YouVersion လိုဂို
ရှာရန် အိုင်ကွန်

မျိုးစေ့တို့သဘာဝ နမူနာ

Seeds: What and Why

4 ၏ နေ့ 4

စတုတ္ထနေ့။ ဘုရားသခင့်နိုင်ငံတော်၏ မျိုးစေ့များ

ကျွန်တော်သည် အရှင်ယေရှုဘုရားအားဖြင့် ဗီဇကူးခံရပြီး ၎င်းဖြင့် သူတစ်းပါးကို ချစ်ရမည်ဖြစ်သည်။ သို့ရာတွင်၊ အခြားတာဝန်ဝတ္တရား ရှိသေးပါသလား။

ထိုမှတစ်ပါး ဘုရားသခင်၏ နိုင်ငံတော်ကို အဘယ်သို့ ပုံပြရအံ့နည်း။ အဘယ်ဥပမာနှင့် ခိုင်းနှိုင်းရအံ့နည်းဟူမူကား၊ မုန်ညင်းစေ့နှင့် တူ၏။ မုန်ညင်းစေ့သည် မြေ၌စိုက်သောအခါ မြေ၌ရှိသော အစေ့တကာတို့ထက် ငယ်သော်လည်း၊ စိုက်ပြီးမှ အပင်ပေါက်၍၊ မြက်ပင်တကာတို့ထက် ကြီးပွားသဖြင့်၊ မိုးကောင်းကင်ငှက်တို့သည် အရိပ်ခို၍ နားနေလောက်သော အကိုင်းအခက်ကြီးတို့ကို ဖြစ်စေတတ်သည်ဟု မိန့်တော်မူ၏ (မာ၊ ၄း၃၀-၃၂)။

အရှင်ယေရှုဘုရားသည် ထိုမုန်ညင်းစေ့ကို ဖြစ်ပြီး ပမာဏပြုစရာ အဆင်းတင့်တယ်ခြင်းမရှိသလို၊ မထီမဲ့မြင်ပြုခြင်းကိုလည်း ခံ၍၊ လူတို့တွင်အယုတ်ဆုံးသောသူ ဖြစ်ခဲ့သည်။ သို့သော်၊ ကိုယ်တော်အားဖြင့် လောကီနိုင်ငံတကာတို့ထက် ပိုမိုကြီးကျယ်သော နိုင်ငံတော်တစ်ခုကို ထည်ထောင်ခဲ့သည်။ ဘုရားသခင်၏ နိုင်ငံတော်ကို ဘယ်လိုလဲ။

နားထောင်ကြလော့။ မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကို ကြဲခြင်းငှာ ထွက်သွား၏။ အစေ့ကို ကြဲသည်တွင် အချို့သောအစေ့တို့သည် လမ်း၌ကျသဖြင့်၊ မိုးကောင်းကင်ငှက်တို့သည် လာ၍ ကောက်စားကြ၏။ အချို့သောအစေ့တို့သည် မြေနည်း၍ ကျောက်ပေါများသောအရပ်၌ ကျသဖြင့်၊ မြေတိမ်သောကြောင့် ချက်ချင်း အပင်ပေါက်သော်လည်း၊ နေထွက်သောအခါ ပူလောင်သည်ဖြစ်၍ အမြစ်မစွဲသောကြောင့် ညှိုးနွမ်းပျက်စီးခြင်းသို့ ရောက်ကြ၏။ အချို့သောအစေ့တို့သည် ဆူးပင်တို့တွင် ကျသဖြင့်၊ ဆူးပင်တို့သည် ကြီးပွား၍ ညှဉ်းဆဲသောကြောင့် အသီးမသီးကြ။ အချို့သောအစေ့တို့သည် ကောင်းသောမြေ၌ ကျသဖြင့်၊ အပင်ပေါက်၍ ကြီးပွားလျက် အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာပွားများ၍ အသီးသီးကြ၏။ ကြားစရာ နားရှိသောသူမည်သည်ကား ကြားပါစေဟု မိန့်တော်မူ၏။ ဆိတ်ကွယ်ရာအရပ်၌ ရှိတော်မူသောအခါ တစ်ကျိပ်နှစ်ပါးသောသူတို့နှင့် အခြံအရံတော်တို့သည် ထိုဥပမာကို မေးမြန်းကြလျှင်၊ ကိုယ်တော်က၊ သင်တို့သည် ဘုရားသခင့်နိုင်ငံတော်၏ နက်နဲသောအရာကို သိရသောအခွင့် ရှိကြ၏ (မာ၊ ၄း၃-၁၁)။

ယေရှုသည် အနီးအပါးသို့ ချဉ်းတော်မူပြီးလျှင်၊ ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း၊ စီရင်ပိုင်သောအခွင့်တန်ခိုး ရှိသမျှတို့ကို ငါခံရပြီ။ သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့။ ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမဩဝါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏ (မ၊ ၂၈း၁၈-၂၀)။

၎င်းသည် ဘုရားသခင်၏ မဟာစေခိုင်းချက် ဖြစ်ပါသည်။ (က၊ ၁း၁၁-၁၂) နှင့် ပြိုင်တူသလို၊ ကျွန်တော်တို့သည် လောကီမျိုးစေ့များအားဖြင့် မဟုတ်ဘဲ ဓမ္မမျိုးစေ့များအားဖြင့် လူမျိုးတကာတို့တွင် စိုက်ပျိုးရမည်ဖြစ်သည်။ ဘုရားသခင်သည် ကျွန်တော်တို့ကို စိုက်ပျိုးသူကဲ့သို့ နှုတ်ကပတ်တော်တရားတည်းဟူသော ဧဝံဂေလိမျိုးစေ့များကို စိုက်ပျိုးစေခြင်းငှာ စေလွှတ်တော်မူပြီ (မ၊ ၂၈း၁၈-၂၀)။ ဘုရားသခင်သည် ကျွန်တော်တို့ကို ကောင်းသောမြေသာ ရှာဖွေစေခြင်းငှာ ခေါ်တော်မမူ။ လူများအားလုံးသည် သတင်းကောင်းမြတ်ကို မျှမျှတတ ကြားနာစေခြင်းငှာ လူမျိုးတကာတို့ထံသွားလျက် ဟောပြောရမည့် တာဝန်ဝတ္တရား ရှိကြသည်။

တစ်ဖန် ငါကြည့်လျှင်၊ ဖြူသောမိုးတိမ် ရှိ၏။ လူသားတော်နှင့်တူသောသူသည် ခေါင်းတော်ပေါ်၌ ရွှေသရဖူကို ဆောင်းလျက်၊ ထက်သောတံစဉ်ကို ကိုင်လျက်၊ မိုးတိမ်ပေါ်မှာ ထိုင်တော်မူ၏။ ကောင်းကင်တမန်တစ်ပါးသည် ဗိမာန်တော်ထဲက ထွက်၍၊ ကိုယ်တော်၏ တံစဉ်ကို လွှတ်၍ စပါးကို ရိတ်တော်မူပါ။ ရိတ်ရသောအချိန် ရောက်ပါပြီ။ မြေကြီး၌ ရိတ်စရာစပါး မှည့်ပါပြီဟု မိုးတိမ်ပေါ်မှာ ထိုင်သောသူကို ကြီးသောအသံနှင့် ဟစ်လေ၏ (ဗျာ၊ ၁၄း၁၄-၁၅)။

အန္တိမကာလ၌၊ မျိုးစေ့ကြဲခြင်းနှင့် ရေလောင်းခြင်းအမှုတို့ကို ငြိမ်ပြီး အရှင်ယေရှုဘုရားသည် စပါးကို ရိတ်တော်မူလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ နိုင်ငံတော်ဖြစ်လျက်၊ ကျွန်တော်တို့သည် ဤနိုင်ငံတော်၏ လယ်ကွက်၌ လုပ်ဆောင်သူများ ဖြစ်ကြသည်။ မဖောက်ပြန်မပျက်စီးတတ်သော မျိုးစေ့သည် အရှင်ယေရှုဘုရားဖြစ်ပြီး စပါးရိတ်စရာသည် ကယ်တင်ခြင်းထံသို့ ရောက်သူများ ဖြစ်သည်။

ဘုရားသခင်၏ ဗီဇတော် (မျိုးစေ့တော်) ကို ခံယူသောကြောင့် ကျွန်တော်တို့သည် လုံးဝဥဿုံ ပြောင်းလဲကြသည်။ ဤဗီဇကူးခြင်းဖြင့် ကျွန်တော်တို့၏ မေတ္တာကို အလွန်တိုးပွားစေသည်။ ဘုရားသခင်ပေးသော မဟာစေခိုင်းချက်ကို ဖြည့်စုံစေခြင်းငှာ ဓမ္မမျိုးစေ့ကြဲလျက်၊ ဘုရားသခင်၏ နိုင်ငံတော်ကို ကြီးပွားစေရန်အတွက် မိမိကိုယ်ကို ဆက်ကပ်ခြင်းသည် အလွန်ကြီးမားမေတ္တာပင် ဖြစ်သည်။

ဤအမှုသည် မိတ်ဆွေ၏ ရည်ရွေးချက် ဖြစ်သည်။

နေ့ 3

ဤအစီအစဉ်အကြောင်း

Seeds: What and Why

မျိုးစေ့များသည် နေရာတိုင်းမှာ ရှိသည်။ မိမိ၏ စကား၊ ငွေကြေး၊ သားသမီးများတွင် ရှိလျက်၊ မိတ်ဆွေကိုယ်တိုင်းလည်း မျိုးစေ့တစ်မျိုး ဖြစ်သည်။ ဤအမျိုးစေ့များသည် ဘယ်လိုမျိုးဖြစ်သလဲ၊ ကျွန်တော်တို့အဖို့ အဘယ်ကြောင့်ရေးကြီးသလဲ။ ဘုရားသခင်နှင့် ပိုမိုနီးလျက် ကျွန်တော်တို့၏ အသက်တာများအတွက် ကိုယ်တော်၏ လက်တွေ့ပညာ၊ သမ္မာတရားနှင့် အလိုတော်ကို သိကျွမ်းစေဖို့၊ သမ္မာကျမ်းစာကို လေ့လာကြည့်ရှုကြပါစို့။

More

ဤအစီအစဥ်ကို စီရင်ပေးသည့်အတွက် Abundant Life Church အား အထူးကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက၊ https://alcky.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။