အစီအစဉ်၏အချက်အလက်
ကြောက်ရွံ့ခြင်းကိုလွှမ်းခြုံထားသော ယုံကြည်မှုနမူနာ
![Faith Over Fear](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F19397%2F1280x720.jpg&w=3840&q=75)
ပထမနေ့
မသေချာမရေရာသောအချိန်များတွင် စိတ်ထိခိုက်နစ်မွန်းလွယ်နိုင်ပါသည်။ ကိစ္စရပ်များကျွန်ုပ်တို့အပေါ် သက်ရောက်မှုရှိသည့်အခါ သတင်းများ၊ ဆိုရှယ်မီဒီယာများနှင့် ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိလူများက ကျွန်ုပ်တို့ကို စိုးရိမ်ပူပန်မှုများဖြစ်စေသည်။ ကျွန်ုပ်တို့သည် ကိစ္စရပ်များကို ထိန်းချုပ်နိုင်စွမ်းမရှိသည့်အချိန်များတွင်၊ ဘုရားသခင်၏နှုတ်ကပတ်တော်တွင် နှစ်သိမ့်မှုနှင့် ငြိမ်သက်ခြင်းနေရာကို ကျွန်ုပ်တို့ ရှာတွေ့နိုင်ပါသည်။
ရှင်ယောဟန်ခရစ်ဝင်ကျမ်း အခန်းကြီး ၁၆ တွင်၊ ယေရှုက လောကီမြေကြီးမှ မထွက်ခွာမီ တပည့်တော်များနှင့် စကားပြောခဲ့ပါသည်။ တပည့်တော်များလည်း သူတို့၏ခေါင်းဆောင်က ထွက်သွားတော့မည်ဖြစ်၍ မသေချာမရေရာသည့် အချိန်ကို ရင်ဆိုင်နေရပါသည်။ လုပ်စရာရှိသည်များကို သူတို့ကိုယ်တိုင် လုပ်ရတော့မည်ဖြစ်သည်။ သခင်ယေရှုအား နှိပ်စက်ညှဉ်းပန်းခြင်း၊ ရိုက်နှက်ခြင်း၊ လက်ဝါးကပ်တိုင်မှာ ရိုက်သတ်ခြင်းကို ခံခဲ့ရသည်ကို သူတို့ ကြည့်ရှုခဲ့ကြပြီး ယခုတွင် သူ၏တာဝန်ကို တပည့်တော်များ ဆက်လက်ထမ်းဆောင်ကြရတော့မည်ဖြစ်သည်။ သူတို့ဘာတွေ ခံစားနေရမယ်ဆိုတာ သင်တွေးကြည့်နိုင်မလား။ အနည်းငယ် ကြောက်ရွံ့ခြင်းနှင့် စိုးရိမ်ခြင်းထက် ပိုနိုင်သည်။ သခင်ယေရှုလုပ်ဆောင်ခဲ့သည်များကို တသွေမသိမ်းလိုက်လုပ်ရရုံမက လုပ်ဆောင်စဉ်မှာ အသတ်ခံရနိုင်ချေလည်း ရှိနေပေသည်။
သခင်ယေရှုက သူတို့ကို အားပေးလျက် ခွန်အားပေးပြီးနောက် အခန်းငယ် ၃၃ တွင် “သင်တို့သည် ငါ့ကို အမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှာ ဤစကားကို ငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံကြရလိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည် လောကကို အောင်ပြီဟု မိန့်တော်မူ၏။"
ဤစကားလုံးများသည် ယနေ့ ထိ ကျွန်ုပ်တို့နှင့် သက်ဆိုင်ပါသည်။ သခင်ယေရှုက ကျွန်ုပ်တို့ ဒုက္ခမကြုံရဟု ကတိမပေးခဲ့ပါ။ သို့သော်၊ ထိုဒုက္ခများအလယ်မှာ ကျွန်ုပ်တို့ငြိမ်သက်မှုရစေမည်ဟု ကတိပေးခဲ့ပါသည်။ ကျွန်ုပ်တို့ရင်ဆိုင်ရမည့်အခြေအနေများထက် ကြီးမြတ်တော်မူမည်ဟု ကျွန်ုပ်တို့အား ကတိပြုထားပြီး၊ ကျွန်ုပ်တို့သည် မည်သို့ပင်ဖြစ်စေကာမူ “သင်တို့ဘက်၌ ရှိသောသူသည် လောကဘက်၌ ရှိသောသူထက် သာ၍ကြီးတော်မူ၏။” ဟူသောအချက်ကို ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်ပါသည်။
သမ္မာကျမ်းစာတွင် “မကြောက်ကြနှင့်” ဟူသောစကားကို ၃၆၅ ကြိမ်ဖော်ပြထားသည်ဟု ခန့်မှန်းရသည်။ ဤသည်မှာ ကျွန်ုပ်တို့ ကြောက်ရွံ့ဖို့အခွင့်အရေးတွေ အများကြီးရှိသည့်နည်းတူ ထိုအကြောက်တရားများကို ကျော်လွှားဖို့ အခွင့်အရေးများစွာရှိသည်ကိုလည်း ညွှန်ပြထားသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား သူ၏နှုတ်ကပတ်တော်တွင် ညွှန်ကြားချက်တစ်ခု ပေးမည်ဆိုပါက၊ ၎င်းကို အကောင်အထည်ဖော်နိုင်သည့် စွမ်းရည်ကိုလည်း ကျွန်ုပ်တို့အား ပေးထားသည်။ “မကြောက်နှင့်”ဟု ပြောသောအခါ၊ ကျွန်ုပ်တို့၏အသက်တာမှ ကြောက်ရွံ့မှုကို ဖယ်ရှားနိုင်သည့် အစွမ်းသတ္တိကို ပေးထားပြီးဖြစ်သည်။
ကြောက်ရွံ့ခြင်းမှ ရုန်းထွက်ရန် အလွယ်ကူဆုံးနည်းလမ်းမှာ ယုံကြည်ခြင်းသို့ ခြေလှမ်းခြင်းပင်ဖြစ်သည်။ ရောမ ၁၀း၁၇ တွင် ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ်၏။ ကြားနာခြင်းသည်လည်း၊ ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်၏ဟု ဖော်ပြထားသည်။ ကျွန်ုပ်တို့သည် ကျမ်းစာစာမျက်နှာများမှတစ်ဆင့် အကြောက်တရားကို တိုက်ဖျက်နိုင်ပြီး ယုံကြည်ခြင်းကို ရှာဖွေနိုင်ပါသည်။ အကြောက်တရားကို ကိုင်တွယ်ဖြေရှင်းနိုင်သော ကျမ်းချက်များကို ရှာဖွေပြီး ယနေ့တွင် အသံထွက်ဖတ်ပါ။ အကြောက်တရားတွေ ပျောက်ကွယ်သွားသည်ကို တွေ့ရလိမ့်မည်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
![Faith Over Fear](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F19397%2F1280x720.jpg&w=3840&q=75)
ကိစ္စရပ်များကျွန်ုပ်တို့အပေါ် သက်ရောက်မှုရှိသည့်အခါ သတင်းများ၊ ဆိုရှယ်မီဒီယာများနှင့် ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိလူများက ကျွန်ုပ်တို့ကို စိုးရိမ်ပူပန်မှုများဖြစ်စေသည်။ ကျွန်ုပ်တို့သည် ကိစ္စရပ်များကို ထိန်းချုပ်နိုင်စွမ်းမ...
More
ဆက်စပ်နေသောအစီအစဉ်များ
![ယေရှု၏အနာရောဂါငြိမ်းစေတော်မူခြင်း](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F41993%2F320x180.jpg&w=640&q=75)
ယေရှု၏အနာရောဂါငြိမ်းစေတော်မူခြင်း
![ကလေးများအတွက် သမ္မာကျမ်း](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F36338%2F320x180.jpg&w=640&q=75)
ကလေးများအတွက် သမ္မာကျမ်း
![အလင်း မဆီးတားနိုင်သောအလင်းမှ ရှင်သန်ခြင်းသို့ဆွဲဆောင်ခံရခြင်း](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F31014%2F320x180.jpg&w=640&q=75)
အလင်း မဆီးတားနိုင်သောအလင်းမှ ရှင်သန်ခြင်းသို့ဆွဲဆောင်ခံရခြင်း
![သောကမီးမှ လွတ်မြောက်ချမ်းသာ](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F45189%2F320x180.jpg&w=640&q=75)
သောကမီးမှ လွတ်မြောက်ချမ်းသာ
![အသက်ရှင်တဲ့သမ္မာကျမ်းစာ](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F27965%2F320x180.jpg&w=640&q=75)
အသက်ရှင်တဲ့သမ္မာကျမ်းစာ
![ဆာလံကျမ်း၌ ကျက်စားခြင်း - ဆရာကြီးချားလ်စ်းစပါးဂျန်းမှ (၅) ရက်တာ ဖတ်ရှုဝတ်ပြုအစီစဉ်](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F32894%2F320x180.jpg&w=640&q=75)
ဆာလံကျမ်း၌ ကျက်စားခြင်း - ဆရာကြီးချားလ်စ်းစပါးဂျန်းမှ (၅) ရက်တာ ဖတ်ရှုဝတ်ပြုအစီစဉ်
![ယေရှု၏ပုံဥပမာများ](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F41994%2F320x180.jpg&w=640&q=75)
ယေရှု၏ပုံဥပမာများ
![လက်ဝါးကပ်တိုင်တော်၊ ကျွန်တော်တို့၏ ဘုန်းအသရေ](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F43734%2F320x180.jpg&w=640&q=75)
လက်ဝါးကပ်တိုင်တော်၊ ကျွန်တော်တို့၏ ဘုန်းအသရေ
![ကျေးဇူးတော်သီချင်း](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F45619%2F320x180.jpg&w=640&q=75)