YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကြောက်ရွံ့ခြင်းကိုလွှမ်းခြုံထားသော ယုံကြည်မှုနမူနာ

Faith Over Fear

5 ၏ နေ့ 3

တတိယနေ့

ကျွန်ုပ်တို့၏ ယုံကြည်ကိုးကွယ်ခြင်းအတွက် အကြီးမားဆုံးရန်သူမှာ အကြောက်တရား ဖြစ်သည်။ ကျွန်ုပ်တို့သည် ခက်ခဲသောအခြေအနေများနှင့် ရင်ဆိုင်ရသောအခါ၊ ကြောက်ရွံ့ခြင်းသည် ကျွန်ုပ်တို့၏ စိတ်နှလုံးထဲသို့ ဝင်ရောက်ရန် ကြိုးစားပြီး ယေရှုကို ကျွန်ုပ်တို့၏ ယုံကြည်ကိုးကွယ်ခြင်းကို လွှမ်းမိုးရန် ကြိုးစားသည်။ အလင်းသည် အမှောင်၏ ဆန့်ကျင်ဘက်ဖြစ်သကဲ့သို့ အကြောက်တရားသည် ယုံကြည်ခြင်း၏ ဆန့်ကျင်ဘက် ဖြစ်သည်။

ရှင်မာကုခရစ်ဝင်ကျမ်း အခန်းကြီး ၅ သည် ယာဣရုအမည်ရှိ အမျိုးသားတစ်ဦး၏ ဇာတ်လမ်းကို ပြောပြသည်။ သူသည် သူ့သမီးဖျားနေသောကြောင့် ယေရှုဆီလာခဲ့သည်။ သခင်ယေရှုသည် သူ့အိမ်သို့သွားရန် သဘောတူခဲ့သည်။ လမ်းလျှောက်လာစဉ် ယေရှု၏ဝတ်ရုံကို ထိဝံ့သောအမျိုးသမီးတစ်ဦးကြောင်း သူတို့၏ခရီးစဉ် ရပ်တန့်သွားခဲ့သည်။ ချက်ချင်းပင် သူမ ရောဂါပျောက်ကင်းသွားသည်။ ယာဣရုသည် ဤအံ့ဖွယ်အမှုကို ကြည့်ရင်း စိတ်လှုပ်ရှားနေခဲ့ရသည်။ ယေရှုသည် သူ့အိမ်သို့ သွားရာလမ်းတွင်ရှိနေသောကြောင့် သူ့သမီးလည်း သက်သာလာမည်မှာ သေချာသည်ဟု မျှော်လင့်နေလိမ့်မည်။ ထိုအချိန်တွင် ယာဣရုဆီ တစ်စုံတစ်ယောက်ရောက်လာပြီး သူ့သမီးဆုံးပြီဟူသော သတင်းကို ပြောကြားသည်။ ယေရှုက "မကြောက်ကြနှင့်။ ယုံကြည်ခြင်းစိတ်တစ်ခုသာ ရှိစေလော့ဟု” ပြောကြားသည်။ ယာဣရုသည် ယုံကြည်ခြင်းအဆင့်ကို ဆက်ထိန်းထားရန် လိုအပ်ကြောင်း ယေရှုသိခဲ့ပြီး သူ၏ကြောက်ရွံ့မှုကို ခွင့်မပြုခဲ့ပေ။

အကြောက်တရားသည် ဘုရားသခင်ပြောသည့်အရာ၏ဆန့်ကျင်ဖက်ကို ကျွန်ုပ်တို့အား ယုံကြည်စေသည်။ တစ်စုံတစ်ယောက်က အမှောင်ခန်းထဲမှာ ရပ်ပြီး မီးခြစ်ကို ထွန်းလိုက်လျှင် အလင်းက အမှောင်ကို ဖုံးလွှမ်းသွားလိမ့်မည်။ အသေးငယ်ဆုံးသောအလင်းမှုန်လေးက အမှောင်ထုကို ဖယ်ရှားပေးသည်နှင့်အမျှ အသေးငယ်ဆုံး ယုံကြည်ခြင်းအမျှင်လေးက အကြောက်တရားကို ဖယ်ရှားပေးသည်။ ဆာလံ ၅၆ တွင် ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယုံကြည်ရန် သို့မဟုတ် ယုံကြည်ခြင်းကို ကြောက်ရွံ့သောအခါတွင် ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည့်အရာများထက် ကိုယ်တော်သည် ကြီးမားသည်ဟု ပြောပြထားသည်။

ယနေ့ ကမ္ဘာတွင်ဖြစ်ပျက်နေသည့်အရာအားလုံးကို ကြည့်ရှုပါက၊ ကြောက်ရွံ့မှု၊ ကြောင့်ကြမှု သို့မဟုတ် စိုးရိမ်မှုများ ကျွန်ုပ်တို့၏ခံစားချက်ကို ထိန်းချုပ်ရန် လွယ်ကူသည်။ ထိုအစား ဘုရားသခင်အပေါ် ယုံကြည်ကိုးစားခြင်းကို ကျွန်ုပ်တို့၏ခံစားချက်များကို လမ်းပြခွင့်ပေးထားသင့်သည်။ အခက်အခဲများ ကျော်လွှားနိုင်စေရန် ကူညီပေးနိုင်သော သူ၏စွမ်းရည်ကို ယုံကြည်ကိုးစားခြင်းတိုးပွားစေရန်အတွက် ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ရှိ ကတိတော်များကို ကြည့်ရှုရမည်ဖြစ်သည်။

ဖိလိပ္ပိဩဝါဒစာ အခန်းကြီး ၄ တွင် ကျွန်ုပ်တို့အား အကြောက်တရားကို ကျော်လွှားရန် သော့တစ်ခုကို ပေးခဲ့သည်– “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပတ္ထနာပြုသောအားဖြင့်၊ သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။” ဤသည်မှာ အလွန်ရိုးရှင်းပြီး အမှန်အတိုင်းပင် ဖြစ်နိုင်ပါသည်။ ကျွန်ုပ်တို့သည် စိုးရိမ်ပူပန်ရန် အခွင့်အလမ်းနှင့် ကြုံတွေ့ရသောအခါ၊ ကျွန်ုပ်တို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့်အတွက် ကျေးဇူးတင်ကြောင်းနှင့် ကျွန်ုပ်တို့၏ ဝန်ထုပ်များကို သခင်ဘုရားထံ အပ်နှံနိုင်ပါသည်။ နှုတ်ကပတ်တော်အတိုင်း သစ္စာရှိခြင်းအတွက် ဘုရားသခင်ကို ကြိုတင်ကျေးဇူးတင်ခြင်းဖြင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ကျင့်သုံးရမည်။ ဤပုံမှန်အလေ့အထကို ပြုလုပ်ခြင်း၏ အကျိုးဆက်မှာ ကျွန်ုပ်တို့၏စိတ်ထဲတွင် ဘုရားသခင်၏ငြိမ်သက်ခြင်းနေရာယူပြီးနောက် ကျွန်ုပ်တို့၏ကြောက်ရွံ့မှုများကို ငြိမ်သက်စေကာ ကျွန်ုပ်တို့၏နှလုံးကို ငြိမ်သက်စေကာ ကျွန်ုပ်တို့၏ယုံကြည်ချက်များကို အားကောင်းစေသည့်အရာ ဖြစ်သည်။

နေ့ 2နေ့ 4

ဤအစီအစဉ်အကြောင်း

Faith Over Fear

ကိစ္စရပ်များကျွန်ုပ်တို့အပေါ် သက်ရောက်မှုရှိသည့်အခါ သတင်းများ၊ ဆိုရှယ်မီဒီယာများနှင့် ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိလူများက ကျွန်ုပ်တို့ကို စိုးရိမ်ပူပန်မှုများဖြစ်စေသည်။ ကျွန်ုပ်တို့သည် ကိစ္စရပ်များကို ထိန်းချုပ်နိုင်စွမ်းမရှိသည့်အချိန်များတွင်၊ ဘုရားသခင်၏နှုတ်ကပတ်တော်တွင် နှစ်သိမ့်မှုနှင့် ငြိမ်သက်ခြင်းနေရာကို ကျွန်ုပ်တို့ ရှာတွေ့နိုင်ပါသည်။

More

ဤအစီအစဥ်ကို ထောက်ပံ့ပေးသော Leading And Loving It ကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ သတင်းအချက်အလက်များ ပိုမိုသိလိုလျှင်၊ http://www.leadingandlovingit.com သို့ သွားရောက်နိုင်ပါတယ်။