(၇) ရက်တာ ခရစ်စမတ်ပုံပြင် - ပေါ်ထွန်းချိန်မိသားစု ဆုတောင်းမေတ်တာနမူနာ

၁ရက်မြောက် - ဒါ၀ိတ်
သမ္မာကျမ်းစာတော်မြတ်တွင် ယေရှုခရစ်ကို ဒါဝိဒ်၏သားဟုဖေါ်ပြထားသည်။ ယေရှုခရစ်မွေးဖွားစဉ်အခါကရှိနေကြသောလူများသည် ဒါဝိဒ်မည်သူဖြစ်ကြောင်းကို သိရှိကြသည်။ ဒါဝိဒ်သည် ရှင်ဘုရင်ဖြစ်လာပြီး ဆာလံကျမ်းကိုရေးသားသူဖြစ်ကြောင်းသိကြသည်။ ဒါဝိဒ်သည် ယုံကြည်ခြင်း တိုးပွားပြီး ဘုရားသခင်၏စိတ်နှလုံးတော်နှင့်ညီညွတ်သူဖြစ်ကြောင်း ဓမ္မရာဇဝင်ပထမစောင် (၁၃:၁၄) တွင်ရေးသားဖေါ်ပြထားသည်။ ယေရှုခရစ်သည် ကတိထားတော်မူသည့်မက်ဆီးယား၊ နှစ်ပေါင်းများစွာစောင့်ဆိုင်းခဲ့ရ သောကယ်တင်ရှင်အဖြစ် ယုံကြည်သူများလက်ခံထားကြသည်။ ယေရှုခရစ်သည် သူတို့အား ဆင်းရဲဒုက္ခ နှင့် နာမကျန်းဖြစ်ခြင်းမှ ကယ်တင်နိုင်စွမ်းရှိကြောင်းယုံကြည်ကြသည်။
မိသားစုလှုပ်ရှားမှု သင်၏ကလေးများကိုမပြောဘဲ အထူးအချိုပွဲများကို ကြိုတင်ပြင်ဆင်ထားပါ။ ပထမဦးဆုံးသူတို့၏ မျက်လုံးများကိုအဝတ်ဖြင့်စည်းထားပါ။ သူတို့ကိုဦးဆောင်ပြီး အာရုံခံစားစေသော အလုပ်များကိုလုပ်ဆောင် ခိုင်းပါ။ အာရုံခံစားစေခြင်းအလုပ်တခုချင်းမစတင်မီ သင့်ကိုသူတို့စိတ်ချယုံကြည်လားဆိုတာမေးပါ။ ဖယောင်း တိုင်တစ်ချောင်း ဒါမှမဟုတ် ရနံ့မွှေးသောအရာတခုခုကို ကိုင်ပြီး အနံ့က ဘာနံ့နဲ့တူသလဲမေးပါ။ ၎င်းနောက် သူတို့လက်ဆေးဖို့ရေချိုးခန်းထဲခေါ်သွားပါ။ နောက်ဆုံးမီးဖိုဆောင်ကိုခေါ်သွားပါ၊ သူတို့ကိုပါးစပ်ဟခိုင်းပြီး သူတို့ အကြိုက်ဆုံးအချိုပွဲတကိုက်စာကိုပါးစပ်ထဲထိုးတည့်ပါ။ မျက်လုံးစည်းထားတဲ့အဝတ်ကိုဖယ်လိုက်ပါ။ မျက်လုံး စည်းပြီးသွားလာနေတာဘယ်လိုခံစားရလဲ ကလေးများကိုမေးပါ။ သူတို့ကြောက်နေခဲ့သလား။ သင့်ကိုယုံကြည်ခဲ့ သလား။ ဘုရားသခင်က သင့်ကိုမည်သည့်အရပ်သို့ဦးဆောင်သွားနေကြောင်းကို သင်မသိတာတောင်မှ ဘုရားသခင်အားယုံကြည်ကြောင်း (သင့်ရဲ့ယုံကြည်ခြင်းကိုဘုရားသခင်ထံအပ်နှံထားကြောင်း)ကို ဤသင်ခန်းစာ ကိုအသုံးပြုပြီးဆွေးနွေးပါ။
မိသားစုဆွေးနွေးတိုင်ပင်ရန်မေးခွန်းများ
-သင်၏ယုံကြည်ခြင်းကိုအခြားသူ၏လက်ထဲထည့်ခြင်းသည်ဘာကိုဆိုလိုသနည်း။
-ယေရှု၏လက်ထဲသို့ယုံကြည်းခြင်းထည့်ပြီးထိရောက်မှုရှိခြင်းကိုပြသော ဥပမာတခုကိုပေးပါ။
ဤအစီအစဉ်အကြောင်း

ကျွန်ုပ်တို့အားလုံးနွေးထွေးသောအပွေ့၊စစ်မှန်သောအချိတ်အဆက်၊လေးနက်သောပျော်ရွှင်မှုဖြင့်အရာတခုကျင်းပရန်လိုအပ်၏။ဤပေါ်ထွန်းချိန်ဆုတောင်းမေတ်တာသည်သင်နှင့်မိသားစုကိုပို၍ချိတ်ဆက်စေပြီး၊စစ်မှန်သောခရစ်စမတ်၏အနှစ်သာရဖြင့်ယေရှု၏ဖွားမြင်ခြင်းကိုအသစ်သောဓလေ့များ၊ညစာစကား၀ိုင်းပြောစရာများ၊အိပ်ရာ၀င်ပုံပြင်များနှင့်အခြားသောမိသားစုလှုပ်ရှားမှု များစွာပါ၀င်သည်။ ဤခရစ်စမတ် အပွေ့ သည် ဒီပေါ်ထွန်းချိန်တွင် သင်၏အိမ်သို့ လှပသောအမှတ်ရစရာများသယ်ဆောင်လာပါစေ။
More