YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကျေးဇူးတော်တရားနှင့် ကျေးဇူးတင်တရားနမူနာ

Grace & Gratitude: Live Fully In His Grace

7 ၏ နေ့ 1

သင်တို့၌ စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌ အပ်နှံကြလော့

ယနေ့၊ ပြဿနာအမျိုးမျိုးကြောင့် စိတ်ပူနေပါသလား။ အနိဋ္ဌာရုံများနေပါသလား။ အို ချစ်မိတ်ဆွေ၊ မိမိအသက်တာရှိ ပြဿနာအပေါင်းဆုံးတို့ကို ကိုယ်တော်ဘုရားက သိတော်မူသည်။ မိတ်ဆွေသည် အားနည်းပြီး တစ်ချိန်တည်းမှာ ပြဿနာအများကြီး ဖြေရှင်းလိုမရနိုင်ဘူးလို့ ဘုရားသိတော်မူပါသည်။ ကိုယ်တော်၏ ကူညီမစခြင်းသည် အဆုံးမရှိဘူး။ ဘုရားသခင်သည် အနန္တတန်ခိုးရှင် ဖြစ်လျက် မတတ်နိုင်သောအရာ တစ်စုံတစ်ခုမျှ မရှိပါ။ ဘုရားသခင်သည် မိတ်ဆွေကို အရာရာ၌ ပျော်ရွှင်စွာ ကူညီမစပါလိမ့်မည်။ သို့ရာတွင်၊ မိမိစိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌ အပ်နှံရမည်။ ထို့နောက် ကိုယ်တော်၏ အထွဋ်အမြတ်အာဏာတော်ကို သိထားခြင်းဖြင့် ယုံကြည်စိတ်ချစွာ အနားယူပါ။

ဆုတောင်းပတ္ထနာ

သခင်၊ ကိုယ်တော်၏ တန်ခိုးတော်နှင့် ကျေးဇူးတော်တို့သည် ယနေ့အဖို့ လောက်သည့်အတွက် ကျေးဇူးတင်ပါ၏။ အကျွန်ုပ်၏ စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌ အပ်နှံပါ၏။ ကိုယ်တော်သည် အကျွနုပ်နှင့်အတူ ရှိလျက် အကျွနုပ်၏ စိုးရိမ်မှုများ ရယူတော်မူပြီ။ အာမင်။

နေ့ 2

ဤအစီအစဉ်အကြောင်း

Grace & Gratitude: Live Fully In His Grace

ဘုရားသခင်သည် မိတ်ဆွေအဖို့ ကတိတော်များစွာ ပေးသနားတော်မူပြီ။ ဘုရားသခင်သည် ၎င်းကတိတော်မှန်သမျှတို့ကို သစ္စာရှိစွာ တည်စေလိမ့်မည်။ သို့ရာတွင်၊ ဤသင်္ခါရလောကကြီး၌ ဘုရားသခင်၏ ကောင်းမြတ်ခြင်းနှင့် ကျေးဇူးတော်တရားတို့ကို မေ့သွားလွယ်လှသည်။ ဤ (၇) ရက်တာ အစီစဉ်ရှိ ဓမ္မစာပေ၊ နှုတ်ကပတ်တော်တရားနှင့် နေ့စဉ်ဆုတောင်းခြင်းတို့ဖြင့် ဘုရားသခင်၏ မဟာကျေးဇူးတော်နှင့် ခပ်သိမ်းသောဓမ္မမင်္ဂလာတို့ကို အောက်မေ့သတိရစေရန် အကူအညီ ပေးပါလိမ့်မည်။ ဤအစီစဉ်သည် ဆရာမရှာနာနိုအလ့် (Shanna Noel) နှင့် ဆရာမလီဆာစစ်ဝဲလ် (Lisa Stilwell) တို့၏ “ရက်ပေါင်း (၁၀၀) ကျေးဇူးတရားနှင့် ကျေးဇူးတင်တရား” စာပေကို ကိုးကားထားသည်။

More

ဤအစီအစဉ်အတွက် DaySpring ကို ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိရန် အောက်ပါလင့်တွင် ဝင်ရောက် ကြည့်ရူ့ပါ။ https://www.dayspring.com/

ဆက်စပ်နေသောအစီအစဉ်များ