YouVersion လိုဂို
ရှာရန် အိုင်ကွန်

မျိုးစေ့တို့သဘာဝ နမူနာ

Seeds: What and Why

4 ၏ နေ့ 1

ပထမနေ့။ မျိုးစေ့ဆိုသည် ဘာလဲ

မျိုးစေ့အကြောင်း အစောဆုံးဖော်ပြထားခြင်းမှာ ကမ္ဘာဦးကျမ်း၏ ပထမအခန်းကြီးတွင် ဖြစ်ပြီး အကယ်၍၊ ၎င်းအချက်သည် အံ့သြဖွယ်ရာ မဟုတ်ပေ။ ကမ္ဘာဦးကျမ်းတွင်၊ မျိုးစေ့နှင့် မျိုးစေ့အဖို့ ဘုရားသခင်၏ အသုံးပြုခြင်းနှင့်ပတ်သက်ပြီးအကြောင်းကို ဖော်ပြထားစေသော အုတ်မြစ်ချမည့်နေရာ ဖြစ်သည်။

တစ်ဖန် ဘုရားသခင်က၊ မြေသည် မြက်ပင်ကိုလည်းကောင်း၊ စပါးသီးကိုဖြစ်စေသော စပါးပင်ကိုလည်းကောင်း၊ မြေပေါ်မှာ မျိုးစေ့ပါလျက် သစ်သီးမျိုးကိုဖြစ်စေသော သစ်ပင်ကိုလည်းကောင်း၊ ပေါက်စေဟု အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏ (က၊ ၁း၁၁)။

မျိုးစေ့ ဝေါဟာရသည် ဗီဇ ပါဠိဝေါဟောရများမှ ဆင်လာပြီး အနက်ကား စိုက်ပျိုးသည်၊ ကြဲသည် (သို့) မျိုးရိုးဟု ဖြစ်သည်။ (က၊ ၁း၁၁ခ) တွင်၊ မျိုးစေ့များသည် ရှေ့၌ပေါက်သောအရာကို ပြန်ပွားစေသည်ဟု ညွှန်းပြသောကြောင့် မျိုးစေ့၏ အဓိပ္ပာယ်ကို ရှင်းလင်းစွာ ဖော်ပြထားသည်။

ဤကျမ်းပိုဒ်သည် မျိုးစေ့ဟူသော ဝေါဟာရနှင့် မျိုးစေ့တို့သဘာဝတရားကို ဦးစွာ ဖော်ပြထားသည့် ကျမ်းပိုဒ် ဖြစ်သည်။ ဤဆက်စပ်မှုသည် အလွန်ထင်ရှားလှသည်။ အသက်ရှိသောအရာအားလုံးသည် မျိုးစေ့အမျိုးမျိုးဖြင့် ကြီးထွားပွားများလာသည်။

ဤနိယာမတရားအားဖြင့် မေးမြန်းဖွယ်ရာ အများကြီးရှိသည်။ မျိုးစေ့သည် အသက်နှင့် ခွဲ၍မရပါက၊ ကျွန်တော်တို့၏ အသက်တာတွင် မျိုးစေ့ကြဲလျက် ကြိုးစားအားထုတ်မလား။ အသက်ရှိသောအရာအားလုံးသည် မျိုးစေ့မှ ဆင်းသက်လာပါက၊ ကျွန်တော်တို့သည် ဘယ်မျိုးစေ့မှ ဆင်းသက်လာကြသလဲ။ ပိုမိုရေးကြီးသောမေးခွန်ဆိုသည်၊ ဤနိယာမတရားသည် ကျွန်တော်နှင့် ဘယ်လိုစပ်ဆိုင်သလဲ။

မြေသည် မြက်ပင်ကိုလည်းကောင်း၊ စပါးသီးမျိုးကို ဖြစ်စေသော စပါးပင်ကိုလည်းကောင်း၊ မိမိ၌ မျိုးစေ့ပါလျက် သစ်သီးမျိုးကိုဖြစ်စေသော သစ်ပင်ကိုလည်းကောင်း ပေါက်စေ၏။ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၍၊ ညဉ့်ဦးနှင့် နံနက်သည် တတိယနေ့ရက် ဖြစ်လေ၏။ (က၊ ၁း၁၂-၁၃)။

လာမည့်နေ့ရက်များတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်မြတ်၌ ဤမေးခွန်း၏ အဖြေများကို အတူတကွ ရှာဖွေကြလိမ့်မည်။ သို့သော်၊ (က၊ ၁း၁၂-၁၃) တွင်၊ ဘုရားသခင်သည် မျိုးစေ့၏ နိယာမတရားကို ကောင်းသောသဘောကို ဖြစ်စေခဲ့သည်ကို သိမှတ်ကြပါ။ ကျွန်တော်တို့သည် သင်္ခါရလောက၌ နေထိုင်သော်လည်း၊ ကိုယ်တော်၏ မူလဒီဇိုင်းသည် အလွန်ကောင်းမွန်ပြီး၊ သခင်ဘုရားသည် မိမိဖန်ဆင်းသောမျိုးစေ့များကို ပြန်ပြည့်စုံစေခြင်းငှာ ရွေးနုတ်ခြင်းအကြံစည်တော်မြတ် ရှိသည်။

၎င်းကျမ်းပိုဒ်များအကြောင်းကို ဆင်ခြင်စဉ်းစားလျက် မိမိနေ့စဉ်ဘဝရှိ မျိုးစေ့များကို ရှာဖွေလိုက်ပါ။ အစအဦးမှစ၍ ယနေ့ထိ အသက်ရှင်သောအရာအားလုံးသည် မျိုးစေ့များအားဖြင့် ဖြစ်လာစေသည်။

နေ့ 2

ဤအစီအစဉ်အကြောင်း

Seeds: What and Why

မျိုးစေ့များသည် နေရာတိုင်းမှာ ရှိသည်။ မိမိ၏ စကား၊ ငွေကြေး၊ သားသမီးများတွင် ရှိလျက်၊ မိတ်ဆွေကိုယ်တိုင်းလည်း မျိုးစေ့တစ်မျိုး ဖြစ်သည်။ ဤအမျိုးစေ့များသည် ဘယ်လိုမျိုးဖြစ်သလဲ၊ ကျွန်တော်တို့အဖို့ အဘယ်ကြောင့်ရေးကြီးသလဲ။ ဘုရားသခင်နှင့် ပိုမိုနီးလျက် ကျွန်တော်တို့၏ အသက်တာများအတွက် ကိုယ်တော်၏ လက်တွေ့ပညာ၊ သမ္မာတရားနှင့် အလိုတော်ကို သိကျွမ်းစေဖို့၊ သမ္မာကျမ်းစာကို လေ့လာကြည့်ရှုကြပါစို့။

More

ဤအစီအစဥ်ကို စီရင်ပေးသည့်အတွက် Abundant Life Church အား အထူးကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက၊ https://alcky.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။