YouVersion လိုဂို
ရှာရန် အိုင်ကွန်

မျိုးစေ့တို့သဘာဝ နမူနာ

Seeds: What and Why

4 ၏ နေ့ 2

ဒုတိယနေ့။ ဗီဇအသစ်

ကလေးများမွေးဖွားလာသောအခါတွင်၊ သူငယ်ချင်းများနှင့် ဆွေမျိုးများသည် မွေးကင်းစကလေး၏ အဖေနှင့် အမေတို့၏ ဆင်တူသည့် ဝိသေသလက္ခဏာများကို ညွှန်ပြလေ့ ရှိကြသည်။ အဘယ့်ကြောင့်ဆိုသော်၊ မွေးဖွားသောကလေးသည် မိမိမိဘ၏ ဗီဇကို ပါသည်။ နှစ်ပေါင်းများစွာကြာသော်လည်း ၎င်းဗီဇကို မပျောက်နိုင်ဘဲ ပို၍ပင် ထင်ရှားလာသည်။ မိဘများ၏ အမူအကျင့်၊ အတွေးအခေါ်၊ ဉာဏ်ရည်ဉာဏ်သွေး၊ အရည်အချင်းများနှင့် အခြားအရာများကို မိမိကလေးထံ ဗီဇကူးသည်။

မိတ်ဆွေ၏ မျိုးဆက်က ဘယ်ကလာတာလဲ။ မိတ်ဆွေက ဘာလူမျိုးလဲ။ သူတို့ထံ ဘယ်လိုဗီဇကူးသလဲ။ ဤမေးခွန်းများသည် စာဖတ်သူအချို့ ကြိုက်နှစ်သက်သလို အခြားသူများအတွက်လည်း စိတ်အနှောင့်အယှက် ဖြစ်စေတတ်သည်။ ကျွန်တော်တို့သည် မိမိလောကီမိဘ၏ ဗီဇပါသောကြောင့် ရွေးချယ်စရာမရှိ မိမိမိဘကဲ့သို့ ဖြစ်လာမလား။

မိတ်ဆွေ၊ စိတ်မပျက်ပါစေနှင့်။ အရှင်ယေရှုဘုရားသည် ဤအမှုနှင့် စပ်ဆိုင်သည်။

ဘုရားသခင်ဖြစ်ဖွားစေတော်မူသောသူ မည်သည်ကား၊ ဒုစရိုက်ကို မပြုတတ် (အပြစ်တရားကို ကျင့်၍ မနေနိင်ရ)။ အကြောင်းမူကား၊ ထိုသူ၌ မျိုးစေ့တော် (ဗီဇတော်) တည်လျက် ရှိ၏။ ထိုသူသည် ဘုရားသခင်ဖြစ်ဖွားစေတော်မူသောသူ (ဒုတိယမွေးခြင်းကိုခံသူ) ဖြစ်သောကြောင့် ဒုစရိုက်ကို မပြုနိုင် (၁ယော၊ ၃း၉)။

ဒုတိယမွေးခြင်းကိုခံသူအနေဖြင့်၊ ခမည်တော်ဘုရား၏ ဗီဇတော်ည် မိမိအတွင်း၌ ရှိသည်။ ယခုတွင် ငါတို့သည် ဘုရားသခင်၏သား ဖြစ်ကြ၏။ နောက်မှ အဘယ်သို့သောသူဖြစ်မည်ဟု မထင်ရှားသေး။ သို့သော်လည်း ကိုယ်တော်သည် ထင်ရှားပေါ်ထွန်းတော်မူသောအခါ၊ ငါတို့သည် ကိုယ်တော်နှင့်တူကြလတ္တံ့ဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ကိုယ်တော် ဖြစ်တော်မူသည်အတိုင်းကို ငါတို့သည် မြင်ရကြလတ္တံ့။ ထိုသို့ မျှော်လင့်သောသူမည်သည်ကား၊ ကိုယ်တော် သန့်ရှင်းတော်မူသည်နည်းတူ၊ ကိုယ်ကိုကိုယ် သန့်ရှင်းစေတတ်၏ (၁ယော၊ ၃း၂-၃)။

သင်တို့အပေါင်းသည် (ဒုတိယမွေးခြင်းကိုခံသူတို့) ယေရှုခရစ်ကို ယုံကြည်သဖြင့် ဘုရားသခင်၏သား ဖြစ်ကြ၏ (ဂလ၊ ၃း၂၆)။

မိသားစုဝင်တစ်ဦးမှ အနိစ္စရောက်အခါ၊ မူရင်းအတိုင်း ၎င်းသူ၏ ပိုင်ဆိုင်သမျှကို အနီးဆုံးမိသားစုဝင်အား အမွေဆက်ခံပါသည်။ ဒုတိယမွေးခြင်းကိုခံသူတို့သည် ဘုရားသခင်၏ သားသမီးများအဖြစ် အခွင့်အရေးအပြည့်နှင့် အခွင့်ထူးများကို ရရှိခံစားကြသည်။ ကိုယ်ကုသိုလ်ကြောင့် ဤအမွေကို ပိုင်သည်မဟုတ်။ ဒုတိယမွေးခြင်းကိုခံသောကြောင့် ဤအမွေကို ပိုင်ဆိုင်သွားပါပြီ။

ယနေ့၊ ဘုရားသခင်သည် မိမိခမည်းတော်မြတ် ဖြစ်ပြီး ကိုယ်တော်၏ ဗီဇတော်သည် မိမိထဲ၌ ရှိသည်တည်းဟူသော သမ္မာတရားအကြောင်းကို ဆင်ခြင်စဉ်းစားပါ။

နေ့ 1နေ့ 3

ဤအစီအစဉ်အကြောင်း

Seeds: What and Why

မျိုးစေ့များသည် နေရာတိုင်းမှာ ရှိသည်။ မိမိ၏ စကား၊ ငွေကြေး၊ သားသမီးများတွင် ရှိလျက်၊ မိတ်ဆွေကိုယ်တိုင်းလည်း မျိုးစေ့တစ်မျိုး ဖြစ်သည်။ ဤအမျိုးစေ့များသည် ဘယ်လိုမျိုးဖြစ်သလဲ၊ ကျွန်တော်တို့အဖို့ အဘယ်ကြောင့်ရေးကြီးသလဲ။ ဘုရားသခင်နှင့် ပိုမိုနီးလျက် ကျွန်တော်တို့၏ အသက်တာများအတွက် ကိုယ်တော်၏ လက်တွေ့ပညာ၊ သမ္မာတရားနှင့် အလိုတော်ကို သိကျွမ်းစေဖို့၊ သမ္မာကျမ်းစာကို လေ့လာကြည့်ရှုကြပါစို့။

More

ဤအစီအစဥ်ကို စီရင်ပေးသည့်အတွက် Abundant Life Church အား အထူးကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက၊ https://alcky.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။