YouVersion လိုဂို
ရှာရန် အိုင်ကွန်

(၇) ရက်တာ ခရစ်စမတ်ပုံပြင် - ပေါ်ထွန်းချိန်မိသားစု ဆုတောင်းမေတ်တာနမူနာ

7 Days of the Christmas Story: An Advent Family Devotional

7 ၏ နေ့ 7

၇ ရက်မြောက် - မင်းပညာရှိများ

မင်းပညာရှိများဆိုသည်မှာ၊- ယေရှုခရစ်ကိုလာရောက်တွေ့ဆုံဖူးမြော်ရန် အရှေ့တိုင်းနိုင်ငံများမှလာသော ပညာရှိများပင်ဖြစ်သည်။ ဤပညာရှိများကို အာကာသဆိုင်ရာသိပ္ပံပညာရပ်များ၊ နက္ခတ္တဗေဒများအားလေ့လာ ဆည်းပူးသောသောသူများအဖြစ် ကျမ်းတတ်ပုဂ္ဂိုလ်များက ယုံကြည်လက်ခံထားကြပါသည်။ ပညာရှိများကို အထူးလေးစားထိုက်သောပုဂ္ဂိုလ်၊ ဥစ္စာဓနကြွယ်ဝသောသူများ၊ ဉာဏ်ရည်ကောင်းသောသူများအဖြစ်လည်း ယုံကြည်ကြပါသည်။ ယေရှုခရစ်ကိုလာရောက်ရှာဖွေသော ပညာရှိများဦးရေကို သမ္မာကျမ်းစာတော်မြတ်တွင် ဖော်ြပထားခြင်းမရှိသော်လည်း အစဉ်အလာအရ ပညာရှိသုံးပါးဖြစ်ကြောင်း သူတို့ယူဆောင်လာသော လက်ဆောင်များအားဖြင့်သိရှိရပါသည်။ သူငယ်တော်ယေဇူးအား ပူဇော်ဆက်ကပ်ရန် ယူဆောင်လာသော အဖိုးတန်လက်ဆောင်ပစ္စည်းများမှာ၊ ရွှေ၊ လော်ဗန် နှင့် မီးရာ တို့ဖြစ်ကြပါသည်။

ကျမ်းစာဆရာများသည် သူငယ်တော်ယေဇူး (၁၆-၂၄) လသားအရွယ်မှ ပညာရှိများရောက်ရှိလာခြင်းဖြစ်သည်ဟုလက်ခံကြသည်။ သူတို့သည်အိမ်ထဲသို့ဝင်သောအခါ သူငယ်တော်ယေဇူးကိုတွေ့မြင်ကြ၍ သူ့ကို ဒူးထောက်ပျပ်ဝပ်ရှိခိုး ကြပြီး၊ ယူဆောင်လာသောလက်ဆောင်ဘဏ္ဍာများကိုဆက်ကပ်ကြလေ၏။ ဟေရုဒ်မင်းကြီးက သူငယ်တော် ယေဇူးကိုသတ်ဖြတ်မည့်အကြောင်းသိရှိသောဘုရားသခင်က ပညာရှိများအား သူငယ်တော်ယေဇူးကိုတွေ့ရှိ ကြောင်း ဟေရုဒ်မင်းကြီးထံပြန်ပြီးပြောြကားခြင်းမပြုရန် အိပ်မက်၌ဗျာဒိတ်ပေးတော်မူ၏။ ပညာရှိများသည် လည်း ဘုရားသခင်မိန့်တော်မူသောဗျာဒိတ်ကိုနာခံကာ အခြားသောလမ်းဖြင့်ပြန်သွားကြလေ၏။

အရှေ့တိုင်းမှပညာရှိများသည် ဂျူးလူမျိုးများမဟုတ်ဘဲ၊ ယေရှုခရစ်ကိုကယ်တင်ရှင်အဖြစ်လာရောက် ဖူးမြော်သော အဦးဆုံးသောလူမျိုးခြားများဖြစ်ကြောင်း သမ္မာကျမ်းစာကဖော်ပြထားပါသည်။ ယေရှုခရစ်မွေးဖွား ခြင်း၏အဓိပ္ပါယ်ရည်ရွယ်ချက်ကို ပညာရှိများကသိရှိနားလည်ထားကြသည်။ ဘုရားရှင်ကိုယ်တိုင်လူ့ဇာတိခံယူ ခြင်းသည် ကောင်းကင်ဘုံမှ ရက်ရောစွာပေးကမ်းသောလက်ဆောင်ဖြစ်သည်။ သူတို့သည်လည်း ရက်ရော ပေးကမ်းစွန့်ကြဲသောနည်းလမ်းဖြင့် ပြန်လည်တုံ့ပြန်ပေးကမ်းခြင်းဖြစ်သည်။

မိသားစုလှုပ်ရှားမှု က်ရောစွာပေးကမ်းစွန့်ကြဲသော မိသားစုဖြစ်အောင် လုပ်ဆောင်ပါ။ သင်၏သားသမီးများကိုပေးကမ်းစွန့်ကြဲ တတ်အောင်သင်ကြားပါ၊ ကစားစရာအရုပ်များကိုလည်း သူတစ်ပါးအားပေးကမ်းတတ်စေရန် နှင့် မိသားစုတွင် လိုအပ်နေသာအရာများအား မိမိကိုယ်ပိုင်ငွေများဖြင့်ဝယ်ယူဖြည့်တင်းတတ်စေရန်သွန်သင်ပါ။ လက်ဆောင် ပစ္စည်းများကိုသင့်ကလေးများနှင့်အတူဝေမျှပါ။ မိမိကိုယ်ပိုင်ငွေဖြင့် ဘုရားကျောင်းအလှူငွေများထည့်ဝင်ရန် ဦးဆောင်လမ်းပြလုပ်ဆောင်ပါ။ ပေးကမ်းစွန့်ကြဲနိုင်သောအခြားနည်းလမ်းများကိုလည်းအတူတစ်ကွ တွေးတော စဉ်းစားပါ။ ပေးကမ်းစွန့်ကြဲခြင်းလှုပ်ရှားမှုကိုအသုံးပြုပြီး၊ ယေရှုခရစ် ကျွန်ုပ်တို့ကိုချစ်ခြင်းသည် လက်ဆောင် တစ်ခုဖြစ်ကြောင်း ပြန်လည်ပေးဆပ်ရန် အချင်းချင်းပေးကမ်းစွန့်ကြဲခြင်းဖြင့် လုပ်ဆောင်နိုင်ကြောင်းကိုဆွေးနွေး တိုင်ပင်ပါ။

မိသားစုဆွေးနွေးတိုင်ပင်ရမည့်မေးခွန်းများ

- တဦးဦးကိုသင်ပေးကမ်းပြီးခဲ့သော အနှစ်သက်ဆုံးလက်ဆောင်ကား မည်သည့်လက်ဆောင်နည်း။

- ပေးကမ်းလိုက်သည့်အခါ သင်မည်ကဲ့သို့ခံစားရပါသနည်း။

ဤအစီစဉ်သည်အခြား‌ေလ့လာမှုမှ ဆီလျော်စြာရေးသားထားသည်။ ပိုမိုလေ့လာရန် www.25ChristmasStories.com

ကျမ်းစာများ

နေ့ 6

ဤအစီအစဉ်အကြောင်း

7 Days of the Christmas Story: An Advent Family Devotional

ကျွန်ုပ်တို့အားလုံးနွေးထွေးသောအပွေ့၊စစ်မှန်သောအချိတ်အဆက်၊လေးနက်သောပျော်ရွှင်မှုဖြင့်အရာတခုကျင်းပရန်လိုအပ်၏။ဤပေါ်ထွန်းချိန်ဆုတောင်းမေတ်တာသည်သင်နှင့်မိသားစုကိုပို၍ချိတ်ဆက်စေပြီး၊စစ်မှန်သောခရစ်စမတ်၏အနှစ်သာရဖြင့်ယေရှု၏ဖွားမြင်ခြင်းကိုအသစ်သောဓလေ့များ၊ညစာစကား၀ိုင်းပြောစရာများ၊အိပ်ရာ၀င်ပုံပြင်များနှင့်အခြားသောမိသားစုလှုပ်ရှားမှု များစွာပါ၀င်သည်။ ဤခရစ်စမတ် အပွေ့ သည် ဒီပေါ်ထွန်းချိန်တွင် သင်၏အိမ်သို့ လှပသောအမှတ်ရစရာများသယ်ဆောင်လာပါစေ။

More

ဤအစီအစဉ်ကိုပို့ဆောင်ပေးသော B&H ထုတ်ဝေသူများအား ကျေးဇူးတင်ရှိပါသည်။ အကြောင်းအစုံအလင်အတွက် အောက်ပါ လင့်ခ် တွင်လေ့လာပါ။ https://www.bhpublishinggroup.com/25-days-of-the-christmas-story