YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကျေးဇူးတော်တရားနှင့် ကျေးဇူးတင်တရားနမူနာ

Grace & Gratitude: Live Fully In His Grace

7 ၏ နေ့ 5

သခင်ဘုရား၌ အစဉ်မပြတ် ဝမ်းမြောက်ခြင်း ရှိကြလော့

ကျေးဇူးတော်ချီးမွမ်းခြင်း၊ ထောမနာသီချင်းဆိုခြင်းနှင့် ဆုတောင်းပတ္ထနာပြုခြင်းတို့ကို အဆင်ပြေနေချိန်တွင် ပြုလုပ်ရန် လွယ်ကူပါသည်။ သို့သော်၊ လောကဓံမုန်တိုင်းများ ဖြတ်သန်းရသောအခါ၊ ၎င်းအမှုတို့ကို ပြုတတ်ပါသလား။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်ဟု အရှင်ယေရှုဘုရား မိန့်တော်မူခဲ့သည်။ သို့သော်၊ အရာရာ၌ တည်ကြည်သောစိတ်ကို ရှိစေဖို့ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းစရာ လိုအပ်သည်။ ဆင်းရဲဒုက္ခ၌ ဝမ်းမြောက်စရာမလိုဘဲ ကိုယ်တော်၏ အတူရှိခြင်းနှင့် ထာဝရအသက်ရရှိခြင်း ကတိတော်များ၌ ဝမ်းမြောက်ကြသည်။ ကိုယ်တော်သည် မိတ်ဆွေကို ချစ်တော်မူသည်။ ကိုယ်တော်သည် မိတ်ဆွေအဖို့ အသေခံခဲ့တော်မူသည်။ ၎င်းသမ္မာတရားကို ထောက်၍ အရာရာ၌ ဝမ်းသာဝမ်းမြောက်နိုင်ပါသည်။

ဆုတောင်းပတ္ထနာ

ယေရှု၊ ကိုယ်တော်၏ မဟာကျေးဇူးတော်ကို ချီးမွမ်းပါ၏။ ကျွန်ုပ်အတွက်ကိုယ်စား လက်ဝါးကပ်ပေါ်တိုင်း အသေခံခဲ့သည်အတွက် ကျေးဇူးတင်ပါ၏။ အိုထာဝရဘုရား၊ အကျွန်ုပ်သည် စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော်ကို ချီးမွမ်းပါမည်။ အာမင်။

နေ့ 4နေ့ 6

ဤအစီအစဉ်အကြောင်း

Grace & Gratitude: Live Fully In His Grace

ဘုရားသခင်သည် မိတ်ဆွေအဖို့ ကတိတော်များစွာ ပေးသနားတော်မူပြီ။ ဘုရားသခင်သည် ၎င်းကတိတော်မှန်သမျှတို့ကို သစ္စာရှိစွာ တည်စေလိမ့်မည်။ သို့ရာတွင်၊ ဤသင်္ခါရလောကကြီး၌ ဘုရားသခင်၏ ကောင်းမြတ်ခြင်းနှင့် ကျေးဇူးတော်တရားတို့ကို မေ့သွားလွယ်လှသည်။ ဤ (၇) ရက်တာ အစီစဉ်ရှိ ဓမ္မစာပေ၊ နှုတ်ကပတ်တော်တရားနှင့် နေ့စဉ်ဆုတောင်းခြင်းတို့ဖြင့် ဘုရားသခင်၏ မဟာကျေးဇူးတော်နှင့် ခပ်သိမ်းသောဓမ္မမင်္ဂလာတို့ကို အောက်မေ့သတိရစေရန် အကူအညီ ပေးပါလိမ့်မည်။ ဤအစီစဉ်သည် ဆရာမရှာနာနိုအလ့် (Shanna Noel) နှင့် ဆရာမလီဆာစစ်ဝဲလ် (Lisa Stilwell) တို့၏ “ရက်ပေါင်း (၁၀၀) ကျေးဇူးတရားနှင့် ကျေးဇူးတင်တရား” စာပေကို ကိုးကားထားသည်။

More

ဤအစီအစဉ်အတွက် DaySpring ကို ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိရန် အောက်ပါလင့်တွင် ဝင်ရောက် ကြည့်ရူ့ပါ။ https://www.dayspring.com/

ဆက်စပ်နေသောအစီအစဉ်များ