YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကျေးဇူးတော်တရားနှင့် ကျေးဇူးတင်တရားနမူနာ

Grace & Gratitude: Live Fully In His Grace

7 ၏ နေ့ 2

ကိုယ်တော်၏ပြည့်စုံခြင်းမှလည်း ကျေးဇူးတစ်ပါး၌ ထပ်ဆင့်၍ ကျေးဇူးတစ်ပါးကို ကျွန်တော်တို့ရှိသမျှသည် ခံရကြပြီ

လူများသည် ဝမ်းနည်းခြင်း၊ ဖျားနာခြင်း၊ သစ္စာဖောက်ခြင်းတည်းဟူသော လောဓံမုန်တိုင်းများကို ဖြတ်သန်ရစဉ်တွင်၊ မိမိဘဝရှိပြဿနာများကို ထောက်လျက် မိမိဇာတိပကတိကို ဦးစားပေးချင်ပါသည် - သူတစ်ပါးကို မနာလိုပြီး၊ သောကမီးလောင်လျက် ဒေါသထွက်တတ်ပါသည်။ သို့သော်၊ ဘုရားသခင်သည် သာ၍ကောင်းသောလမ်းကို ပြတော်မူပြီ။ ၎င်းလမ်းသည် ယုံကြည်ခိုလှုံရာလမ်း ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခိုလှုံသောအခါ၊ အချိန်တိုင်းမှာ ငြိမ်သက်ခြင်းသက်သက် ရရှိခံစားပါလိမ့်မည်။ ဘုရားသခင်သည် မိတ်ဆွေ ကြုံနေသည့် အနိဋ္ဌာရုံများနှင့် ပြဿနာများတို့ကို အကြွင်းမဲ့ သိတော်မူသည်။ ကျွန်တော်တို့၏ ပြင်လူသည် ဖောက်ပြန် ပျက်စီးခြင်းသို့ ရောက်သော်လည်း၊ အတွင်းလူကတော့ ဘုရားသခင်၏ မဟာကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းအားဖြင့် တစ်နေ့ထက်တစ်နေ့ ပြုပြင်ခြင်းကို ခံရ၏။ ယနေ့၊ ကိုယ်တော်၌ ဘယ်လိုခိုလှုံနိုင်မလဲ။

ဆုတောင်ပတ္ထနာ

အဖဘုရားသခင်၊ အကျွန်ုပ်သည် မည်သို့အရာရင်ဆိုင်နေပါစေ၊ အကျွန်ုပ်အဖို့ စစ်မှန်သောငြိမ်သက်ခြင်းကို ပေးတော်မူမည်ဟု ကတိတော်ရှိသည့်အတွက် ကျေးဇူးတင်ပါ၏။ အာမင်။

နေ့ 1နေ့ 3

ဤအစီအစဉ်အကြောင်း

Grace & Gratitude: Live Fully In His Grace

ဘုရားသခင်သည် မိတ်ဆွေအဖို့ ကတိတော်များစွာ ပေးသနားတော်မူပြီ။ ဘုရားသခင်သည် ၎င်းကတိတော်မှန်သမျှတို့ကို သစ္စာရှိစွာ တည်စေလိမ့်မည်။ သို့ရာတွင်၊ ဤသင်္ခါရလောကကြီး၌ ဘုရားသခင်၏ ကောင်းမြတ်ခြင်းနှင့် ကျေးဇူးတော်တရားတို့ကို မေ့သွားလွယ်လှသည်။ ဤ (၇) ရက်တာ အစီစဉ်ရှိ ဓမ္မစာပေ၊ နှုတ်ကပတ်တော်တရားနှင့် နေ့စဉ်ဆုတောင်းခြင်းတို့ဖြင့် ဘုရားသခင်၏ မဟာကျေးဇူးတော်နှင့် ခပ်သိမ်းသောဓမ္မမင်္ဂလာတို့ကို အောက်မေ့သတိရစေရန် အကူအညီ ပေးပါလိမ့်မည်။ ဤအစီစဉ်သည် ဆရာမရှာနာနိုအလ့် (Shanna Noel) နှင့် ဆရာမလီဆာစစ်ဝဲလ် (Lisa Stilwell) တို့၏ “ရက်ပေါင်း (၁၀၀) ကျေးဇူးတရားနှင့် ကျေးဇူးတင်တရား” စာပေကို ကိုးကားထားသည်။

More

ဤအစီအစဉ်အတွက် DaySpring ကို ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိရန် အောက်ပါလင့်တွင် ဝင်ရောက် ကြည့်ရူ့ပါ။ https://www.dayspring.com/

ဆက်စပ်နေသောအစီအစဉ်များ