နောမိ၏ ဆုံးရှုံးခြင်းမှ မျှော်လင့်ခြင်းအကြောင်းကို သင်ယူခြင်း — ရုသဝတ္ထုမှ သင်ခန်းစာများနမူနာ
ဤမေးခွန်များဖြင့် ယနေ့၏ ကျမ်းပိုဒ်များအကြောင်းကို ဆင်ခြင်စဉ်းစားပါ
- နောမိ၏ အသက်တာကို ဘယ်လိုပြောင်းလဲခဲ့သလဲ။
- ဤပြောင်းလဲခြင်းကို ဘယ်သူအားဖြင့် သက်ရောက်စေခဲ့လဲ။
မမျှောင်လင့်သောနည်းလမ်းဖြင့် ကောင်းကြီးမင်္ဂလာများ
ရုသကို မောဘပြည်သူ၊ မထီမဲ့မြင်ပြုခြင်းခံသော ပြင်ပလူတစ်ဦးအဖြစ် အမြဲလိုလို ဖော်ပြကြောင်းကို တွေ့မြင်ပါသလား။ ထို့နောက်၊ ရုသရွေးချယ်မည့် စွန့်စားမှုများကို ကြည့်ပါ။ နောက်ဆုံးတွင်၊ ဗောဇမှတစ်ဆင့် ဘုရားသခင် ပြုတော်မူသော ကြည့်ရှုပြုစုခြင်းကျေးဇူးတော်ကို မှတ်ထားပါ။
(ရု၊ ၂-၄) တွင်၊ နောမိနှင့် ရုသအဖို့ ဘုရားသခင်၏ ထူးဆန်းသော ကြည့်ရှုပြုစုခြင်းကျေးဇူးတော်ကို ဖော်ပြထားသည်။ ဆင်းရဲသူတို့၏ ထုံစံဓလေးအရ၊ ရုသသည် သွား၍ စပါးရိတ်သောသူတို့နောက်မှာ၊ စပါးကျန်ကို ကောက်သည်တွင်၊ ဧလိမလက်၏ အဆွေအမျိုး ဗောဇပိုင်သောလယ်၌ အမှတ်တမဲ့ နေရာကျသည်။
ဗောဇသည် ရုသကို သိမှတ်လျက်၊ ပေါက်ပေါက်ကို လှမ်း၍ ပေးသဖြင့်၊ သူသည် ဝစွာစားပြီးမှ ချန်ထားသေးသည်။ စပါးကျန်ကို ကောက်ခြင်းငှာ ထသွားသောအခါ၊ ဗောဇသည် လုလင်တို့အား၊ ထိုမိန်းမသည် ကောက်လှိုင်းစုထဲမှာ ကျန်သောစပါးကို ကောက်သိမ်းပါစေ၊ အရှက်မခွဲကြနှင့်။ ရိတ်ပြီးသောစပါးအချို့ကိုလည်း သူအဖို့ ချထားလော့။ ကောက်ယူပါစေ။ အပြစ်မတင်ကြနှင့်။ သူမကို မနှောင့်ယှက်စေနှင့်ဟု မှာထားခဲ့သည် (ရု၊ ၂း၄-၁၇)။ ဗောဇ၏ နိုင်ငံခြား မုဆိုးမအပေါ် ဂရုစိုက်ပေးခြင်းသည် မိဘမရှိသောသူငယ်၊ မုဆိုးမများနှင့် ဧည့်သည်အာဂန္တုတို့ကိုဖို့ ဘုရားသခင်၏ မဟာမေတ္တာကရုဏာတော်ကို ထင်ဟပ်စေခဲ့သည် (တရား၊ ၁ဝး၁၈-၁၉)။
နောမိသည် ဘုရားသခင်၏ ကြည့်ရှုပြုစုခြင်းကျေးဇူးတော်ကို စတင်မြင်နိုင်လျက်၊ အသက်ရှင်သောသူ၊ သေသောသူတို့၌ ကျေးဇူးမပြတ် ပြုတော်မူသေးသောထာဝရဘုရားသည် သူ့ကို ကောင်ချီးပေးတော်မူပါစေသောဟူ၍လည်းကောင်း၊ ထိုသူသည် ငါတို့နှင့် ပေါက်ဖော်တော်သောသူ၊ နီးစပ်သော အမျိုးသားချင်းအဝင် ဖြစ်သည်ဟူ၍လည်းကောင်း၊ ချွေးမအား ပြောဆိုခဲ့သည် (ရု၊ ၂း၂၀)။
မိမိဘဝဇာတ်လမ်းအကြောင်းကို ဆင်ခြင်စဉ်းစားပါ
- ခဲယဉ်းသောကာလများတွင်၊ ဘုရားသခင်သည် မိတ်ဆွေကို ဘယ်လိုဂရုစိုက်ပေးခဲ့သလဲ (သို့မဟုတ်၊ ဘုရားသခင်သည် မိတ်ဆွေကို ဘယ်လိုထမ်းခဲ့သလဲ)။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ယုံကြည်သူတိုင်းသည် နောမိနှင့် ရုသ၏ ဇာတ်တော်ကို သိလျက် နစ်သက်မြတ်နိုးကြပါသည်။ သို့သော်၊ ဤတင့််တယ်လှပသော ကယ်နုတ်ခြင်းဇာတ်တော်တိုကို ကြိမ်ပေါင်းများစွာ ဖတ်ဖူးသောကြောင့် ဤဇာတ်တော်ရှိ အနိစ္စတရား၊ ဒုက္ခတရားခနှင့် ကျေးဇူးတော်တရားတို့ကို လျင်မြန်စွာ ကျော်လွှာစေနိုင်သည်။ ဤအစီအစဥ်တွင်၊ ကြီးစွာသောဆုံးရှုံးမှုအတွေ့အကြုံအားဖြင့် မိမိအသက်တာကို ပြောင်းလဲခြင်း၊ ဘုရားသခင်အပေါ် မိမိ၏အမြင်ကို ပြောင်းလဲခြင်းနှင့် ဘုရားသခင်၏ ကြည့်ရှုပြုစုခြင်းကျေးဇူးတော်အကြောင်းကို တွေ့ရှိပါလိမ့်မည်။
More