နောမိ၏ ဆုံးရှုံးခြင်းမှ မျှော်လင့်ခြင်းအကြောင်းကို သင်ယူခြင်း — ရုသဝတ္ထုမှ သင်ခန်းစာများနမူနာ
ဤမေးခွန်များဖြင့် ယနေ့၏ ကျမ်းပိုဒ်များအကြောင်းကို ဆင်ခြင်စဉ်းစားပါ
- နောမိ၏ အိမ်နီးချင်းဟောင်းများက အစာအာဟာရခေါင်းပါးဘေးနှင့် လောကဓံမုန်တိုင်းများ ကြုံနေသော နောမိကို ဘယ်လိုမြင်ကြမလဲ။
- နောမိအတွက် ဘုရားသခင်၏ ကြည့်ရှုပြုစုခြင်းကျေးဇူးတော်ကို မြင်နိုင်သလား။ မိတ်ဆွေသည် ဘုရားသခင်၏ ကြည့်ရှုပြုစုခြင်းကျေးဇူးတော်ကို ဘယ်လိုမြင်သလဲ။
ဆုံးရှုံးခြင်းနှင့် ဘုရားသခင်အပေါ် မိမိ၏အမြင်
ယနေ့၏ ဖတ်ရှုခြင်းသည် မနေ့က၏ ကျမ်းပိုဒ်ကို ပိုမိုအာရုံစိုက်စေသည်။ အနန္တတန်ခိုးရှင်သည် ငါ့အား အလွန်ခါးသောအရာကို ပေးတော်မူပြီဟု နောမိပြောဆိုခဲ့သည် (ရု၊ ၁း၂၀)။ ငါသည် ကြွယ်ဝပြည့်စုံလျက် ထွက်သွား၏။ ယခုမူကား ဆင်းရဲလျက် တစ်ကိုယ်တည်းရှိမှ၊ ထာဝရဘုရားသည် ငါ့ကို ပို့ပြန်တော်မူပြီ။ ထာဝရဘုရားသည် ငါ့ကို နှိမ့်ချ၍ အနန္တတန်ခိုးရှင်သည် ငါ့ကို ဆင်းရဲစေတော်မူသည် ဖြစ်၍၊ နောမိအမည်ဖြင့် အဘယ်ကြောင့် ငါ့ကိုခေါ်ကြသနည်းဟု ပြန်ပြော၏ (ရု၊ ၁း၂၁)။ နောမိ၏ ဆင်းရဲဒုက္ခဝေဒနာအားဖြင့် ရုသ၏ သစ္စာစောင့်ခြင်းနှင့် ချစ်ခြင်းမေတ္တာမှတစ်ဆင့် ဘုရားသခင်ပြုတော်မူသော ကြည့်ရှုပြုစုခြင်းကျေးဇူးတော်ကို မကြည့်ရှုနိုင်ခဲ့ဘူး။ သို့ရာတွင်၊ ဘုရားသခင်၏ ကြည့်ရှုပြုစုခြင်းကျေးဇူးတော်သည် နောမိ၏ အမြင်နှင့် ကျေးဇူးမတင်သည့်စိတ်တို့၌ မမူတည်ဘူး။
မိမိဘဝဇာတ်လမ်းအကြောင်းကို ဆင်ခြင်စဉ်းစားပါ
- မိတ်ဆွေသည် ဘုရားသခင်ကို ဘယ်လိုမြင်သလဲ။
- နောမိ (သာယာသည်) ဟူ၍ မခေါ်ပါနှင့်။ မာရ (ခါးသည်) ဟူ၍ ခေါ်ပါဟု နောမိပြောဆိုခဲ့သည်။ မိတ်ဆွေသည် မိမိ၏လက်ရှိအခြေနေကို ဖော်ပြပေးမည့် နာမည်တစ်ခုကို ရွေးချယ်နိုင်လျှင် ၎င်းနာမည်ကို ဘယ်လိုနာမည်ပေးမလဲ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ယုံကြည်သူတိုင်းသည် နောမိနှင့် ရုသ၏ ဇာတ်တော်ကို သိလျက် နစ်သက်မြတ်နိုးကြပါသည်။ သို့သော်၊ ဤတင့််တယ်လှပသော ကယ်နုတ်ခြင်းဇာတ်တော်တိုကို ကြိမ်ပေါင်းများစွာ ဖတ်ဖူးသောကြောင့် ဤဇာတ်တော်ရှိ အနိစ္စတရား၊ ဒုက္ခတရားခနှင့် ကျေးဇူးတော်တရားတို့ကို လျင်မြန်စွာ ကျော်လွှာစေနိုင်သည်။ ဤအစီအစဥ်တွင်၊ ကြီးစွာသောဆုံးရှုံးမှုအတွေ့အကြုံအားဖြင့် မိမိအသက်တာကို ပြောင်းလဲခြင်း၊ ဘုရားသခင်အပေါ် မိမိ၏အမြင်ကို ပြောင်းလဲခြင်းနှင့် ဘုရားသခင်၏ ကြည့်ရှုပြုစုခြင်းကျေးဇူးတော်အကြောင်းကို တွေ့ရှိပါလိမ့်မည်။
More