YouVersion လိုဂို
ရှာရန် အိုင်ကွန်

နောမိ၏ ဆုံးရှုံးခြင်းမှ မျှော်လင့်ခြင်းအကြောင်းကို သင်ယူခြင်း — ရုသဝတ္ထုမှ သင်ခန်းစာများနမူနာ

Learning Hope From Naomi’s Loss: Readings From Ruth

5 ၏ နေ့ 5

ဤမေးခွန်များဖြင့် ယနေ့၏ ကျမ်းပိုဒ်များအကြောင်းကို ဆင်ခြင်စဉ်းစားပါ

  • ဤကျမ်းပိုဒ်တွင်၊ နောမိသည် ဘာရခဲ့သလဲ။
  • နောမိ၏ အသိုင်းဝိုင်းသည် ဘုရားသခင်ပေးတော်မူသော ကောင်းကြီးမင်္ဂလာကို ခွဲခြားသိမြင်နိုင်စေရန် ဘယ်လိုကူညီပေးခဲ့သလဲ။

မိမိအသိုင်းဝိုင်းဖြင့် ပြုစုစောင့်ရှောက်ပေးခြင်း

နောမိသည် မိမိသားကဲ့သို့ ပြုစုစောင့်ရှောက်သော မြေးတစ်ဦးကို ရရှိခဲ့သည် (ရု၊ ၄း၁၆-၁၇)။ နောမိသည် မိမိမိသားစု၏ ပြည်၊ လူများ၏ မျက်နှာသာပေးမှု၊ လုံခြုံမှုနှင့် ဘုရင်ဒါဝိဒ်နှင့် နောက်ဆုံးတွင် အရှင်ယေရှုဘုရား ပါဝင်သည့် မျိုးရိုးမြတ်ကို ပြန်လည်ရရှိခဲ့သည် (မ၊ ၁:၅၊ ၁၆)။ ဘုရားသခင်သည် ၎င်းအရာများကို ပေးသနားတော်မူသည်။ နောမိသည် ဝမ်းနည်းပူဆွေးပြီး ရုသကိုယ်တိုင်လည်း ခင်ပွန်းဖြစ်သူနှင့် ဇာတိမြေကို ဆုံးရှုံးသော်လည်း ဘုရားသခင်သည် နောမိအဖို့ ရုသနှင့် ဗောဇတို့၏ သစ္စာရှိမေတ္တာမှတစ်ဆင့် ကောင်းကြီးမင်္ဂလာ ပေးတော်မူခဲ့သည်။

နောမိ၏ အသိုင်းအဝိုင်းသည် သူမ၏ ဆုံးရှုံးခြင်းနှင့် ဆင်းရဲဒုက္ခဝေဒနာကို ကိုယ်တိုင်မြင်ကြသည်။ ထိုသူတို့သည် ဧလိမလက်နှင့် မိမိသားနှစ်ဦးအား မောဘပြည်၌ နေထိုင်သည်ကို သိကျွမ်းကြသည် (ရု၊ ၁း၁-၂)။ ဧလိမလက်နှင့် မိမိသားနှစ်ဦး၏ အနိစ္စရောက်ခြင်းဖြင့် နောမိကို အကာအကွယ်နှင့် ထောက်ပံ့ခြင်းမရှိဘဲ ကျန်ရစ်ခဲ့သည်ကို သူတို့သိကြခဲ့သည် (ရု၊ ၁း၁၉)။

ဗောဇနှင့် ရုသတို့ ထိမ်းမြားလက်ထပ်ခြင်းအားဖြင့် နောမိ၏ မိသားစုအဆက်အနွယ်နှင့် ဓနဥစ္စာများ ပြန်လည်ထူထောင်မှုကိုလည်း အသိုင်းအဝိုင်းက မြင်ခဲ့သည် (ရု၊ ၄:၉-၁၁)။ နောမိအဖို့ သားခုနစ်ယောက်ထက် သာ၍ကောင်းသော ချွေးမတစ်ဦး (မိသားစုမျိုးရိုးဆက်ဖို့ ယဉ်ကျေးမှုအရ ပိုတန်ဖိုးရှိသည်) ကို ပေးခြင်းတည်းဟူသော မမျှာ်လင့်သောနည်းလမ်းဖြင့် ဘုရားသခင်၏ ကြည့်ရှုပြုစုခြင်းကျေးဇူးတော်ကို ပြုတော်မူပြီးဟု အသိုင်းအဝိုင်းကြွေးကြော်ခဲ့ကြသည် (ရု၊ ၄း၁၅)။

မိမိဘဝဇာတ်လမ်းအကြောင်းကို ဆင်ခြင်စဉ်းစားပါ

  • ရုသသည် ဆင်းရဲဒုက္ခဝေဒနာ ကိုယ်တိုင်ခံစားသော်လည်း နောမိအဖို့ ဂရုစိုက်ပေးခဲ့ပါသည်။ မိတ်ဆွေသည် ဆင်းရဲဒုက္ခဝေဒနာခံစားရသောအခါ သူတစ်ပါးကို ဘယ်လိုဂရုစိုက်ပေးနိုင်မလဲ။
  • ပြင်းထန်လှသော လောကဓံမုန်တိုင်းနှင့် ပြန်လည်ထူထောင်ရေးကာလများတွင် မိမိအနားမှာ သစ္စာရှိစွာ ရပ်တည်သော သူငယ်ချင်းများက အဘယ်သူလဲ။

နောက်တစ်ဆင့်တက်စို့

ဤအစီစဉ်သည် ချစ်မိတ်ဆွေအဖို့ အကျိုးကို ပြုစုခဲ့ပါသလား။ ဤအစီစဉ်သည် မျှော်လင့်ခြင်းပြန်တည်ထောင်သော သမ္မာကျမ်းစာမှ ရယူခဲ့ပါသည် (အမေရိကန်ကျမ်းစာအသင်း၊ ၂၀၂၂)။ ဤသည်မှာ မိမိဘဝခရီးတွင် နောက်ထပ်ခြေလှမ်းများအဖို့ အကြံဉာဏ်အချို့ဖြစ်သည်။

  • ဝမ်းနည်းနေချိန်၌ မိတ်ဆွေအား ပံ့ပိုးကူညီစောင့်ရှောက်ပေးသူ တစ်ဦးဦးသို့ ကျေးဇူးတင်လွှာကို စာရေးလိုက်ပါ။
  • ဤအခမဲ့မေးခွန်သုံးမျိုးအစီစဉ်“Three Questions” ကို အသုံးပြု၍၊ လုံးခြုံပြီး၊ မထီမဲ့မြင်ပြုခြင်းကင်းသော နားထောင်ခြင်းဖြင့် သူတစ်ပါး၏ ဒုက္ခဝေဒနာကို သက်သာစေပါ။

ကျမ်းစာများ

နေ့ 4

ဤအစီအစဉ်အကြောင်း

Learning Hope From Naomi’s Loss: Readings From Ruth

ယုံကြည်သူတိုင်းသည် နောမိနှင့် ရုသ၏ ဇာတ်တော်ကို သိလျက် နစ်သက်မြတ်နိုးကြပါသည်။ သို့သော်၊ ဤတင့််တယ်လှပသော ကယ်နုတ်ခြင်းဇာတ်တော်တိုကို ကြိမ်ပေါင်းများစွာ ဖတ်ဖူးသောကြောင့် ဤဇာတ်တော်ရှိ အနိစ္စတရား၊ ဒုက္ခတရားခနှင့် ကျေးဇူးတော်တရားတို့ကို လျင်မြန်စွာ ကျော်လွှာစေနိုင်သည်။ ဤအစီအစဥ်တွင်၊ ကြီးစွာသောဆုံးရှုံးမှုအတွေ့အကြုံအားဖြင့် မိမိအသက်တာကို ပြောင်းလဲခြင်း၊ ဘုရားသခင်အပေါ် မိမိ၏အမြင်ကို ပြောင်းလဲခြင်းနှင့် ဘုရားသခင်၏ ကြည့်ရှုပြုစုခြင်းကျေးဇူးတော်အကြောင်းကို တွေ့ရှိပါလိမ့်မည်။

More

ဤအစီအစဥ်ကို ပံ့ပိုးပေးသည့်အတွက် အမေရိကန်ကျမ်းစာအသင်း (American Bible Society) အား အထူးကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက၊ https://traumahealinginstitute.org သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။