YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကြောက်ရွံ့ခြင်းကိုလွှမ်းခြုံထားသော ယုံကြည်မှုနမူနာ

Faith Over Fear

5 ၏ နေ့ 5

ပဉ္စမနေ့

ကျွန်ုပ်တို့၏ ယုံကြည်ကိုးစားခြင်းသည် ကျွန်ုပ်တို့တွင် အကြီးမားဆုံးလက်နက် ဖြစ်သည်။ ကျွန်ုပ်တို့သည် အမြဲတမ်း အစွမ်းထက်သည်ဟု မခံစားရသော်လည်း ကျွန်ုပ်တို့သည် ယုံကြည်ကိုးစားခြင်း၌ လုပ်ဆောင်သောအခါ ကျွန်ုပ်တို့ မအောင်မြင်နိုင်သောအရာ မရှိပါ။ ကျွန်ုပ်တို့၏ ယုံကြည်ကိုးစားခြင်းတန်ခိုးသည် လောကီကမ္ဘာကြီးကို ဒူးထောက်ရန် စွမ်းဆောင်နိုင်စွမ်းရှိသည်။ (၁ယော၊ ၅း၄)

ရှင်မဿဲခရစ်ဝင်ကျမ်း အခန်းကြီး ၈ တွင် ယုံကြည်ကိုးစားခြင်းကြီးစွာရှိသူတစ်ဦး၏ ပုံသက်သေကို ပြထားသည်။ ရောမတပ်မှုးတစ်ဦးသည် ယေရှုထံသို့ လာ၍ သူ၏ကျွန်ကို ကုသရန် တောင်းလျှောက်၏။ ယေရှု​က သူ့​အိမ်​ကို​သွား​ဖို့ သဘောတူ​တဲ့​အခါ တပ်​မှူး​က “မလိုက်လာရန်” ပြော​သည်။ ယေရှု၏ နှုတ်ထွက်စကားဖြင့် သူ၏ကျွန် ပြန်၍ကျန်းမာလာနိုင်ကြောင်း ပြောသည်။

ယေရှုသည် ဤမျှလောက်ကြီးမားသော ယုံကြည််ကိုးစားခြင်းကို တစ်ခါမျှ မမြင်ဖူးကြောင်း အံ့ဩပြီး လူတိုင်းကို ပြောပြခဲ့သည်။ သခင်ယေရှုတွင် သူ့နောက်တော်သို့လိုက်သော ဝန်းကျင်တွင် လူများစွာ၊ အံ့ဖွယ်အမှုများများစွာပြုလုပ်သည်ကို မြင်သောသူများစွာ၊ စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်သောသူများစွာ ရှိသော်လည်း သူနှင့် တစ်ကြိမ်သာတွေ့ဖူးသော သူသည် အကြီးမားဆုံးသော ယုံကြည်ခြင်းရှိသည်ဟု ပြောခဲ့သည်။

ကြီးမြတ်သောယုံကြည်ခြင်းကို မည်သို့ရရှိသနည်း။ သမ္မာကျမ်းစာ၏ အခန်းကြီး တစ်ရာလောက် ဖတ်ခြင်းဖြင့်ရရှိနိုင်ပါသလား။ နေ့တိုင်း နာရီပေါင်းများစွာ ဆုတောင်းခြင်းဖြင့် ရရှိနိုင်ပါသလား။ တစ်ပတ်ကို အကြိမ်ပေါင်းများစွာ ဘုရားရှိခိုးကျောင်းသွားခြင်းဖြင့် ရရှိနိုင်ပါသလား။ မဟုတ်ပေ။ ဘုရားကျောင်းသွားခြင်း၊ သမ္မာကျမ်းစာဖတ်ခြင်းနှင့် ဆုတောင်းခြင်းတို့သည် ကျွန်ုပ်တို့ ပုံမှန်ပြုလုပ်သင့်သည့် အံ့သြဖွယ်ကောင်းသောအရာများ ဖြစ်သော်လည်း ၎င်းတို့သည် ကျွန်ုပ်တို့၏ ယုံကြည်ကိုးစားခြင်းမည်မျှရှိသည်ကို ညွှန်ပြခြင်းမဟုတ်ပေ။

ကြီးမြတ်သောယုံကြည်ကိုးစားခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကြားနာခြင်း၊ သမ္မာတရားကို ယုံကြည်ခြင်းနှင့် ကျွန်ုပ်တို့ကြားသည့်အရာကို လုပ်ဆောင်ခြင်းဖြင့် ရရှိလာပါသည်။ ခက်ခဲတဲ့အချိန်များတွင် ကျွန်ုပ်တို့၏ တုံ့ပြန်မှုများက ကျွန်ုပ်တို့၏ စစ်မှန်တဲ့ ယုံကြည်မှုကို စမ်းသပ်ခြင်းပဲ ဖြစ်သည် ။ ယာကုပ် ၂ က – “ချစ်လှစွာသော ညီအစ်ကို မောင်နှမတို့၊ သင်သည် ယုံကြည်ကိုးစားခြင်းရှိသော်လည်း သင်၏အကျင့်အားဖြင့် မပြဘဲနေလျှင် အဘယ်အကျိုးရှိသနည်း။ ထိုယုံကြည်ကိုးစားခြင်းက ကျွန်ုပ်တို့ကိုကယ်တင်နိုင်သလား။” ဟု ဆိုသည်။

ဘုရားသခင်သည် ကျွန်ုပ်တို့၏လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးမည်ဟု ယုံကြည်ပါက၊ သူမည်သို့လုပ်ဆောင်မည်ကို ကျွန်ုပ်တို့မသိသော်လည်း၊ ထိုအပေါ် ဖိစီးမည့်အစား သူ၏ကတိတော်၌ အနားယူရန် ရွေးချယ်မည် ဖြစ်သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ဘယ်သောအခါမှ စွန့်ပစ်မည်မဟုတ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါက၊ ကျွန်ုပ်တို့သည် ဒုက္ခကြုံရချိန်၌ ကိုယ်တော်၏မျက်မှောက်တွင် နှစ်သိမ့်မှုရှာရန် ရွေးချယ်မည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယုံကြည်ပါက၊ ကျွန်ုပ်တို့သည် ကြောက်ရွံ့ခြင်းထက် ယုံကြည်ကိုးစားခြင်းရှိရန် ရွေးချယ်မည် ဖြစ်သည်။

ကျွန်ုပ်တို့ယုံကြည်သောအရာသည် ကျွန်ုပ်တို့၏အပြောအဆိုနှင့် လုပ်ဆောင်ချက်များနှင့် ကိုက်ညီသောအခါတွင် ကျွန်ုပ်တို့သည် ကြောက်ရွံ့မှု၊ ပူပန်မှုနှင့် စိုးရိမ်မှုများကို ကျော်လွှားရန် လိုအပ်သည့် စွမ်းအားရှိသည်။ ဘဝတွင် မည်သို့ပင်ဖြစ်ပါစေ၊ ကျွန်ုပ်တို့၏ယုံကြည်ကိုးစားခြင်းကို ခိုင်ခံ့စေပြီး ကျွန်ုပ်တို့၌ရှိသော ယေရှုသည် ဤလောကကို အောင်နိုင်နေပြီဟူသောအချက်ကို ယုံကြည်စိတ်ချနိုင်သည် ။

နေ့ 4

ဤအစီအစဉ်အကြောင်း

Faith Over Fear

ကိစ္စရပ်များကျွန်ုပ်တို့အပေါ် သက်ရောက်မှုရှိသည့်အခါ သတင်းများ၊ ဆိုရှယ်မီဒီယာများနှင့် ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိလူများက ကျွန်ုပ်တို့ကို စိုးရိမ်ပူပန်မှုများဖြစ်စေသည်။ ကျွန်ုပ်တို့သည် ကိစ္စရပ်များကို ထိန်းချုပ်နိုင်စွမ်းမရှိသည့်အချိန်များတွင်၊ ဘုရားသခင်၏နှုတ်ကပတ်တော်တွင် နှစ်သိမ့်မှုနှင့် ငြိမ်သက်ခြင်းနေရာကို ကျွန်ုပ်တို့ ရှာတွေ့နိုင်ပါသည်။

More

ဤအစီအစဥ်ကို ထောက်ပံ့ပေးသော Leading And Loving It ကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ သတင်းအချက်အလက်များ ပိုမိုသိလိုလျှင်၊ http://www.leadingandlovingit.com သို့ သွားရောက်နိုင်ပါတယ်။