YouVersion လိုဂို
ရှာရန် အိုင်ကွန်

(၇) ရက်တာ ခရစ်စမတ်ပုံပြင် - ပေါ်ထွန်းချိန်မိသားစု ဆုတောင်းမေတ်တာနမူနာ

7 Days of the Christmas Story: An Advent Family Devotional

7 ၏ နေ့ 3

၃ရက်‌မြောက် - ဂျိုးဇက်

ဂျိးဇက်သည် ငယ်ရွယ်နုပျိုသောလက်သမားတစ်ဦးဖြစ်ပြီး မာရိယာနှင့်စေ့စပ်ကြောင်းလမ်းထားသူတဦး ဖြစ်သည်။ မာရိယာက ပဋိသန္ဓေစွဲနေကြောင်းပြောကြားသည့်အခါ ဂျိုးဇက်ကကြီးမားသောဆုံးဖြတ်ချက် တခု ချဖို့ပြင်ဆင်ရပါတော့သည်။ သူတို့နှစ်ဦးသည်လက်ထပ်ထိမ်းမြားခြင်းမပြုရသေးပါ။ လက်ထပ်ထိမ်းမြားခြင်းမပြု မီပဋိသန္ဓေစွဲနေသောမာရိယာအဖြစ်ကို ဓလေ့ထုံးတမ်းအရ ဂျူးလူမျိုးများဘယ်လိုမှလက်ခံနိုင်မည်မဟုတ် ကြောင်းကိုဂျိုးဇက်ကသိရှိထားသည့်အတွက် သူအလွန်မြတ်နိုးဂရုစိုက်သော မာရိယာ အရှက်တကွဲဒုက္ခ အခက်အခဲထဲကျရောက်မည့်အခြေအနေမှကာကွယ်ရန် စေ့စပ်ကြောင်းလမ်းထားခြင်းကို တိတ်ဆိတ်စွာ အဆုံးသတ်ဖို့စီစဉ်ခဲ့သည်။ သို့သော် သူသည် ထိုသို့ကြံစည်နေခိုက်တွင် ထာဝရဘုရား၏ကောင်းကင်တမန်တော်သည် သူ့အား အိပ်မက်၌ထင်ရှားပြလျက်ဆိုသည်မှာ မာရိယာကို လက်ထပ်ထိမ်းမြားဖို့မကြောက်ရွံ့လေနှင့်။ သူမ၏ဝမ်းထဲ၌ စွဲနေသောပဋိသန္ဓေမှာ ဝိညာဉ်တော်မြတ်အားဖြင့်ဖြစ်ပေါ်လာခြင်းဖြစ်၏။ ဟုမိန့်ဆိုလေ၏။

ယေရှုခရစ်၏လောကဖခင်အဖြစ် လုပ်ဆောင်ဖို့ရွေးချယ်ခဲ့သည်။ အထူးကောင်းမွန်ထိမိသော ဘုရားသခင်၏အကြံအစည်တော်ပေတည်း။ ဂျူးလူမျိုးတို့၏ဓလေ့ထုံးစံတွင် မိမိသားအရင်းမဟုတ်သည့် ကလေးသူငယ်များကိုကြီးပြင်းအောင်ပြုစုပျိုးထောင်ခြင်းသိပ်မရှိလှပါ။ ဂျိုးဇက်သည် ရိုးသားဖြောင့်မတ်သော သူတယောက်ဖြစ်သည့်အားလျော်စွာ ဘုရားသခင်ကိုယုံကြည်ခြင်းတစ်ခုတည်းသာမကဘဲ ဘုရားသခင်သူ့ကို လုပ်ဆောင်စေချင်သည့်ကိစ္စကိုနာခံလုပ်ဆောင်ခြင်းဖြစ်သည်။ ဂျိုးဇက်သည် သူငယ်တော်ယေဇူးအား မိမိ၏ သားရင်းပမာ ကြီးပြင်းအောင်ပြုစုပျိုးထောင်ခဲ့သည်။ သူငယ်တော်ယေဇူးကိုအလွန်ချစ်မြတ်နိုးပြီး လက်သမား အတတ်ပညာကိုလည်းသင်ကြားပေးသည်။ မာရိယာနှင့်ယေဇူးသူငယ်ကိုစွန့်ခွာပြီး ထွက်သွားလိမ့်မည်ဟု ပတ်ဝန်းကျင်ကလူအများတွေးထင်ယူဆထားသလိုမျိုးမဟုတ်ဘဲ ဂျိုးဇက်က ဘုရားသခင် သူ့အား လုပ်ဆောင် စေချင်သည့်အတိုင်းလုပ်ဆောင်သွားခဲ့သည်။ ဂျိုးဇက်က ယေဇူးခရစ်၏ဖခင်ဖြစ်မည့် အထူးအခွင့်အရေး ကို ရယူခဲ့သည်။

မိသားစုလှုပ်ရှားမှု သားဖြောင့်မတ်ခြင်းကိုဖေါ်ညွှန်းသောကစားနည်းတခုကစားကြည့်ပါ။ စက္ကူအပိုင်းနှစ်ပိုင်းကိုယူပါ။ တစ်ပိုင်းအပေါ်မှာ “ ဟုတ်တယ်” ဆိုတဲ့စာလုံးရေးသားပြီး အခြားစက္ကူပိုင်းမှာ “ မဟုတ်ပါ” ဆိုတဲ့စာလုံးရေးသား ပါ။ အခန်းကိုကြိုးဖြင့်တားပြီး အပိုင်းနှစ်ပိုင်းခွဲထားပါ။ “ ဟုတ်တယ်” စာလုံးရေးထားတဲ့စက္ကူပိုင်းကိုတဖက်မှာ ထားပြီး၊ “ မဟုတ်ပါ” စာလုံးရေးထားတဲ့စက္ကူပိုင်းကို ကြိုးတားထားတဲ့အခြားတစ်ဖက်ခြမ်းမှာထားပါ။ တစ်ယောက်ယောက်၏ရိုးသားဖြောင့်မတ်မှုကိုစမ်းသပ်သည့်အခြေအနေကို လူတိုင်းအလှည့်ကျတင်ပြနိုင်သည့် အောက်ပါကစားနည်း (စိတ်မှန်းအနာဂါတ်ဖြစ်နိုင်ခြေ)ကိုကစားကြည့်ပါ။ ဥပမာအားဖြင့် -- ကိုနာ (Connor) ဟာ သူ့အမရဲ့မှတ်စုစာအုပ်ကိုမတော်တဆ စုတ်ဖြဲမိတယ်။ သူ့အစ်မမေးတော့ သူမလုပ်ရဘူးလို့ဖြေတယ်။ ကလေးသူငယ်များကိုဖိတ်ခေါ်ပြီး ကိုနာ ရဲ့လုပ်ရပ်ဟာ ရိုးသား ဖြောင့်မတ်တယ်လို့ထင်မြင်တဲ့ကလေးများကို “ ဟုတ်တယ်” ဆိုတဲ့စက္ကူပိုင်းချထားတဲ့ဖက်မှာ ရပ်ခိုင်းပြီး၊ ကိုနာ ရဲ့လုပ်ရပ်ဟာ ရိုးသားဖြောင့်မတ်မှုမရှိဘူးလို့ယူဆတဲ့ကလေးများကို “မဟုတ်ပါ” လို့ရေးထားတဲ့စက္ကူပိုင်းချထား တဲ့ဖက်မှ ရပ်ခိုင်းပါ။ ဘုရားသခင်က သင့်ကိုဘာလုပ်စေချင်တာလဲ?။

မိသားစုဆွေးနွေးတိုင်ပင်ရန်မေးခွန်းများ

- ဘုရားသခင်လုပ်စေချင်သည့် မမျှော်လင့်ထားတဲ့အရာတောင်မှ မကြာခဏလုပ်ဆောင်တတ်သည့် သင်သိသည့် ပုဂ္ဂိုလ်တစ်ယောက်ယောက်ကို အမည်တပ်၍ပြောပြပါ။

- ထိုပုဂ္ဂိုလ်အကြောင်းကိုထုတ်ဖော်ပြောပြပါ။

ကျမ်းစာများ

နေ့ 2နေ့ 4

ဤအစီအစဉ်အကြောင်း

7 Days of the Christmas Story: An Advent Family Devotional

ကျွန်ုပ်တို့အားလုံးနွေးထွေးသောအပွေ့၊စစ်မှန်သောအချိတ်အဆက်၊လေးနက်သောပျော်ရွှင်မှုဖြင့်အရာတခုကျင်းပရန်လိုအပ်၏။ဤပေါ်ထွန်းချိန်ဆုတောင်းမေတ်တာသည်သင်နှင့်မိသားစုကိုပို၍ချိတ်ဆက်စေပြီး၊စစ်မှန်သောခရစ်စမတ်၏အနှစ်သာရဖြင့်ယေရှု၏ဖွားမြင်ခြင်းကိုအသစ်သောဓလေ့များ၊ညစာစကား၀ိုင်းပြောစရာများ၊အိပ်ရာ၀င်ပုံပြင်များနှင့်အခြားသောမိသားစုလှုပ်ရှားမှု များစွာပါ၀င်သည်။ ဤခရစ်စမတ် အပွေ့ သည် ဒီပေါ်ထွန်းချိန်တွင် သင်၏အိမ်သို့ လှပသောအမှတ်ရစရာများသယ်ဆောင်လာပါစေ။

More

ဤအစီအစဉ်ကိုပို့ဆောင်ပေးသော B&H ထုတ်ဝေသူများအား ကျေးဇူးတင်ရှိပါသည်။ အကြောင်းအစုံအလင်အတွက် အောက်ပါ လင့်ခ် တွင်လေ့လာပါ။ https://www.bhpublishinggroup.com/25-days-of-the-christmas-story