို့) မိတ်ဆွေရဲ့ အသက်တာကြောင့် ခရစ်ယာန်တစ်ဦးဖြစ်တယ်လို့ လူအများက သိကြမလား။

ခရစ်ယာန်တွေအနေနဲ့ လောကီသားတွေလိုပဲ မသက်ရှင်သင့်ဘူး။ တစ်နည်းပြောရရင်တော့၊ လောကီပုံသဏ္ဌာန်ကို မဆောင်သင့်ဘူး။

လူတိုင်းက တစ်ယောက်ယောက်အကြောင်း သတင်းစကားတွေ လျှောက်ပြောတဲ့အခါ၊ အဲဒီပြောခံတဲဲ့သူရဲ့ တစ်ဦးတည်းသော သူငယ်ချင်းကို ဖြစ်စေဖို့ ရွေးချယ်လိုက်ပါ။ သူများဟာ အဓမ္မမှုကို လုပ်တဲ့အခါ၊ မိတ်ဆွေကတော့ အဲဒီအဓမ္မမှုကို လိုက်မလုပ်ဘဲ ကောင်းကောင်း နေရမယ်။ သူတစ်ပါးက ညစ်ညူးတဲ့စကားကို ပြောတဲ့အခါ၊ မိတ်ဆွေကတော့ မိမိနှုတ်ကို ချုပ်တည်းလျက် ကောင်းတဲ့စကားကိုသာ ပြောတတ်တယ်။

ဘုရားသခင်အဖို့ သန့်ရှင်းသောလူမျိုးဖြစ်စေဖို့ ရွေးချယ်လိုက်ပါ။ မိမိအကျင့်ဖြင့် ဘုရားသခင်ရဲ့ ဘုန်းတော်ကို ထင်ရှားစေပါ။ သူတစ်ပါးထက် ပိုမိုချစ်နိုင်တဲ့သူ ဖြစ်စေပါ။ သူတစ်ပါးထက် ကိုပိုဝမ်းမြောက်တဲ့သူ၊ ပိုမိုစိတ်ချမ်းသာတဲ့သူ၊ အရာရာ၌ ဘုရားသခင်ရဲ့ ဘုန်းတော်ကို ထင်ရှားစေသူ ဖြစ်စေပါ။ အရာရာ၌ ညည်းညူတဲ့သူ မဖြစ်ဘဲ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းနိုင်သူ ဖြစ်စေပါ။

သန့်ရှင်းသောလူမျိုးအနေနဲ့ ဘယ်လိုစတင်အသက်ရှင်နိုင်မလဲ။

မိတ်ဆွေက သန့်ရှင်းသောလူမျိုးအနေနဲ့ အသက်ရှင်ရင် သူတစ်ပါးက ဘုရားသခင်အကြောင်းကို ပိုမိုစိတ်ဝင်စားလာလိမ့်မယ်။

ကျမ်းစာများ

နေ့ 2နေ့ 4

ဤအစီအစဉ်အကြောင်း

Set Apart

ဘု​ရား​သ​ခင်​က ညစ်​ညူး​စေ​ရန် ကျွန်တော်​တို့​ကို ခေါ်​တော်​မူ​သည်​မ​ဟုတ်၊ သန့်​ရှင်း​စေ​ရန် ခေါ်​တော်​မူတယ်။ ဒါပေမဲ့၊ သန့်ရှင်းခြင်းရဲ့ အဓိပ္ပာယ်က ဘာလဲ။ ဒီ (၅) ရက်တာအစီစဉ်တွင်၊ သန့်ရှင်းသောလူမျိုး ဘယ်လိုဖြစ်ကြမလဲလို့ သေချာစွာ ဖတ်ရှုလေ့လာပါလိမ့်မယ်။

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော LifeChurch ၏ အမှုတာ် Switch ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက၊ www.lifechurch.tv သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

စပ်ဆိုင်သောအစီအစဉ်များ