YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

ကြောက်ရွံ့ခြင်းကိုလွှမ်းခြုံထားသော ယုံကြည်မှုနမူနာ

Faith Over Fear

5 ၏ နေ့ 4

စတုတ္ထနေ့

ယုံကြည်ခြင်းသို့ ခိုင်ခိုင်မာမာ လျှောက်လှမ်းမည်ဆိုပါက သံသယကို တိုက်ဖျက်ဖို့ သင်ယူရန် လိုအပ်ပါသည်။ ကျွန်ုပ်တို့သည် မည်သည့်အရာကိုမဆို ဘုရားသခင်ထံ တောင်းခံနိုင်သော်လည်း ကိုယ်တော်ထံမှ ရရှိရန်အတွက် ကျွန်ုပ်တို့၏ စိတ်နှလုံးထဲမှ သံသယများကို ဖယ်ရှားရမည်ဖြစ်သည်။ ယာကုပ် ၁:၆ မှာ၊ “ယုံမှားသံသယမရှိစေဘဲ ယုံကြည်ခြင်းနှင့် တောင်းပါစေ"ဟုဆိုထားသည်။ သံသယ ရိုးရိုးရှင်းရှင်း အဓိပ္ပာယ်မှာ ကွဲထွက်ရန် ဖြစ်သည်။

သံသယများကို ကျော်လွှားနိုင်ရန်၊ ကျွန်ုပ်တို့၏ပတ်ဝန်းကျင်တွင် မြင်တွေ့နေရသည့်အရာများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ကျွန်ုပ်တို့ကို ကွဲပြားစေလိုသည့်တိုင် ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို သဘောတူရန် ရွေးချယ်ရမည်ဖြစ်သည်။

ပရမ်းပတာပတ်၀န်းကျင်တွင် ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို တွေ့မြင်ရသောအခါတွင် မာကု ၄:၃၉ တွင် ဖော်ပြထားသကဲ့သို့ “ငြိမ်သက်ခြင်း၊ ငြိမ်ဝပ်စွာနေလော့” ဟုပြောသည့်အတိုင်း ငြိမ်သက်ခြင်းကို မျှော်လင့်နိုင်ပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ကမ္ဘာတွင်ဖြစ်ပျက်နေသည့်အရာများအတွက် စိုးရိမ်ပူပန်မှုခံစားရသောအခါ၊ ကျွန်ုပ်တို့သည် ၁ပေ ၅:၇ နှင့် ယှဉ်ပြီး ကျွန်ုပ်တို့ကို သတိနှင့်ကြည့်ရှုတော်မူကြောင်း သိ၍ ကျွန်ုပ်တို့တို့၌ စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌ အပ်နှံနိုင်ပါသည်။ ကျွန်ုပ်တို့သည် ချို့တဲ့မှုကို ကြောက်ရွံ့သောအခါ၊ ကျွန်ုပ်တို့၏ လိုအပ်ရာအားလုံးကို ဘုရားသခင် မည်သို့ထောက်ပံ့ပေးမည်ဟုပြောသော ဖိလိပ္ပိ ၄း၁၉ ကို ကျွန်ုပ်တို့ သတိရမည်ဖြစ်သည်။

ရှင်မာကုခရစ်ဝင်ကျမ်း အခန်းကြီး ၉ တွင် သားကို ယေရှုဆီ ခေါ်ဆောင်လာသော စိတ်ပျက်အားငယ်နေသည့် လူတစ်ယောက်အကြောင်း ဝေမျှထားပါသည်။ ကလေးကို ကုသပေးရန်လိုအပ်နေသည်။ ဖခင်က “ကိုယ်တော်သည် တတ်နိုင် တော်မူလျှင် အကျွန်ုပ်တို့ကို သနား၍ ကယ်တော်မူပါဟု လျှောက်လေ၏။။ ယေရှုကလည်း၊ သင်သည် ယုံကြည်နိုင်သလော။ ယုံကြည်သောသူဖြစ်လျှင် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်သည်”ဟု မိန့်တော်မူ၏။ ထို့နောက်၊ ဖခင်က “ချက်ချင်း ဟစ်ကြော်၍ အကျွန်ုပ်ယုံကြည်ပါ၏ သခင်။ မယုံကြည်သည်ကို မစတော်မူပါဟု မျက်ရည်နှင့် လျှောက်ပြန်လေ၏။

ထင်ရှားသည်မှာ၊ ထိုသူသည် ယေရှုမည်သူဖြစ်သည်ကို သိသည်။ သခင်ယေရှုသည် သူတို့ကို ကူညီပေးနိုင်ကြောင်း သူသိသည်၊ မဟုတ်ပါက သူ့သားကို ယေရှုထံသို့ ခေါ်ဆောင်ခဲ့မည်မဟုတ်ပေ။ သို့သော်၊ ယခုအချိန်တွင်၊ သူ၏လိုအပ်ချက်ပမာဏသည် ယေရှုအပေါ် သူ၏ယုံကြည်ခြင်းကို ကျော်လွန်သွားခဲ့သည်။ သံသယများ ဝင်လာသည်ကို သူသိလိုက်သည်နှင့် အတတ်နိုင်ဆုံး လုပ်ခဲ့မှာ သူ၏မယုံကြည်ခြင်းအား ကူညီပေးရန် ယေရှုကို တောင်းဆိုခဲ့သည်။

ကျွန်ုပ်တို့လည်း ဤဖခင်နှင့် အတူတူပင် ဖြစ်သည်။ သခင်ယေရှုသည် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်သည်ဟု ကျွန်ုပ်တို့ယုံကြည်သော်လည်း အားနည်းနေသည့်အခိုက်အတန့်တွင်၊ ကျွန်ုပ်တို့ရင်ဆိုင်ရသည့်အရာ၏ ကြီးမားမှုသည် ကျွန်ုပ်တို့၏ အသက်တာတွင် ကိုယ်တော်၏စွမ်းရည်ကို သံသယဖြစ်စေသည်။ သတင်းကောင်းမှာ၊ ကျွန်ုပ်တို့လည်း ယေရှုကို “ကျွန်ုပ်တို့၏ မယုံကြည်မှုများကို ကူညီပါ” ဟု အော်ဟစ်နိုင်ပေသည်။ ကျွန်ုပ်တို့၏လိုအပ်ချိန်၌ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ကူညီလိမ့်မည်။

ဘုရားသခင်ကြွလာမည်ကို ယုံကြည်ရန် ကျွန်ုပ်တို့အတွက် ဘုရားသခင် မည်သို့ကြွလာမည်ကို နားလည်ရန် မလိုအပ်ပါ။ သံသယကို ဖယ်ရှားလိုက်သည်နှင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားနိုင်သည်။

နေ့ 3နေ့ 5

ဤအစီအစဉ်အကြောင်း

Faith Over Fear

ကိစ္စရပ်များကျွန်ုပ်တို့အပေါ် သက်ရောက်မှုရှိသည့်အခါ သတင်းများ၊ ဆိုရှယ်မီဒီယာများနှင့် ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိလူများက ကျွန်ုပ်တို့ကို စိုးရိမ်ပူပန်မှုများဖြစ်စေသည်။ ကျွန်ုပ်တို့သည် ကိစ္စရပ်များကို ထိန်းချုပ်နိုင်စွမ်းမ...

More

ဤအစီအစဥ်ကို ထောက်ပံ့ပေးသော Leading And Loving It ကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ သတင်းအချက်အလက်များ ပိုမိုသိလိုလျှင်၊ http://www.leadingandlovingit.com သို့ သွားရောက်နိုင်ပါတယ်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။