YouVersion လိုဂို
ရှာရန် အိုင်ကွန်

(၇) ရက်တာ ခရစ်စမတ်ပုံပြင် - ပေါ်ထွန်းချိန်မိသားစု ဆုတောင်းမေတ်တာနမူနာ

7 Days of the Christmas Story: An Advent Family Devotional

7 ၏ နေ့ 4

၄ရက္မြောက္ - ယေရှု

ခရစ္စမတ်၏ဖြစ်စဉ်အဖြစ်အပျက်တွေဟာ ယေရှုခရစ်ဘဲဖြစ်တယ်၊ ယေရှုခရစ်မပါဘူးဆိုရင်ကျွန်ုပ်တို့ အားလုံးကြီးမားတဲ့ဒုက္ခပြဿနာထဲကျရောက်ကြမှာပါ၊ ကျွန်ုပ်တို့အားလုံးကိုအပြစ်နွံထဲမှကယ်နုတ်ဖို့ ကယ်တင် ရှင် တစ်ပါးလိုအပ်ပါတယ်။ ရှင်လုကာ (၂း၁၀) မှာ ကောင်းကင်တမန်တော်မိန့်ဆိုထားသည့်အတိုင်း ယေရှုခရစ် ကြွရောက်လာခြင်းသည် လူအပေါင်းတို့အတွက် အလွန်ဝမ်းမြောက်စရာြဖစ်စေမည့် သတင်းကောင်းဘဲဖြစ် တယ်။ ခမည်းတော်ဘုရားက သူ၏တစ်ပါးတည်းသောသားတော်ကို ကောင်းကင်ဘုံမှ ကမ္ဘာလောကထဲသို့ ရွေးချယ်စေလွှတ်ပြီး လူ့ဇာတိခံယူမွေးဖွားစေခြင်းသည် ကျွန်ုပ်တို့လူသားများအား ကြီးမားသောမေတ္တာဖြင့် ချစ်ကြောင်းဖေါ်ပြနေခြင်းဖြစ်ပါတယ်။

ဝမ်းမြောက်စရာသတင်းကောင်းဟာ ဤနေရာမှာဘဲပြီးဆုံးသွားခြင်း မဟုတ်ပါ။ ယေရှုခရစ်သည်ဉာဏ်ပညာနှင့်ပြည့်စုံလျက်ကြီးပြင်းလာပြီး ကျွန်ုပ်တို့အပြစ်အတွက် ကျွန်ုပ်တို့ကိုယ် စားခံထမ်းကာ အသေခံခဲ့ခြင်းသည် ကျွန်ုပ်တို့အားလုံးကိုအဘယ်မျှလောက်ချစ်ခြင်းမေတ္တာကြီးမားကြောင်း ဖေါ်ညွှန်းနေပါတယ်။ အသေခံပြီးသုံးရက်မြောက်သောနေ့တွင်ရှင်ပြန်ထမြောက်လာပြီး ကောင်းကင်ဘုံသို့ တက် ကာ ယနေ့ထိတိုင်စိုးစံလျက်ရှိပါတယ်။ ယေရှုခရစ်တော်တည်ရှိနေခြင်းသည် ကျွန်ုပ်တို့အားလုံး ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ခွင့်၊ ပေါင်းသင်း ဆက်ဆံနိုင်သည့် အခွင့်ထူးကိုအမြဲရရှိစေနိုင်ပါတယ်။ ဒီအခွင့်အရေးဟာ အကောင်းဆုံးသောသတင်းကောင်း ဖြစ်ပါတယ်။ ကျွန်ုပ်တို့ ယေရှုခရစ်ကိုယုံကြည်လက်ခံလိုက်သည့်အခါ ဘုရားသခင်၏သားသမီးဖြစ်ခွင့်ကိုရရှိ သွားပါတယ်။ ယေရှုခရစ်တော်က ကျွန်ုပ်တို့ကိုလမ်းပြပေးပြီး ကျွန်ုပ်တို့နှင့်အတူရှိကာ ကျွန်ုပ်တို့၏မိတ်ဆွေဖြစ် လာပါတယ်။ သူ၏လမ်းစဉ်ကိုကျွန်ုပ်တို့ကိုသင်ပြပေးပါတယ်၊ ကျွန်ုပ်တို့၏ဆုတောင်းသံကိုနားညောင်းပါတယ်၊ ဘုရားသခင်ကျွန်ုပ်တို့ကိုချစ်သည့်နည်းတူ ကျွန်ုပ်တို့သည်လည်းအခြားသူများကိုချစ်တတ်လာပါတယ်။ ရှင်ယောဟန် (၁၅း၉) တွင် သခင်ယေရှုက “ ခမည်းတော်သည်ငါ့ကိုချစ်တော်မူသကဲ့သို့ ငါသည် သင်တို့ကိုချစ်၏။ ငါ၏ချစ်ခြင်းမေတ္တာ၌တည်နေကြလော့။” ဟုမိန့်ဆိုထားပါတယ်။ ဤဆန်းကြယ်ကြီးမားတဲ့ချစ်ခြင်းမေတ္တာသည် ခရစ္စမတ်ဖြစ်စဉ်တစ်ခုလုံး၏အချက်အချာဖြစ်ပါသည်။ ကျွန်ုပ်တို့ကြားနေရမည့် အကောင်းဆုံးသတင်းကောင်းဘဲဖြစ်ပါသည်။

မိသားစုလှုပ်ရှားမှုသခင်ယေဇူး၏မွေးနေ့ပါတီပွဲကိုကျင်းပရန်စီစဉ်ပါ။ မွေးနေ့ပါတီပွဲကို ခရစ္စမတ်နေ့ (သို့မဟုတ်) မိသားစု အစီအစဉ်နှင့်သင့်တော်မည့်နေ့ရက်တွင်ရွေးချယ်နိုင်ပါသည်။ မွေးနေ့ပါတီပွဲကို စီစဉ်ရန် မိမိတို့ကလေများနင့် အတူ လုပ်ဆောင်ပါ။ ကိတ်မုန့်များဖုတ်ရန် လိုအပ်သောပစ္စည်းများကိုဝယ်ယူပါ။ အလှဆင်ပစ္စည်းများနှင့်ပူဖေါင်း များကိုဝယ်ပါ။ မွေးနေ့ပါတီပွဲကျင့်းပသည့်နေ့တွင် ခရစ္စမတ်သီချင်းများကိုလှည့်လည်သီဆိုပါ။ မိမိဘဝအသက် တာကို သခင်ယေဇူးကဘယ်လိုပြောင်းလဲပေးသလဲဆိုတဲ့အကြောင်းအရာများကိုပြောပြပါ။ မိသားစုအတွက် တမူထူးခြားသည့်ပွဲအဖြစ်ကျင်းပပါ။ နှစ်စဉ်နှစ်တိုင်း ဓလေ့အစဉ်အလာဖြစ်ဖန်တီးလုပ်ဆောင်ပါ။

ဆွေးနွေးတိုင်ပင်ရန်မေးခွန်းများ

- သင့်ကို သခင်ယေဇူးအဘယ်မျှလောက်ချစ်ကြောင်းသတင်းကောင်းကို ထုတ်ဖေါ်ပြောဆိုပါ။

- သင့်ကိုချစ်သည့်ယေရှုခရစ်၏ချစ်ခြင်းမေတ္တာသည် သင်ထင်မြင်ထားသည့် ခရစ္မမတ်အကြောင်းကို မည်ကဲ့သို့ပြောင်းလဲစေနိုင်သနည်း။

- သူတစ်ပါးကိုသင်ပြောဆိုဆက်ဆံသည့်အခါဘယ်လိုပြောင်းလဲလာသလဲ၊ ဥပမာ ပေးပါ။

နေ့ 3နေ့ 5

ဤအစီအစဉ်အကြောင်း

7 Days of the Christmas Story: An Advent Family Devotional

ကျွန်ုပ်တို့အားလုံးနွေးထွေးသောအပွေ့၊စစ်မှန်သောအချိတ်အဆက်၊လေးနက်သောပျော်ရွှင်မှုဖြင့်အရာတခုကျင်းပရန်လိုအပ်၏။ဤပေါ်ထွန်းချိန်ဆုတောင်းမေတ်တာသည်သင်နှင့်မိသားစုကိုပို၍ချိတ်ဆက်စေပြီး၊စစ်မှန်သောခရစ်စမတ်၏အနှစ်သာရဖြင့်ယေရှု၏ဖွားမြင်ခြင်းကိုအသစ်သောဓလေ့များ၊ညစာစကား၀ိုင်းပြောစရာများ၊အိပ်ရာ၀င်ပုံပြင်များနှင့်အခြားသောမိသားစုလှုပ်ရှားမှု များစွာပါ၀င်သည်။ ဤခရစ်စမတ် အပွေ့ သည် ဒီပေါ်ထွန်းချိန်တွင် သင်၏အိမ်သို့ လှပသောအမှတ်ရစရာများသယ်ဆောင်လာပါစေ။

More

ဤအစီအစဉ်ကိုပို့ဆောင်ပေးသော B&H ထုတ်ဝေသူများအား ကျေးဇူးတင်ရှိပါသည်။ အကြောင်းအစုံအလင်အတွက် အောက်ပါ လင့်ခ် တွင်လေ့လာပါ။ https://www.bhpublishinggroup.com/25-days-of-the-christmas-story