နောမိ၏ ဆုံးရှုံးခြင်းမှ မျှော်လင့်ခြင်းအကြောင်းကို သင်ယူခြင်း — ရုသဝတ္ထုမှ သင်ခန်းစာများနမူနာ
ဤမေးခွန်များဖြင့် ယနေ့၏ ကျမ်းပိုဒ်များအကြောင်းကို ဆင်ခြင်စဉ်းစားပါ
- နောမိသည် ဒုက္ခရောက်ခြင်းဖြင့် ဘယ်လိုပြောင်းလဲခဲ့သလဲ။
- နောမိသည် ဘုရားသခင်ကို ဘယ်လိုမြင်ခဲသလဲ။
ဆုံးရှုံးခြင်းသည် ကျွန်တော်တို့ကို ပြောင်းလဲစေခြင်း
နောမိသည် ဒုက္ခမရောက်ခင်မှာ၊ အရာရာ၌ ကြွယ်ဝပြည့်စုံလျက် စိတ်ချမ်းသည့်သူတစ်ဦး ဖြစ်ပေမဲ့၊ ဒုက္ခရောက်ပြီးမှ၊ အရာရာကို ဆုံးရှုံးလျက် စိတ်ဆင်းရဲသည့်သူ ဖြစ်ပြီးဟု ဝန်ခံပြောဆိုခဲ့သည် (ရု၊ ၁း၂၀)။ နောမိ၏ ဆင်းရဲဒုက္ခဝေဒနာသည် အလွန်ပြင်းထန်သောကြောင့် သူသည် လုံးဝဥဿုံ ပြောင်းလဲခဲ့ပြီ။ သူကလည်း နောမိ (သာယာသည်) ဟူ၍ မခေါ်ပါနှင့်။ မာရ (ခါးသည်) ဟူ၍ ခေါ်ပါဟု ပြောဆိုခဲ့သည်။
မိမိဘဝဇာတ်လမ်းအကြောင်းကို ဆင်ခြင်စဉ်းစားပါ
- မိတ်ဆွေသည် ဆင်ရဲဒုက္ခရောက်စဉ်တွင် ဘာအရာများကို ဆုံးရှုံးခဲ့သလဲ။
- မိတ်ဆွေသည် ဆင်ရဲဒုက္ခရောက်စဉ်တွင် ဘာအရာများကို ရရှိခဲ့သလဲ။ (ကောင်းသောအရာနှင့် မလိုအပ်သည့်အရာများ ဖြစ်နိုင်သည်)။
သမ္မာကျမ်းစာဖတ်သည့်သူတိုင်းသည် ထူးခြားသောဘဝဇာတ်လမ်းနှင့် ထူ့ခြားသောအမြင် ရှိကြပါသည်။ မိတ်ဆွေနှင့် မိတ်ဆွေနှင့်တူညီသောသူများအကြောင့်ကို ပိုမိုလေ့လာစေဖို့ အောက်ပါလင့်ကို နှိပ်ပါစို့။ မိမိ၏ပါဝင်ခြင်းဖြင့် အမေရိကန်ကျမ်းစာအသင်း (American Bible Society) သည် လူအားလုံးအတွက် ကောင်းသောဓမ္မစာပေကို ဆက်လက်ထုတ်လုပ်စေဖို့ အကူအညီ ပေးလျက်၊ ဓမ္မစာပေအသစ်ကို ထုတ်သောအခါ မိတ်ဆွေထံ သတိပေးပါလိမ့်မည်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ယုံကြည်သူတိုင်းသည် နောမိနှင့် ရုသ၏ ဇာတ်တော်ကို သိလျက် နစ်သက်မြတ်နိုးကြပါသည်။ သို့သော်၊ ဤတင့််တယ်လှပသော ကယ်နုတ်ခြင်းဇာတ်တော်တိုကို ကြိမ်ပေါင်းများစွာ ဖတ်ဖူးသောကြောင့် ဤဇာတ်တော်ရှိ အနိစ္စတရား၊ ဒုက္ခတရားခနှင့် ကျေးဇူးတော်တရားတို့ကို လျင်မြန်စွာ ကျော်လွှာစေနိုင်သည်။ ဤအစီအစဥ်တွင်၊ ကြီးစွာသောဆုံးရှုံးမှုအတွေ့အကြုံအားဖြင့် မိမိအသက်တာကို ပြောင်းလဲခြင်း၊ ဘုရားသခင်အပေါ် မိမိ၏အမြင်ကို ပြောင်းလဲခြင်းနှင့် ဘုရားသခင်၏ ကြည့်ရှုပြုစုခြင်းကျေးဇူးတော်အကြောင်းကို တွေ့ရှိပါလိမ့်မည်။
More