YouVersion လိုဂို
ရှာရန် အိုင်ကွန်

မျိုးစေ့တို့သဘာဝ နမူနာ

Seeds: What and Why

4 ၏ နေ့ 3

တတိယနေ့။ ဗီဇအသစ် ခံယူပြီ... ဘယ်လိုအသက်ရှင်မလဲ

ဗီဇအသစ်ကို ခံယူသောကြောင့်၊ မိမိ၏ လောကီဗီဇကို ဖွားတတ်သော အပြစ်တရားမှ လွတ်မြောက်စေပြီ။ ဗီဇအသစ်ကို ခံယူသောအခါ ကျွန်တော်တို့ ဘယ်လိုပြောင်းလဲကြသလဲ။

သင်တို့သည် ဖောက်ပြန်ပျက်စီးတတ်သော မျိုးစေ့ (ဗီဇ) အားဖြင့် ဖြစ်ဖွားသည်မဟုတ်၊ မဖောက်ပြန်မပျက်စီးတတ်သော မျိုးစေ့ (ဗီဇ) တည်းဟူသော အသက်ရှင်၍ အစဉ်အမြဲတည်တော်မူသော ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ဖြစ်ဖွားသောကြောင့်၊ ညီအစ်ကိုများကို ချစ်ယောင်မဆောင်၊ အမှန်ချစ်ခြင်းအလိုငှာ စိတ်ထဲမှာသမ္မာတရားကို နားထောင်လျက်၊ ကိုယ်စိတ်နှလုံးကို စင်ကြယ်စေပြီးသည်နှင့်အညီ၊ စင်ကြယ်သောစိတ်နှင့် အချင်းချင်း အားကြီးသောချစ်ခြင်းမေတ္တာ ရှိကြလော့ (၁ပေ၊ ၁း၂၂-၂၃)။

မဖောက်ပြန်မပျက်စီးတတ်သော မျိုးစေ့ (ဗီဇ) သည် ဘယ်လိုမျိုးဖြစ်သလဲ။ ကျွန်တော်တို့ ဘာစောင့်မျှော်မလဲ။ (၁ပေ၊ ၁း၂၂) တွင်၊ အဖြေကိုတွေ့ရသည်...စင်ကြယ်သောစိတ်နှင့် အချင်းချင်း အားကြီးသောချစ်ခြင်းမေတ္တာ...။ ဒုတိယမွေးခြင်းကိုခံသောအခါ၊ သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏ မေတ္တာတော်ကို ကျွန်တော်တို့စိတ်နှလုံးထဲသို့ ညွှန်းလောင်းတော်မူသည်။ သို့သော်၊ ကျွန်တော်တို့၏ တာဝန်ဝတ္တရားကား၊ သူတစ်ပါးတို့သည် သင်တို့၏ ကောင်းသောအကျင့်ကို မြင်၍၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ၊ သူတစ်ပါးရှေ့၌ သင်တို့အလင်းကို လင်းစေကြလော့ (မ၊ ၅း၁၆)။

ဤအလွန်ရိုးရှင်းသောသမ္မာတရားသည် နှုတ်ကပတ်တော်တရား၌ ရှိသည်။

ညီအစ်ကိုတို့၊ သင်တို့သည် လွှတ်ခြင်းအခွင့်ကို ရသောသူ ဖြစ်ကြ၏။ သို့သော်လည်း ဇာတိပကတိအား အခွင့်ကိုပေး၍၊ ထိုလွှတ်ခြင်းကို မသုံးကြနှင့်။ အချင်းချင်းချစ်၍ အမှုချင်းကို ဆောင်ရွက်ကြလော့။ အကြောင်းမူကား၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ပညတ်တစ်ပါးကို ကျင့်လျှင်၊ ပညတ်တရားရှိသမျှကို အကြွင်းမဲ့ကျင့်ရာ ရောက်၏ (ဂလ၊ ၅း၁၃-၁၄)။

ပရောဖက်ဉာဏ်ကို ငါရ၍၊ နက်နဲသောအရာ ရှိသမျှတို့နှင့် သိပ္ပံအတတ်အမျိုးမျိုးကို တတ်သော်လည်းကောင်း၊ တောင်များကို ရွှေ့နိုင်သောယုံကြည်ခြင်းအမျိုးမျိုးနှင့် ပြည့်စုံသော်လည်းကောင်း၊ မေတ္တာမရှိလျှင် အချည်းနှီးသက်သက် ဖြစ်၏ (၁ကော၊ ၁၃း၂)။

ဤဗီဇတော်အရှင်ကို အောက်မေ့သတိရလျှင် ပိုမိုနားလည်သဘောပေါက်လိမ့်မည်။

ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့ မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏ (ယော၊ ၃း၁၆)။

မိတ်ဆွေသည် မေတ္တာဗီဇကို ခံယူပြီ။

မိမိမေတ္တာဗီဇအကြောင်းကို ဆင်ခြင်စဉ်းစားပါ။ အောက်ပါကျမ်းပိုဒ်သည် မေတ္တာ၏ သဘောသဘာဝကို ဖော်ပြစေသည်။ မိတ်ဆွေသည် ဤမေတ္တာဖြင့် အသက်ရှင်နိင်လျှင် မိမိဘဝကို ဘယ်လိုပြောင်းလဲမလဲ။

မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်း မရှိ၊ ဝါကြွားခြင်း မရှိ၊ မာန်မာန မရှိ။ မလျောက်ပတ်စွာ မကျင့်တတ်၊ ကိုယ်အကျိုးကို မရှာတတ်၊ ဒေါသအမျက် မထွက်တတ်၊ အပြစ်ရှိသည်ဟု မထင်တတ်၊ မတရားသောအမှု၌ ဝမ်းမြောက်ခြင်း မရှိတတ်၊ သမ္မာတရား၌ ဝမ်းမြောက်တတ်၏။ ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မျှော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏ (၁ကော၊ ၁၃း၄-၇)။

နေ့ 2နေ့ 4

ဤအစီအစဉ်အကြောင်း

Seeds: What and Why

မျိုးစေ့များသည် နေရာတိုင်းမှာ ရှိသည်။ မိမိ၏ စကား၊ ငွေကြေး၊ သားသမီးများတွင် ရှိလျက်၊ မိတ်ဆွေကိုယ်တိုင်းလည်း မျိုးစေ့တစ်မျိုး ဖြစ်သည်။ ဤအမျိုးစေ့များသည် ဘယ်လိုမျိုးဖြစ်သလဲ၊ ကျွန်တော်တို့အဖို့ အဘယ်ကြောင့်ရေးကြီးသလဲ။ ဘုရားသခင်နှင့် ပိုမိုနီးလျက် ကျွန်တော်တို့၏ အသက်တာများအတွက် ကိုယ်တော်၏ လက်တွေ့ပညာ၊ သမ္မာတရားနှင့် အလိုတော်ကို သိကျွမ်းစေဖို့၊ သမ္မာကျမ်းစာကို လေ့လာကြည့်ရှုကြပါစို့။

More

ဤအစီအစဥ်ကို စီရင်ပေးသည့်အတွက် Abundant Life Church အား အထူးကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက၊ https://alcky.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။