YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကျေးဇူးတော်တရားနှင့် ကျေးဇူးတင်တရားနမူနာ

Grace & Gratitude: Live Fully In His Grace

7 ၏ နေ့ 3

အရာရာ၌ ဝမ်းမြောက်ခြင်း

အရှင်ယေရှုဘုရားသည် လူ့ပြည်၌ ရှိစဉ်တွင် ခမည်းတော်ဘုရား၏ စုံလင်သောဝမ်းမြောက်ခြင်းနှင့်အတူ သွားလာခဲ့သည်ဟု တွေးဖူးပါသလား။ အရှင်ယေရှုဘုရားသည် မြို့ရွာတို့ကို ဒေသစာရီ လှည့်လည်လျက်၊ ဆုံးမဩဝါဒ ပေးလျက်၊ နာသောသူတို့အား ချမ်းသာပေးခြင်း၊ နတ်ဆိုးတို့ကို နှင်ထုတ်ခြင်းတည်းဟူသော အမှုတော်မြတ်ကို အလွန်ပျော်ရွှင်စွာ ပြုတော်မူခဲ့သည်။ ထို့ပြင် ကိုယ်တော်သည် ကောင်းကင်ဘုံသို့ မပြန်ကြွမီတွင်၊ မိတ်ဆွေသည် ငါ၌တည်ပြီး ဘုရားသခင်၏ အလိုတော်နှင့်အညီ အသက်ရှင်လျှင်၊ ငါ၏စုံလင်သောဝမ်းမြောက်ခြင်းလည်း ရရှိခံစားလိမ့်မည်ဟု မိန့်တော်မူခဲ့သည်။ သင်တို့၌ ငါဝမ်းမြောက်စရာအကြောင်း တည်စေခြင်းငှာလည်းကောင်း၊ သင်တို့ ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှာလည်းကောင်း၊ ဤစကားကို သင်တို့အား ငါဟောပြော၏ဟု အရှင်ယေရှုဘုရား မိန့်တော်မူသည်။ ထို့ကြောင့်၊ မိတ်ဆွေသည် ဘယ်ပြဿနာရင်ဆိုင်နေပါစေ၊ ကိုယ်တော်၏ စုံလင်သောဝမ်းမြောက်ခြင်းနှင့်အတူ အောင်မြင်စွာ ကျော်လွှားနိုင်ပါသည်။

ဆုတောင်ပတ္ထနာ

အဖဘုရားသခင်၊ ဝိညာဉ်ပကတိ၏အကျိုးတည်းဟူသော ချစ်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ပေးသည့်အတွက် ကျေးဇူးတင်ပါ၏။ ဝိညာဉ်တော်ဘုရားသည် အကျွန်ုပ်၏ စိတ်နှလုံးအထဲ၌ ဝင်၍ ကျိန်းဝပ်တော်မူပါ။ သွားလေရာရာ၌ အကျွန်ုပ်ကို သတိနှင့်ကြည့်ရှုလျက် စုံလင်သောဝမ်းမြောက်ခြင်းကို ပေးသနားတော်မူပါ။ အာမင်။

နေ့ 2နေ့ 4

ဤအစီအစဉ်အကြောင်း

Grace & Gratitude: Live Fully In His Grace

ဘုရားသခင်သည် မိတ်ဆွေအဖို့ ကတိတော်များစွာ ပေးသနားတော်မူပြီ။ ဘုရားသခင်သည် ၎င်းကတိတော်မှန်သမျှတို့ကို သစ္စာရှိစွာ တည်စေလိမ့်မည်။ သို့ရာတွင်၊ ဤသင်္ခါရလောကကြီး၌ ဘုရားသခင်၏ ကောင်းမြတ်ခြင်းနှင့် ကျေးဇူးတော်တရားတို့ကို မေ့သွားလွယ်လှသည်။ ဤ (၇) ရက်တာ အစီစဉ်ရှိ ဓမ္မစာပေ၊ နှုတ်ကပတ်တော်တရားနှင့် နေ့စဉ်ဆုတောင်းခြင်းတို့ဖြင့် ဘုရားသခင်၏ မဟာကျေးဇူးတော်နှင့် ခပ်သိမ်းသောဓမ္မမင်္ဂလာတို့ကို အောက်မေ့သတိရစေရန် အကူအညီ ပေးပါလိမ့်မည်။ ဤအစီစဉ်သည် ဆရာမရှာနာနိုအလ့် (Shanna Noel) နှင့် ဆရာမလီဆာစစ်ဝဲလ် (Lisa Stilwell) တို့၏ “ရက်ပေါင်း (၁၀၀) ကျေးဇူးတရားနှင့် ကျေးဇူးတင်တရား” စာပေကို ကိုးကားထားသည်။

More

ဤအစီအစဉ်အတွက် DaySpring ကို ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိရန် အောက်ပါလင့်တွင် ဝင်ရောက် ကြည့်ရူ့ပါ။ https://www.dayspring.com/

ဆက်စပ်နေသောအစီအစဉ်များ