YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထာဝရဘုရားအဖို့ သန့်ရှင်းသောလူမျိုးနမူနာ

Set Apart

5 ၏ နေ့ 4

သန့်ရှင်းသောလူမျိုး ဖြစ်စေဖို့၊ ကျွန်တော်တို့ လောကီပုံသဏ္ဌာန်ကို မဆောင်ဘဲလျက် ဘုရားသခင်နဲ့ မိတ်သဟာယဖွဲ့ရမယ်။ ဒါပေမဲ့၊ အဲဒီမှုကို တစ်ယောက်ထည်းပဲ လုပ်ဖို့ ခက်တယ်နော်။ ကျွန်တော်တို့သည် သူတစ်ပါးကို ရှောင်ပြီး တစ်ကောင်ကြွက်သလိုလိုနဲ့ အသက်ရှင်ဖို့ရန်အတွက် ဘုရားသခင်က အလိုတော်မရှိဘူး။

သန့်ရှင်းသောလူမျိုးကို ဖြစ်စေဖို့ သူတစ်ပါးကို လိုအပ်တယ်။ ဒါပေမဲ့၊ သာမန်သူတွေ မဆိုလို၊ ဘုရားဝတ်၌ မွေ့လျော်သော ဓမ္မမိတ်ဆွဲတွေကို လိုအပ်တယ်။

ဘုရားသခင်နဲ့ မိတ်သဟာယဖွဲ့ခြင်းရဲ့ အရေးကြီးခြင်းကို ဖော်ပြထားခဲ့ပြီ။ ဘုရားသခင်နဲ့ မိတ်သဟာယဖွဲ့ခြင်းဟာ နိစ္စဓူဝ လုပ်ရမယ့်အမှု ဖြစ်တယ်။ ဒါပေမဲ့၊ သူတစ်ပါးနဲ့လည်း မိတ်သဟာယဖွဲ့ရမယ်ဖြစ်တယ်။ မကောင်းတဲ့သူတို့နဲ့ ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ ယိုယွင်းတတ်တယ်တည်းဟူသော သမ္မာတရားကို ထောက်ပြီး ကောင်းသောသူတို့နဲ့ ပေါင်းဖော်ပါ။

ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ရှာဖွေပြီး၊ ကိုယ်တော်နဲ့ မိတ်သဟာယဖွဲ့လျက်၊ အရှင်ယေရှုဘုရားကဲ့သို့ ကျင့်သူများကို ရှာဖွေလိုက်ပါ။ ထိုသူတို့ကို တွေ့ပြီးမှ၊ မိတ်သဟာယဖွဲ့စေပါ။ မိမိနှလုံးထဲရှိ ယုံကြည်ခြင်းကို မဖုံးထားစေနဲ့။

ခရစ်တော်အတွက် စိတ်အားကြီးတဲ့ ဓမ္မမိတ်တွေ ရှိပါသလား။ မိမိအသက်နာမှာ အဲဒီဓမ္မမိတ်ဆွေတွေနဲ့ ပုံမှန်မိတ်သဟာယဖွဲ့စေဖို့ ဘယ်လိုလုပ်မလဲ။

ဘုရားသခင်အတွက် သန့်ရှင်းသောလူမျိုးဖြစ်စေဖို့ ဓမ္မမိတ်ဆွေများကို လိုအပ်တယ်။

ကျမ်းစာများ

နေ့ 3နေ့ 5

ဤအစီအစဉ်အကြောင်း

Set Apart

ဘု​ရား​သ​ခင်​က ညစ်​ညူး​စေ​ရန် ကျွန်တော်​တို့​ကို ခေါ်​တော်​မူ​သည်​မ​ဟုတ်၊ သန့်​ရှင်း​စေ​ရန် ခေါ်​တော်​မူတယ်။ ဒါပေမဲ့၊ သန့်ရှင်းခြင်းရဲ့ အဓိပ္ပာယ်က ဘာလဲ။ ဒီ (၅) ရက်တာအစီစဉ်တွင်၊ သန့်ရှင်းသောလူမျိုး ဘယ်လိုဖြစ်ကြမလဲလို့ သေချာစွာ ဖတ်ရှုလေ့လာပါလိမ့်မယ်။

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော LifeChurch ၏ အမှုတာ် Switch ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက၊ www.lifechurch.tv သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

စပ်ဆိုင်သောအစီအစဉ်များ